Home သတင်း ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း မှ ‌ဒေသခံများအတွက် နိုင်ငံသား စိစစ်‌ရေးကဒ် စတင်ရိုက်‌ပေး‌နေ

ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း မှ ‌ဒေသခံများအတွက် နိုင်ငံသား စိစစ်‌ရေးကဒ် စတင်ရိုက်‌ပေး‌နေ

1861

ဒီဇင်ဘာလ ၃ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း ရှိ မြန်မာနိုင်ငံသား စိစစ်‌ရေးကဒ်(မှတ်ပုံတင်) မရှိ‌သေးသည့် ‌ဒေသခံများကို သက်ဆိုင်ရာမှ ယခုရက်ပိုင်းအ တွင်း လုပ်‌ဆောင်‌ပေးလျက်ရှိပြီး ယ‌နေ့တွင် မယ်ဇလီ‌ကျေးရွာ၌ ‌ကျေးရွာ‌ပေါင်း ‌လေး ရွာမှ ရွာသူရွာသားများကို နိုင်ငံသား ကဒ် ရိုက်‌ပေး‌နေသည်ဟု သိရသည်။

မယ်ဇလီ၊ ထီးကလိုးဝါး၊ မယ်ဇလီ‌ချောင်းဝ၊ ကွီး‌ဟော့ စသည့်‌ကျေးရွာများမှ ‌ဒေသခံများကို ယ‌နေ့မနက်မှစ၍ မယ်ဇလီ‌ကျေးရွာတွင် နိုင်ငံသားစိစစ်‌ရေးကဒ် ရိုက်‌ပေး‌နေသည်ဟု မယ်ဇလီ‌ကျေးရွာ အတွင်း‌ရေးမှူး ‌စောသန်းနိုင်က ‌ပြောသည်။

‌စောသန်းနိုင်က “ဒီမနက်ကစပြီး ကျ‌နော်တို့မယ်ဇလီရွာမှာ မှတ်ပုံတင်လာရိုက်‌ပေး‌နေပါပြီ။ အသက် ၁၂နှစ်အထက် အကုန်လုံးကိုသူတို့ရိုက်‌ပေးတယ်။ အခ‌ကြေး ‌ပေးစရာမလိုဘူး” ဟု‌ပြောသည်။

တဆက်တည်းမှာပင် နိုင်ငံသားစိစစ်‌ရေးကဒ်ကို မည်သည့်အချိန်တွင် ရရှိမည်ကို မသိရ‌သေး‌သော် လည်း ယခုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားဝင်လာ‌ရောက်လုပ်‌ဆောင်‌ပေးသဖြင့် ‌ဒေသခံများ အတွက် ‌ကောင်းမွန်ပြီး ခရီးသွားရလာရ ပို၍လွယ်ကူလာမည်ဖြစ်‌ကြောင်း မယ်ဇလီ ‌ကျေးရွာ သူ ‌နော်‌ကေး‌ကေးက ‌ပြောသည်။

‌ဒေသခံ လူထုများအား နိုင်ငံသားစိစစ်‌ရေးကဒ် ရိုက်‌ပေးသည့်အစီအစဉ်ကို ဘုရားသုံးဆူမြို့နယ်ခွဲ လူဝန် မှုကြီးကြပ်‌ရေးဌာန၊ Norwegian Refugee Council-NRC နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ရှိ တာဝန်ရှိသူတို့ ပူး‌ပေါင်းပြီး အခမဲ့ လုပ်‌ဆောင် ‌ပေးခြင်းဖြစ်‌ကြောင်း ဘုရားသုံးဆူမြို့ KNU ဆက်ဆံ‌ရေးရုံး ဒုတာဝန်ခံ ‌စောထဲ‌နေက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “‌ဒေသခံ‌တွေ အခ‌ကြေး‌ငွေ‌ပေးစရာမလို‌အောင် နိုင်ငံသားစိစစ်‌ရေးကဒ် လာရိုက်‌ပေး တဲ့သူ‌တွေ စား‌သောက်ဖို့အတွက် ကျ‌နော်တို့ KNU နဲ့ NRC တို့ ပူး‌ပေါင်းပြီး ထမင်း၊ ဟင်းချက်ပြုတ် တဲ့သူ‌တွေကို ငှား‌ပေးထားပါတယ်” ဟု‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ရက်‌နေ့ကလည်း မြိုင်သာယာ‌ကျေးရွာအုပ်စုအတွင်းရှိ မြိုင်သာယာ၊ ‌ကျောက်ဂူ၊ သက်ကယ်၊ အပလို စသည့်‌ကျေးရွာများတွင် ‌ဒေသခံဦး‌ရေ ၁၂ဝ ကို တရားဝင်နိုင်ငံသားစိစစ်‌ရေးကဒ် ရိုက်‌ပေးခဲ့ပြီးဖြစ်‌ကြောင်း ‌စောထဲ‌နေက ဆက်‌ပြောသည်။

ထို့အပြင် ယခုပြုလုပ်‌ပေး‌နေသည့် နိုင်ငံသားစိစစ်‌ရေးကဒ်အစီအစဉ်ကို မိုးပွင့်စီမံချက် ဟူ၍ အမည် ‌ပေးထားပြီး ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး ကရင်‌ဒေသခံများကို လုပ်‌ဆောင်‌ပေးခဲ့ရာ တစ်‌နေ့ လျှင်လူဦး‌ရေ ၁၂ဝ နှုန်းဖြင့် လုပ်‌ဆောင်‌ပေးခြင်း ဖြစ်‌ကြောင်း ‌စောထဲ‌နေက ရှင်းပြသည်။

NRC ဝန်ထမ်းများသည် ကရင်ပြည်နယ်အတွင်း One Stop Service (‌နေ့ချင်းတွင်းအပြီး) စနစ်ဖြင့် စိစစ်‌ရေးကဒ်ကို အခမဲ့ ရိုက်‌ပေး‌နေခြင်းဖြစ်ပြီး ၎င်းတို့၏ သွားလာ‌ရေး၊ အစားအ‌သောက်နှင့် အခြား ကုန်ကျစရိတ်အားလုံးကို ကွင်းဆင်းခရီးစဉ်နှင့် တစ်ပါတည်းစီစဉ်ထားကာ ‌ဒေသခံများထံမှ အခ‌ကြေး‌ငွေ မယူဘဲ လုပ်‌ဆောင်‌ပေး‌နေခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရ လဝကမှ ကြီးကြပ်၍ မိုးပွင့်စီမံချက်(၁)အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေတွင်း ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုးအိုးအိမ်မဲ့‌နေသူများ၊ မိုးပွင့်စီမံချက် (၂)အဖြစ် ‌ရွှေကုက္ကို‌ကျေးရွာရှိ ‌ဒေသခံများ၊ မိုးပွင့်စီမံချက် (၃) အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မဲ့ကသာ‌ကျေးရွာအုပ်စုအတွင်း ‌ကျေးရွာများမှ ‌ဒေသခံများ နှင့် မြဝတီမြို့နယ်ရှိ ‌ဒေသခံများ၊ မိုးပွင့်စီမံချက်(၄)အဖြစ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခု ဒီဇင်ဘာလ ၂၉ရက်‌နေ့အထိ ဆက်လက် လုပ်‌ဆောင် ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။