Home သတင်း အ‌မေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် KNU ‌တွေ့ဆုံ

အ‌မေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် KNU ‌တွေ့ဆုံ

2168
ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အ‌မေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် (Derek Mitchell) နှင့် ဇန်နဝါရီလ ၁၁ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂နာရီအချိန်ကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ဒဲရက်မစ်ချဲလ်အား ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်း၊ နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်နှင့် ပဒို ‌စောလှထွန်းတို့ ပါဝင်သည်။

‌တွေ့ဆုံခဲ့ရာတွင် ဒဲရက်မစ်ချဲက မြန်မာပြည်၏ နိုင်ငံ‌ရေး အ‌ခြေအ‌နေများ၊ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား လုပ်‌ဆောင်‌နေသည့် အပစ်ခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေများနှင့် တိုင်းရင်းသားလူမျိုး‌ပေါင်းစုံမှ အမြင်သ‌ဘောထားများကို ရရှိရန် ‌လေ့လာ‌ရေးအ‌နေဖြင့်သာ ‌တွေ့ဆုံခဲ့ကြသည်ဟု KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီ သို့ ‌ပြောသည်။

“သူနဲ့ ကျ‌နော်တို့ ‌တွေ့ဆုံတာက မြန်မာပြည်ကို လာ‌နေတယ်ဆို‌တော့ မြန်မာပြည်ရဲ့အ‌ခြေအ‌နေကို ‌လေ့လာတဲ့သ‌ဘောပါပဲ။ သူ က အထူး‌ပြောချင်တာက‌တော့ ‌နောက်ထပ်‌ရှေ့ဆက်ပြီး ငြိမ်းချမ်း‌ရေးကို လုပ်‌ဆောင်တဲ့‌နေရာမှာ အကုန်လုံး ပါဝင်‌စေချင်တဲ့ သ‌ဘောထားရှိတယ်။ ‌နောက်ပြီး‌တော့ တိုင်းရင်းသားအားလုံးရဲ့ အမြင်သ‌ဘောထား‌တွေ လိုက်စု‌ဆောင်းတဲ့သ‌ဘောပဲဖြစ်တယ်” ဟု ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

ဆက်လက်၍ KNU နှင့် မြန်မာအစိုးရတို့အကြား အပစ်ခတ်ရပ်စဲ‌ရေးယူပြီး‌နောက်ပိုင်း အ‌ခြေအ‌နေ မည်မျှတိုးတက်မှု‌ကြောင်း ပြန် လည်သုံးသပ်ခြင်း၊ ကချင်နယ်‌မြေအတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများအ‌ခြေအ‌နေ သုံးသပ်ခြင်းနှင့် လက်ရှိလုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ထိခိုက်နိုင်သည့် အ‌ခြေအ‌နေမျိုးများကို အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည်ဟု ပဒို‌စောကွယ်ထူးဝင်း က ထပ်မံ ‌ပြောဆိုသည်။

မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရာတွင် KNU အ‌နေဖြင့် မှုလချမှတ်ထားသည့်အတိုင်း စစ်မှန်သည့် အပစ်အခတ် ရပ်စဲ‌ရေးကို ဦးစွာရယူပြီး‌နောက် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးသို့ ဆက်လက် အ‌ကောင်အထည် ‌ဖော်‌ဆောင်သွားမည်ဟုလည်း KNU ဘက်မှ ဒဲရစ်မဲချဲလ်ကို ‌ပြောသွားခဲ့‌ကြောင်း သိရသည်။

ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အဖွဲ့အစည်းက အစီအစဉ်အတိုင်းပဲ ဆက်သွားရမှာ‌ပေါ့။ ‌နောက် ဒီလိုမျိုး ဆက်သွားမယ့်အချိန်မှာ ကချင်မှာ စစ်ပွဲ‌တွေ ဆက်ဖြစ်‌နေတုန်းပဲဆို‌တော့ KNU ကလည်း စိုးရိမ်တယ်။ ဘာဖြစ် လို့လည်းဆို‌တော့ ငြိမ်းချမ်း‌ရေးလုပ်‌ဆောင်တဲ့အပိုင်းမှာ ဆက်စပ်‌နေ‌တော့ အစိုးရဘက်က ကချင်တိုက်ပွဲကို မရပ်ဘူးဆိုရင် ‌ဝေဖန်မှု‌တွေ၊ အမြင်‌တွေ အမျိုးမျိုး ရရှိတာ‌ပေါ့”ဟု ‌ပြောသည်။

ဒဲရက်မစ်ချဲသည် မကြာ‌သေးမီက အသစ်တက်လာသည့် KNU ‌ခေါင်း‌ဆောင်သစ်များနှင့် ယခုလို ‌တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။