Home သတင်း ကရင်အဖွဲ့အစည်း ‌ခေါင်း‌ဆောင် အများအပြား ကရင်နှစ်သစ်ကူး ပွဲ‌တော် ပါဝင်ဆင်နွဲ

ကရင်အဖွဲ့အစည်း ‌ခေါင်း‌ဆောင် အများအပြား ကရင်နှစ်သစ်ကူး ပွဲ‌တော် ပါဝင်ဆင်နွဲ

2646
ဇန်နဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ ကစို‌ကျေးရွာတွင် ၂၇၅၂နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်အခမ်းအ နားကို ယ‌နေ့မနက် ၆နာရီအချိန်တွင် ကရင်အမျိုးသားအလံ လွှင့်တင်ခြင်းဖြင့် စတင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်အဖွဲ့အစည်း အသီးသီးမှ ‌ခေါင်း‌ဆောင် အ‌တော်များများ တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ နှစ်သစ်ကူးအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်ကြီးများ အပါအဝင် ပြည်နယ်ဝန်ကြီးအချို့၊ လွှတ်‌တော်အမတ်နှင့် NLD အဖွဲ့ဝင်များအပြင် အစိုးရ၏ ပြည်သူ့စစ်နှင့် နယ်ခြား‌စောင့်တပ် ညွှန်ကြား‌ရေးမှူး ဗိုလ် ချုပ်‌မောင်‌မောင်အုန်း၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ‌စောချစ်သူနှင့် ‌ဒေသခံလူထု အပါအဝင် ပရိဿတ်‌ပေါင်း ၅၀၀‌ကျော် လာ‌ရောက်ဆင်နွဲခဲ့ခြင်းဖြစ်သည်။

နှစ်သစ်ကူးပွဲ အခမ်းအနား အစီအစဉ်အရ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက အဖွင့်မိန့်ခွန်း ‌ပြောကြားရာတွင် အစိုးရနှင့် KNU တို့ လက်ရှိ အပစ်အခတ် ရပ်စဲ‌ရေးမှတဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲကို ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း တက်‌ရောက်လာသူများကို ‌ပြောကြားခဲ့သည်ဟု ကိုယ်တိုင် သွား‌ရောက်ယူခဲ့သူ ဘားအံမြို့ခံတစ်ဦးက ယခုလို ‌ပြောသည်။

“KNU ဥက္ကဌက အခုဆို အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားပြီးပြီမို့ ငြိမ်းချမ်း‌ရေးကို ဆက်လုပ်သွားမယ်။ ငြိမ်းချမ်း‌ရေးမလိုလားသူဟာ အရူး‌တွေပဲတဲ့။ ‌နောက်ပြီး စစ်မှန်တဲ့ ပြည်‌ထောင်စုမပြိုကွဲ‌ရေး၊ စစ်မှန်တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေး၊ စစ်မှန်တဲ့ အချုပ်အ ချာအာဏာ တည်တံ့ခိုင်မြဲ‌ရေးကို အားသွန်ခွန်စိုက် လုပ်သွားမယ်လို့ ‌ပြောပါတယ်။”ဟု ဆိုသည်။

၎င်းအပြင် KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒိုကွယ်ထူးဝင်း၊ ပဒို‌စောအားတိုး၊ နယ်ခြား‌စောင့်တပ် အကြံ‌ပေးပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဖားနွီး၊ ဗိုလ်ချုပ်‌မောင်‌မောင်အုန်းတို့က ဂုဏ်ပြုစကားများ ‌ပြောကြားခြင်းအပြင် ‌ကေအဲန်ယူ ဥက္ကဌ၊ ‌တောင်က‌လေးဆရာ‌တော် နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့၏ ကရင်နှစ်သစ်ကူး‌နေ့အတွက် ‌ပေးပို့‌သော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြသည်။

ပွဲလာ‌ရောက်သူ နယ်ခြား‌စောင့်တပ်သား၏ ဇနီးဖြစ်သူက “အစက‌တော့ ကစိုမှာလုပ်မဲ့ပွဲက အ‌ခြေအ‌နေ မ‌ကောင်းဘူးလို့ ကြား တယ်။ ဒါ‌ပေမဲ့ ညကအထိ တိုက်ပွဲ‌တွေဘာ‌တွေ ဘာမှမကြားတာနဲ့ ကျမ ‌ယောက်ျားနဲ့ က‌လေးနဲ့အတူ နှစ်သစ်ကူးပွဲလာပါတယ်။ ဒီ‌ရောက်‌တော့ အဖွဲ့‌တွေစုံပြီး ‌သေနတ်‌တွေ ကိုင်လာကြ‌ပေမဲ့ အ‌ခြေအ‌နေက ‌အေး‌အေး‌ဆေး‌ဆေးပါပဲ”ဟု ပိုးကရင်စကားဖြင့် ‌ပြောသည်။

ကစို‌ကျေးရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် ကရင်ရိုးရာ ဒုံးအကများဖြင့် ‌ဖြေ‌ဖျော်ခြင်းများ၊ ‌ဘောလုံးနှင့် လက်‌ဝှေ့ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့‌သော် ပွဲ‌တော်တွင် အရပ်သားများထက် ကရင်အလံတိုင်များ၊ လက်နက်များ ကိုယ်စီ ကိုင်‌ဆောင်ထားသည့် ‌ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ ပိုမိုများပြား‌ကြောင်း ပွဲ‌တော်သွား‌ရောက်ခဲ့သူတစ်ဦးက သူ၏အမြင် ကို ‌ပြောဆိုသည်။

ကစို‌ကျေးရွာတွင် ပြုလုပ်သည့် ၂၇၅၂နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်

“ကျ‌နော်ကြည့်တာ ဒီနှစ်သစ်ကူးပွဲဟာ လူထုလုပ်တဲ့ပွဲမဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်း‌တွေက လုပ်တဲ့ပွဲလို့ ခံစားမိတယ်။ ဘာလို့လဲဆို‌တော့ အရပ်သားထက် လက်နက်ကိုင်‌တွေက များတယ်။”ဟု ၎င်းက သုံးသပ်‌ပြောဆိုသည်။

KNU နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲ‌ရေးကာလတွင် တိုက်ပွဲဖြစ်ပွားမှုများ ရပ်တန့်‌နေသဖြင့် ကရင်နှစ်သစ်ကူးပွဲ‌တော်များကို ‌နေရာအနှံ့အပြား၌ လွတ်လပ်စွာ စု‌ပေါင်းကျင်းပခဲ့ကြပြီး ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ခွဲအပြင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားပြ ‌ကျေးရွာ။ ရန်ကုန်တိုင်း‌ဒေသကြီး အလုံမြို့နယ်၊ အင်းစိန်မြို့နယ်။ ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်နှင့် အချို့မြို့နယ်များအ ပြင် ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့၌လည်း မြို့နယ် ၂၈ခုမှ စု‌ပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲ‌တော်၌ လူဦး‌ရေ ၅‌ထောင်‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သွား‌ရောက်ခဲ့သူ ဘာသာ‌ရေးဆရာတစ်ဦးက ‌ပြောဆိုသည်။

အလားတူ ဩစ‌တြေးလျားနိုင်ငံရှိ ဆစ်ဒနီ၊ မဲလ်ဘမ်း၊ ကမ်ဘာရာနှင့် ဘရစ်ဇဘိန်း စသည့်မြို့များတွင် သက်ဆိုင်ရာ ကရင်လူမှု အဖွဲ့အစည်းများက ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်အခမ်းအနားကို ယ‌နေ့ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြရာ ပရိဿတ် ရာနှင့်ချီ ၍ အသီးသီး တက်‌ရောက်ခဲ့ကြသလို ကမ်ဘာရာတွင် လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး တက်‌ရောက်အား‌ပေးခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် မြန်မာပြည်အတွင်း၌ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲကို KNU ‌ခေါင်း‌ဆောင် အ‌တော်များများ ပါဝင်ဆင်နွဲခဲ့ရာ ပဒို မန်းငြိမ်း‌မောင်၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောအဲ့ကလူ‌စေးတို့က ရန်ကုန်တိုင်း အလုံမြို့နယ်တွင်လည်း‌ကောင်း၊ ပဒို‌စောတာဒိုမူး၊ ပဒို‌စော‌လေး‌လော်‌ဆောတို့က ‌ကျောက်ကြီးမြို့တွင်လည်း‌ကောင်း တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စောအားတိုး၊ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ပဒို‌စော‌အောင်‌မော်‌အေး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်‌ဂျော်နီ၊ မြဝတီဆက်ဆံ‌ရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး‌ဖောဒို၊ ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ‌စော ကြည်လင်း၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီး ‌စောဆာ‌လောလ၊ ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာနှင့် ထားဝယ်မင်းသမီးကုမ္ပဏီမှ ဦးကိုကို‌မောင်၊ မစုတို့ကလည်း ပိုင်ကျုံမြို့နယ်၊ ကစို ‌ကျေးရွာမှ ကရင်နှစ်သစ်ကူးပွဲ‌တော်၌ ပါဝင်ဆင်နွဲခဲ့ကြသည်။