Home ကဗျာ “မာလိန်မှူး အလိုရှိသည်” (ကဗျာ)

“မာလိန်မှူး အလိုရှိသည်” (ကဗျာ)

2765

‌အောက်တိုဘာ ၂၂ရက်၊ ၂၀၁၂။(လကင်္ာဒီပ)

ကြမ်းကြမ်းတလှည့် ဖွဖွတခါ
နင်းဝင်လာတဲ့ ‌ခြေသံ‌တွေ
က‌ချေသည်မ‌လေးရဲ့ မာယာညဉ်
ပဉ်စလက် စက်ကွင်း
ချည်းနင်း မ‌ပျော်ဝင်မိ‌စေ
‌မေခလာ‌ရေ….ငါ့လမ်းငါသွားမယ် ဖယ်အုံး။

တရားတဲ့ ဒီခရီးရှည်ထဲ
လမ်းခွဲသွား ညီအစ်ကို‌တော်တ‌တွေကို
ငိုယိုမျက်ရည်စမ်းနဲ့ တမ်းတ
နှ‌မျောလှလည်း မတတ်နိုင်‌ပေဘူး
ခရီးဦး မချိုး မကျိုး
တိုးလို့သာ ဆက်ကူးလိုက်မယ် ဒီခရီး
နီးတလှည့် ‌ဝေးတလှည့် ရှိစမ်းပါ‌စေ‌ပေါ့။

‌ရှေ့‌နောက်‌တောင်‌မြောက် ထက်‌အောက်ဝဲယာ
လာမယ့် အန္တရာယ်‌တွေက အများသား
ပါးပါးနပ်နပ် ကိုင်တွယ်ကာကွယ်‌ပေးနိုင်သူ
မူနဲ့လမ်းစဉ်ကို အာမခံမယ့်လူစား
ဒွိဟ မပွားတတ်တဲ့ ‌ရှေ့‌ဆောင်
‌ကြောင်‌တောင် မ‌ယောင်ချာတတ်တဲ့လမ်းပြ
စွမ်းစပြည့် မာလိန်မှူး‌ကောင်း
အင်း…ငါ‌တောင်းတမိတာ‌တော့အမှန်။

ဝီရီယ ဇွဲ လုံ့လ ပညာ
ရတနာကို အချိန်နဲ့ အသုံးချ
အဆုံးအစမမြင် ဒီပင်လယ်ခရီးမှာ
မာလိန်မှုး‌ကောင်းရှိ‌နေသ၍
အ‌ကွေ့အဝိုက် အရှိုက်အငင်
ဘယ်လိုပင် ဝဲဩဃထူ‌ပြောပါ‌စေ
‌သေ‌သေ‌ကြေ‌ကြေ ကူးခပ်ပစ်လိုက်မယ်
လာစမ်းကွယ် ‌လောကဓံတရားများ။

တမျိုးသားလုံးရဲ့‌ရှေ့‌ရေး
‌တွေး‌တွေးဆဆ ကိုင်တွယ်ထိန်း‌ကျောင်း
‌မောင်းနှင်မယ် ပင်လယ်ပြင်ဟိုဘက်ကမ်း
လှိုင်းကြမ်း မုန်းတိုင်း‌တွေရှိမယ်
အ‌ပြောကျယ်တဲ့ အဏ္ဏဝါ
မညှာတတ်တဲ့ သ‌ဘောလည်း ရှိမယ်
တကယ်ကို အမှားမခံတဲ့ လမ်းမို့
‌ရွေးကြစို့‌လေ မာလိမ်မှုး‌ကောင်း
‌ဇောင်းတင် ‌မောင်းတင်
‌သောင်းဘဝင် ‌အေးမြ‌စေမယ့် လူစား လူသားသို့။

‌အောက်တိုဘာ ၂၂ရက်၊ ၂၀၁၂ခုနှစ်