Home သတင်း ဆိုးရွားသည့် ရာသီဥတုဒဏ် အုန်းဖျန်စခန်း ဒုက္ခသည်များ ခံစား‌နေရ

ဆိုးရွားသည့် ရာသီဥတုဒဏ် အုန်းဖျန်စခန်း ဒုက္ခသည်များ ခံစား‌နေရ

1805
‌အောက်တိုဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်းဒုက္ခသည်စခန်းတွင် ‌အောက်တိုဘာလ ၈ရက်‌နေ့မှ စတင်ကာ မိုးများ အဆက် မပြတ် ရွာသွန်း၍ ‌လေပြင်းများ တိုက်ခတ်သည့်အပြင် မြူခိုးများ ထူထပ်စွာ ကျရာက်‌သော‌ကြောင့် စခန်းတွင်း‌နေ ဒုက္ခသည်များ မှာ လက်ရှိအချိန်တွင် ဆိုးရွားသည့် ရာသီဥတုဒဏ် ခံစား‌နေကြရသည်။

အုန်းဖျန်စခန်း ဥက္ကဌ ‌စောထီးဝါးက “မိုးကလည်း အဆက်မပြတ်ကို ရွာတာ ‌နေ့‌ရော ည‌ရောပဲ။ မနက်ပိုင်းဆိုရင်လည်း မြူ‌တွေ ထူထပ်စွာ ကျဆင်းတယ်။ ‌လေပြင်းကလည်း တိုက်‌သေးတယ်။ ညဘက်ဆိုရင် ‌အေးလွန်းလို့ ‌ကောင်း‌ကောင်း အိပ်လို့ မရဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိုးရွာသွန်းပြီး ‌လေပြင်းများ အဆက်မပြတ် တိုက်ခိုက်ခဲ့သည့်အ‌ပေါ် အုန်းဖျန်စခန်းတွင် ‌အောက်တိုဘာ ၈ရက်‌နေ့နှင့် ၉ရက်‌နေ့ အထိ စာသင်‌ကျောင်းများ အားလုံးပိတ်ထားရသကဲ့သို့ ‌မြေပြိုမှုအချို့လည်း ရှိသည်ဟု စခန်းဥက္ကဌက ဆက်‌ပြောသည်။

အုန်းဖျန်စခန်း ဒုက္ခသည်တစ်ဦးက “မိုးက ဒီမှာ သည်းသည်းထန်ထန်ရွာတာ သုံးရက်ရှိပြီ။ တစ်‌နေကုန် ရွာတယ်။ ‌နောက် ‌မြေပြို တာ‌တွေလည်းရှိ‌တော့ စခန်း‌ကော်မတီက တာဝန်ရှိသူ‌တွေနဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေ တိုင်ပင်ပြီး ‌ကျောင်းကို နှစ်ရက် ပိတ် ထားရတယ်။ ဒီ‌နေ့‌တော့ ‌ကျောင်းပြန်တက်ပြီ”ဟု ‌ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်း‌ကြောင့် ‌မြေပြိုမှုများ ဖြစ်‌ပေါ်ပြီး စခန်းရှိ ‌နေအိမ် ၃လုံး ပျက်စီးသွားခဲ့ပြီး အမှတ် (၃) အလယ်တန်း ‌ကျောင်းတစ်‌ကျောင်းလည်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့‌သော်လည်း ‌မြေပြိုမှုများ‌ကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိ‌ပေ။

၎င်းရာသီဥတုအ‌ခြေအ‌နေ ဆိုးရွားမှု‌ကြောင့် ကျန်းမာ‌ရေးပြဿနာများ တစုံတရာ ဖြစ်‌ပေါ်ခြင်းမရှိ‌သေး‌သော်လည်း ယ‌နေ့အထိ မိုးများ အဆက်မပြတ် ရွာသွန်းလျှက်ရှိရာ ရက်ကြာလာပါက ကျန်းမာ‌ရေးပြဿနာများ ဖြစ် ‌ပေါ်လာမည်ကို ဒုက္ခသည်များက စိုးရိမ်‌နေကြသည်။

၁၉၉၉ခုနှစ်မှစ၍ စတင်တည်‌ထောင်ခဲ့သည့် အုန်းဖျန်ဒုက္ခသည်စခန်းသည် ချမ်း‌အေးလွန်းသည့် ရာသီဥတု ဆိုးရွားမှုဒဏ်ကို နှစ် စဉ် ကြုံ‌တွေ့‌နေကျဖြစ်‌သော်လည်း ယခုနှစ်အတွင်း မိုးရွာသွန်းမှုမှာ အဆိုးရွားဆုံးဖြစ်‌ကြောင်း စခန်းတွင်း ‌နေထိုင်သူများက ‌ပြော ဆို‌နေကြသည်။