Home သတင်း ဒီ‌ကေဘီ‌အေတပ်သားတစ်ဦး ‌မြေမြုပ် မိုင်း နင်းမိ

ဒီ‌ကေဘီ‌အေတပ်သားတစ်ဦး ‌မြေမြုပ် မိုင်း နင်းမိ

1484
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ကနဲ‌ကျေးရွာအနီးတွင် ယ‌နေ့မနက် ၁ဝနာရီ‌ကျော်၌ ဒီမိုက‌ရေစီကရင်အကျိုးပြု တပ်မ‌တော်-ဒီ‌ကေဘီ‌အေမှ အသက် ၂၇နှစ်အရွယ် တပ်သား‌စောဖါးဒို့ခို့သည် ‌မြေမြုပ်မိုင်းထိ၍ ညာဘက်‌ခြေ‌ထောက် ဖြတ်သွားခဲ့သည်။

ယင်းမိုင်းထိသည့် တပ်သားသည် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၃)မှ ဖြစ်ပြီး ယ‌နေ့မနက်တွင် မဲ့ကနဲ‌ကျေးရွာအနီး၌ ‌လျှောက်သွားရင်း ‌မြေမြုပ်မိုင်း နင်းမိသွားခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ တပ်ရင်း(၉၀၉)၏ ဗိုလ်ကြီး‌စော‌ခေါင်းဖြူနှင့် ‌တွေ့ဆုံခဲ့သူ ‌ဒေသခံတစ်ဦးက “ဘယ်သူ့မိုင်း နဲ့ ထိတာလဲ‌တော့ မသိဘူး။ အခု ထိုင်းနိုင်ငံဘက်ခြမ်း မဲ‌ဆောက်‌ဆေးရုံကြီးကို ပို့ထားတယ်လို့ ဗိုလ်ကြီး‌ခေါင်းဖြူက ‌ပြောတယ်” ဟု ‌ကေအိုင်စီသို့ ပြန်လည် ‌ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “‌တော်‌သေးတာ‌ပေါ့ဗျာ။ အဲဒီ‌နေရာ ရွာသူရွာသား‌တွေ အိမ်မိုးဖက်အတွက် အင်ဖက်‌တွေ ခဏခဏ သွား ‌ကောက်တာ မထိတာ ကံ‌ကောင်းတယ်။ ဒီလိုဖြစ်တာ ရွာသား‌တွေအတွက် လုံခြုံ‌ရေးအတွက် စိုးရိမ်စရာပဲ”ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာမှ တပ်ခွဲ(၃)သည် အင်အား ၁ဝဦး‌ကျော်ရှိပြီး ပြီးခဲ့သည့် သုံးလခန့်ကတည်းက မဲ့ကနဲ‌ကျေး ရွာတဝိုက်တွင် အ‌ခြေချ ‌နေထိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၃)အ‌ခြေစိုက်သည့် မဲ့ကနဲ‌ကျေးရွာ အနီးတဝိုက်သည် ယခင်က နယ်ခြား‌စောင့်တပ်များ ‌နေထိုင်ခဲ့သည့်‌နေရာဖြစ်သလို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-‌ကေအဲန်အယ်လ် ‌အေလည်း လှုပ်ရှားလျှက်ရှိ‌ကြောင်း သိရသည်။