Home သတင်း RCSS/SSA ‌ခေါင်း‌ဆောင် စဝ်ယွက်စစ်၏ အတိုင်ပင်ခံ ကရင်အမျိုးသား ဗိုလ်မှူးကြီးကွယ်လွန်

RCSS/SSA ‌ခေါင်း‌ဆောင် စဝ်ယွက်စစ်၏ အတိုင်ပင်ခံ ကရင်အမျိုးသား ဗိုလ်မှူးကြီးကွယ်လွန်

2371
‌အောက်တိုဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

သျှမ်းပြည်‌တောင်ပိုင်းတပ်မ‌တော် RCSS/SSA ရှိ ဒုတိယဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်၏ အတိုင်ပင်ခံအဖြစ် ‌ဆောင်ရွက်ခဲ့သည့် ကရင်အမျိုး သားတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး‌စောချစ်‌ဆွေသည် ‌အောက်တိုဘာလ ၁၃ရက်‌နေ့ ည‌နေပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၄နှစ်ရှိပြီးဖြစ်သည့် ဗိုလ်မှူးကြီး ‌စောချစ်‌ဆွေသည် ‌သွေးတိုး၊ နှလုံး၊ ‌ကျောက်ကပ်‌ရောဂါများဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ သူ၏‌နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး‌စောချစ်‌ဆွေသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ကရင်၊ ပအိုဝ်းနှင့် သျှမ်းစကားတို့ကို ကျွမ်းကျင်စွာ ‌ပြောဆိုနိုင်သည့်အပြင် အဖွဲ့ အစည်းအတွင်း၌လည်း တာဝန်ကို အ‌လေးထားသူဖြစ်‌ကြောင်း ၎င်းနှင့် ရင်းနှီး‌သောမိတ်‌ဆွေဖြစ်သူ သျှမ်းသံ‌တော်ဆင့် သတင်းဌာနအယ် ဒီတာ ဦးခွန်ဆိုင်းက ‌ပြောသည်။

“သူ(‌စောချစ်‌ဆွေ)က အလုပ်တာဝန်ကို အ‌ရေးထားတယ်။ သစ္စာရှိတယ်။ အဲဒါ‌ကြောင့်လည်း ‌သေတဲ့အထိ သျှမ်းပြည်တပ်မ‌တော်နဲ့ လက်တွဲ အလုပ်လုပ်နိုင်တာ‌ပေါ့”ဟု ဦးခွန်ဆိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူသည် မွန်ပြည်နယ်ရှိ သထုံဇာတိဖြစ်ပြီး ၁၉၃၈ခုနှစ်၊ ဇူလိုင်လ ၂၅ရက်‌နေ့တွင် ‌မွေးဖွားကာ ၁၉၅၈-၅၉ခုနှစ်တွင် လူထုပညာ‌ရေးသင် တန်း တက်‌ရောက်ပြီး‌နောက် သျှမ်းပြည်‌တောင်ပိုင်း၊ လွယ်လင်မြို့နယ်ရှိ ပအိုဝ်းလူမျိုးအများဆုံး‌နေထိုင်ရာ လွယ်ဂျယ်ရွာတွင် ‌ကျောင်း ဆရာအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သည်ဟု သိရသည်။

ထို့‌နောက် ၁၉၆ဝခုနှစ်၌ ဗိုလ်မှူးကြီး‌စောချစ်‌ဆွေသည် ‌ကျောင်းဆရာဘဝကို စွန့်လွှတ်ကာ ပအိုဝ်းအမျိုးသား လက်နက်ကိုင်‌တော်လှန် ‌ရေးဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့(ပအလဖ)သို့ ဝင်‌ရောက်ခဲ့ပြီး‌နောက် ၁၉၆၇ခုနှစ်တွင် သျှမ်းပြည်တပ်မ‌တော် SSA/ SNIA နှင့် ပူး‌ပေါင်းကာ စစ်‌ရေးမဟာမိတ်ချုပ်ဌာနတွင် တာဝန်ထမ်း‌ဆောင်ခဲ့သည်။

၁၉၆၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က ၎င်းတို့နှစ်ဖွဲ့ကို ဝင်‌ရောက်တိုက်ခိုက်ခဲ့‌သော‌ကြောင့် ပအလဖသည် ဗကပနှင့် ပူး‌ပေါင်း‌သော်လည်း ဗိုလ်မှူးကြီး‌စောချစ်‌ဆွေသည် မဟာမိတ်ဖြစ်‌သော သျှမ်းပြည်စည်းလုံးညီညွှတ်သည့် ‌တော်လှန်‌ရေးတပ်မ‌တော်-SURA တွင် ဝင်‌ရောက်ခိုလှုံကာ SURA ‌ခေါင်း‌ဆောင် ဗိုလ်မိုးဟိန်း(‌ခေါ်) စဝ်ကွဏ်ဇိန်း၏ ကိုယ်‌ရေးအရာရှိ ဖြစ်လာခဲ့သည်။

ဗိုလ်မိုးဟိန်း ကွယ်လွန်ပြီး‌နောက် သျှမ်းပြည်‌တော်လှန်‌ရေးတွင် ဆက်လက်ပါဝင်၍ လက်ရှိ RCSS/SSA ‌ခေါင်း‌ဆောင် ဒုဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်၏ အတိုင်ပင်ခံအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်း‌ဆောင်ခဲ့သည်။

လက်ရှိ သျှမ်း‌တော်လှန်‌ရေးတွင် ဗိုလ်မှူးကြီး‌စောချစ်‌ဆွေကဲ့သို့ ကရင်လူမျိုး အများအပြားသည် သျှမ်းလူမျိုးနှင့်အတူ တတတ်တအား တာဝန်ထမ်း‌ဆောင်လျှက်ရှိ‌ကြောင်း ဦးခွန်ဆိုင်းက ‌ပြောသည်။

ဗိုလ်မှူးကြီး‌စောချစ်‌ဆွေသည် ကွယ်လွန်ချိန်တွင် ဇနီးနန်း‌ရွှေအိမ်နှင့်အတူ သား ၃ဦးနှင့် သမီး ၁ဦး ကျန်ရစ်ပြီး သားသုံးဦးစလုံးမှာ သျှမ်း ပြည်‌တောင်ပိုင်းတပ်မ‌တော်တွင် လက်ရှိ တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။

ကွယ်လွန်သူ ဗိုလ်မှူးကြီး‌စောချစ်‌ဆွေ၏ ရုပ်အ‌လောင်းကို ‌အောက်တိုဘာလ ၁၈ရက်‌နေ့တွင် ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်ရှိ ပိန်းလုံဧည့် သခင်္ျိုင်းတွင် ဈာပနအခမ်းအနားဖြင့် သဂြင်္ိုလ်မည်ဖြစ်‌ကြောင်း သိရသည်။