Home သတင်း မဲ‌ဆောက်မြို့ရှိ မီး‌ဘေးသင့် အလုပ်သမားများကို JACBA မှ ပစ္စည်းများလှူဒါန်း

မဲ‌ဆောက်မြို့ရှိ မီး‌ဘေးသင့် အလုပ်သမားများကို JACBA မှ ပစ္စည်းများလှူဒါန်း

1480
ဇန်နဝါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ ကန့်ပိဘန်းရပ်ကွက်ရှိ SPT သိုး‌မွေးစက်ရုံအ‌ရှေ့ ပြင်ပတန်းလျား မီး‌လောင်၍ ဒုက္ခ ‌ရောက်‌နေသည့် မီး‌ဘေးသင့် အလုပ်သမား ၅၀ဝ ခန့်ကို မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ- JACBA အဖွဲ့မှ ပစ္စည်းများ ယ‌နေ့ သွား‌ရောက်လှူဒါန်းခဲ့သည်။

ယခင်လ ဒီဇင်ဘာ ၂ဝရက်‌နေ့က ၎င်းတန်းလျားရှိ အလုပ်သမား၏ ‌နေအိမ်များကို မီး‌လောင်ပြီး‌နောက် အလုပ် သမားများသည် အ‌ရေး‌ပေါ်ကယ်ဆယ်မှုများ လိုအပ်လာသည့်အ‌ပေါ် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် အလုပ် သမားအ‌ရေးကို လိုက်လံကူညီ‌ပေး‌နေသည့် JACBA အဖွဲ့က မီးဖို‌ချောင်သုံးပစ္စည်းများအပါအဝင် ဆန်၊ ဆီ၊ မာမား ‌ခေါက်ဆွဲ‌ခြောက်၊ ခြုံ‌စောင်နှင့် အဝတ်အထည်များ သွား‌ရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

JACBA ၏ တာဝန်ခံဖြစ်သူ ဦးမိုးကြိုးက “ဒီအလုပ်သမား‌တွေကို ကျ‌နော်တို့ လာ‌ရောက်လှူဒါန်းတာ ဒီတချိန်နဲ့ ဆိုရင် ရှစ်ကြိမ်ရှိပါပြီ။ စက်ရုံအတွင်းမှာရှိတဲ့ ကယ်ဆယ်‌ရေးစခန်းမှာ ‌လေး‌ခေါက်၊ စက်ရုံရဲ့ ပြင်ပဘက်မှာ ‌လေး ‌ခေါက်‌ပေါ့။ အခု လှူတဲ့အကြိမ်ဟာ ပစ္စည်းများအပြင် ဘတ်‌ငွေတန်ဖိုး ‌ခြောက်‌ထောင်‌ကျော်တယ်။ ရှစ်ကြိမ်စလုံး ‌ပေါင်းလိုက်ရင် လှူတဲ့ ‌ငွေပမာဏဟာ နှစ်‌သောင်းနှစ်‌ထောင်ရှိပါပြီ။ ‌နောက် အခုလှူတာ ကျ‌နော်တို့အဖွဲ့က မဲ‌ဆောက်မှာရှိတဲ့ စက်ရုံအလုပ်ရုံ ၈ခုနဲ့ ပြည်ပအလုပ်သမား‌တွေဆီက‌နေ အလှူခံပြီး ရတဲ့အရာကို တဆင့်ခံ ပြန်လှူ‌ပေးတာပါ”ဟု ‌ပြောသည်။

ဆက်လက်၍ မီး‌လောင်၍ ဒုက္ခ‌ရောက်‌နေသည့် အလုပ်သမား ၅၀ဝ ခန့်အနက် SPT သိုး‌မွေးစက်ရုံအတွင်း၌ အလုပ်လုပ်‌နေသည့် အလုပ်သမား ၂၀ဝ ခန့်နှင့် ခြံ‌တောင်ယာ၊ စိုက်ပျိုး‌ရေး၊ ‌ဈေး‌ရောင်း ‌ဈေးဝယ်၊ ပန်းရံ၊ ‌ဆောက်လုပ်‌ရေး စသည့် လုပ်ငန်းများလုပ်ကိုင်‌နေသည့် အလုပ်သမား ၃၀ဝ ခန့်တို့ဖြစ်‌ကြောင်း ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် SPT သိုး‌မွေးစက်ရုံအ‌ရှေ့ ပြင်ပတန်းလျား မီး‌လောင်ခဲ့ရာတွင် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ အတွက် ဖွင့်လှစ်ထားပြီး ‌ကျောင်းသူ‌ကျောင်း သား ၉ဝ ‌ကျော်တက်‌ရောက်သည့် စာသင်‌ကျောင်းတစ်‌ကျောင်းနှင့် ထိုင်းရပ်ကွက်လူကြီးအိမ် တစ်အိမ်လည်း မီး‌လောင်သွားသည်ဟု သိရသည်။

၎င်းသိုး‌မွေးစက်ရုံအ‌ရှေ့ ပြင်ပတန်းလျားတွင် ‌နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူ မုန်ပီး(Mung Pi)က “ဒီတန်း လျား မီး‌လောင်‌တော့ ကျ‌နော်တို့အတွက် ‌တော်‌တော် ဒုက္ခ‌ရောက်တယ်။ အိမ်ထဲမှာ ရှိသမျှ ပစ္စည်းအားလုံးအပြင် တချို့ဆိုရင် သူတို့ရဲ့က‌လေး ‌မွေးစာရင်း‌တွေ၊ ‌နောက် တချို့ဆိုရင် သူတို့ ပတ်စ်ပို့‌တွေ မီးထဲပါသွားတာရှိတယ်။ အဲဒီဟာ‌တွေ အသစ်ထပ်လုပ်ဖို့ အခက်အခဲရှိတယ်”ဟု ‌ပြောဆိုသည်။

လက်ရှိ မီး‌ဘေးသင့် အလုပ်သမားများသည် အလုပ်သမားများအတွက် ကူညီ‌ပေး‌နေသည့် အဖွဲ့များကိုသာ မှီခိုအားထားလိုစိတ် မရှိ‌အောင် စိတ်ဓါတ်မြှင့်တင်‌ပေးသည့် အ‌နေဖြင့် ပညာ‌ပေးမှု ပြုလုပ်‌ပေးခြင်းများ ရှိသည်ဟု လည်း JACBA က ဆိုသည်။

မဲ‌ဆောက်မြို့၊ ကန့်ပိဘန်းရပ်ကွက်အတွင်းရှိ SPT သိုး‌မွေးစက်ရုံအ‌ရှေ့ ပြင်ပတန်းလျား မီး‌လောင်မှုတွင် လျှပ်စစ်မီးကြိုး ‌ရှော့လိုက်ခဲ့ရာမှ မီး‌လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။