Home သတင်း KNU တပ်မဟာ(၆)မှ ‌ကော့ကရိတ် မြို့နယ်ရှိ ‌ဒေသခံအချို့ကို လူထုရှင်းလင်းပွဲပြုလုပ်

KNU တပ်မဟာ(၆)မှ ‌ကော့ကရိတ် မြို့နယ်ရှိ ‌ဒေသခံအချို့ကို လူထုရှင်းလင်းပွဲပြုလုပ်

2353
‌အောက်တိုဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ တပ်မဟာ(၆)တွင် ‌ကော့ကရိတ်မြို့နယ် အတွင်း‌ရေးမှူး အပါအဝင် စစ်ဘက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အချို့တို့သည် ထို‌ဒေသရှိ ‌ကျေးရွာများမှ လူထုများကို ယခုရက်ပိုင်းအတွင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ယခု ‌အောက်တိုဘာလ ၁၃ရက် မှ ၁၆ရက်‌နေ့အထိ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်အတွင်း‌ရေးမှူး ပဒို‌စောအယ်‌ကော်‌သော၊ တပ်မဟာ (၆)မှ တပ်ရင်း(၂၀၁)မှူး ဒုဗိုလ်မှူးကြီးဘူး‌ဖော၊ တပ်ရင်း(၁၀၃)မှူး ဒုဗိုလ်မှူးကြီး‌နေ‌စေးနှင့် အခြား‌ခေါင်း‌ဆောင်အချို့က နိုင်ငံ‌ရေး၊ ပညာ‌ရေး နှင့် ကျန်းမာ‌ရေးကိစ္စများကို လူထုများအား ရှင်းလင်း‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

ပဒို‌စောအယ်‌ကော်‌သောက “ကျ‌နော်နယ်‌မြေထဲမှာ လူထုနဲ့ ပိုပြီး‌တော့ နီးစပ်‌အောင် အမြဲ‌နေရမှာဖြစ်တဲ့အတွက် ဒီလို ရှင်းလင်းပွဲ‌တွေ ပြု လုပ်ရတာပါ။ လူထု‌တွေကလည်း ကျ‌နော်တို့ရဲ့ ရှင်းလင်းမှု‌တွေကို ကြိုဆိုတာ ‌တွေ့ရပါတယ်။ ‌နောက် ‌လော‌လောဆယ် တိုက်ပွဲ‌တွေ မရှိ တဲ့အတွက် လူထု‌တွေက လုပ်ကိုင်စား‌သောက်မှု‌တွေ နည်းနည်း အဆင်‌ပြေလာတယ်”ဟု ‌ပြောဆိုသည်။

ဆက်လက်၍ ‌ကော့ကရိတ်မြို့နယ်အတွင်း ‌ကျေးရွာများအတွက် အလယ်တန်း‌ကျောင်း ဖွင့်လှစ်နိုင်ရန် ဗဟိုက ပညာ‌ရေးဌာနနှင့် တိုင်ပင် ပြီး လုပ်‌ဆောင်သွားမည်ဟု လူထုရှင်းလင်းပွဲတွင် ပါဝင်သည့် ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ထိုလူထုရှင်းလင်းပွဲကို ‌အောက်တိုဘာလ ၁၃၊ ၁၅နှင့် ၁၆ရက်‌နေ့များတွင် ‌နေရာခွဲ၍ ထီးနူ‌ကျေးရွာ၊ ဒုတိယ‌နေ့အဖြစ် က‌လော်‌ဝေါ်ရွာနှင့် တတိယ‌နေ့အဖြစ် ‌ကော်ချဲရွာတို့တွင် သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး ထီးနူ၊ အို့ဖိုးထာ့၊ ကနဲ‌လေး၊ လယ်‌ခေါ်၊ က‌လော်‌ဝေါ်၊ ‌ခေါဖိုးခီး၊ ‌ဖောဘုလာ့ ထာ့၊ ‌ကော်ချဲ၊ ‌မောခီး၊ ‌မောဖိုးကလိုး၊ လားတိုနှင့် ကွီးချဲ‌ဘော စသည့်ရွာများမှ ‌ဒေသခံလူထု ၂၀၀‌ကျော်အထိ တက်‌ရောက်ခဲ့ကြသည်ဟု ပါဝင်ခဲ့သူများက ‌ပြောသည်။

ရှင်းလင်းပွဲသို့ တက်‌ရောက်သည့် လူထုများက ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအကြား သ‌ဘောထားကွဲလွဲ‌ကြောင်း သတင်းထွက်‌ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ‌ခေါင်း‌ဆောင်များအချင်းချင်း စည်းလုံးညီညွှတ်မှုရှိကြရန် ၎င်းတို့မှ တိုက်တွန်းခဲ့‌ကြောင်း သိရသည်။

ပဒို‌စောအယ်‌ကော်‌သောက “‌ကေအဲန်ယူမှာဖြစ်တဲ့ ‌ခေါင်း‌ဆောင်အချင်းချင်း တခဏတာအတွင်းမှာ အမြင်မတူမှု‌ကြောင့် အလုပ်မှာ လုပ် နည်းလုပ်ဟန် မတူကြ‌ပေမယ့် ပန်းတိုင်ဟာ တစ်ခုတည်းပဲဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာ မလိုဘူးလို့ လူထု‌တွေကို ကျ‌နော်တို့ ရှင်းပြခဲ့ပါ တယ်”ဟု ဖြည့်စွက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ လူထုများကို ပုံမှန်အားဖြင့် တနှစ်လျှင် ၂ကြိမ် ရှင်းလင်းပွဲများ ပြုလုပ်ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် လူထုရှင်းလင်းပွဲကို ‌ခေတ္တရပ်ထားပြီး ‌နောက်ပိုင်းတွင် ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ‌ကော့ကရိတ်မြို့နယ်မှ ‌ကေအဲန်ယူ‌ခေါင်း ‌ဆောင်များက ဆိုသည်။