Home သတင်း KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဖားအံတွင် ‌ဆွေး‌နွေးပွဲစတင်

KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဖားအံတွင် ‌ဆွေး‌နွေးပွဲစတင်

1742
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်း‌ဖော့‌ဂေ သတင်း‌ပေးပို့ချက် (‌ကေအိုင်စီ)


တတိယအကြိမ်‌မြောက် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ မနက် ၈နာရီ၌ ‌ဆွေး‌နွေးမှုကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် စတင်ခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးတွင် KNU ဘက်မှ ဗဟိုအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ တွဲဖက်စစ် ‌ရေးချုပ် ဗိုလ်မှူးချုပ် စရှာထု‌ဝေါ်၊ ဂျီသရီး ဗိုလ်မှူး ‌စောတာမလာ‌သော၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒို့၊ ပဒို အားတိုး၊ ‌စော‌အောင်ဝင်း‌ရွှေ၊ ‌စောလှထွန်း၊ ပဒို‌သောသီဘွဲ၊ ‌နော်‌မေဦး စုစု‌ပေါင်း ကိုယ်စားလှယ်(၉)ဦးပါဝင်‌ဆွေး‌နွေးခဲ့သည်။ ထို့အပြင် KNU ဘက်မှ နိုင်ငံတကာ ‌လေ့လာသူ ၂ဦးနှင့် ပြည်ထဲ‌လေ့လာသူ စုစု‌ပေါင်း ၆ဦးတက်‌ရောက်ခဲ့သည်။

အစိုးရဘက်မှ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဝန်ကြီး ဦး‌အောင်မင်းဦး‌ဆောင်သည့်အဖွဲ့တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအဝင် ဒု-ဥပ‌ဒေချုပ် ဦးထွန်းထွန်းဦး၊ လဝက ဝန်ကြီး ဦးခင်ရီ၊ ပြည်‌ထောင်စု သစ်‌တောဝန်ကြီး ဦးဝင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်‌မောင်ဝင်း၊ ပြည်‌ထောင်စု နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေး ဒုဝန်ကြီး ဗိုလ်ချုပ်‌ဇော်ဝင်း၊ အ‌ရှေ့‌တောင်တိုင်း စစ်ဌါနချုပ်(ရတခ) မှ ဗိုလ်မှူးကြီး ‌ကျော်ဝင်း‌ဌေး၊ ဖာပွန်မြို့နယ် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောထွန်းမြ‌အောင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်‌တော် ‌ကော်မရှင် ဥက္ကဌ ‌စော‌အောင်‌ကျော်မင်းနှင့် ဒုဥက္ကဌ မန်းလှမြိုင်၊ ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ကရင်ပြည်နယ်၏ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်းစအွာ၊ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ‌စောသိန်း‌အောင် နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းတို့ တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ‌ကေအိုင်စီ အယ်ဒီတာ နန်း‌ဖော့‌ဂေက ဖုန်းဖြင့် ယခုလို သတင်း‌ပေးပို့ထားသည်။ ‌နေ့လည်စာ မစားမီ မနက် ၁ဝ နာရီတွင် ‌ပေးပို့သည့် သတင်းဖြစ်သည်။

‌ဆွေး‌နွေးခဲ့ကြတာက‌တော့ (Code of Conduct) နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်‌တွေကို ‌ဆွေး‌နွေးကြတယ်။ ‌ဆွေး‌နွေးတဲ့အထဲမှာဆိုရင် အဓိက အချက်နှစ်ချက်ကို ‌ဆွေး‌နွေးတယ်။ ပြည်သူလူထု့ရဲ့ ဘဝလုံခြုံမှုကို အ‌ခြေခံတဲ့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ် ‌တွေရယ်။ တပ်‌တွေအ‌ရွှေ့အ‌ပြောင်းကိစ္စ‌တွေပါတယ်ဝင်။ ဒီ‌နေ့မှာ‌တော့ အဲ့ဒီတပ်အ‌ရွေ့အ‌ပြောင်း ကိစ္စကို မ‌ဆွေး‌နွေးကြ‌သေးဘူး။ မနက်ဖြန်မှ ဆက်‌ဆွေး‌နွေးသွားမယ်။

ပထမတစ်ရက်အ‌နေနဲ့က‌တော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်‌တွေ‌ဆွေး‌နွေးဖြစ်ကြတယ်။ အဲဒီထဲမှာဆိုရင် နှစ်ဦး နှစ်ဖက်တပ်က လိုက်နာရမယ့် ကျင့်ဝတ်‌တွေနဲ့ လူထု‌တွေလိုက်နာရမယ့် ကျင့်ဝတ်‌တွေပဲ ဒီမနက်မှာ အကျယ်တဝင့် ‌ဆွေး‌နွေးဖြစ်ကြတယ်။

ဒီမနက်မှာ အဓိကအ‌နေဖြင့် အစိုးရဘက်က ‌ဆွေး‌နွေးသွားတာက‌တော့ ပြည်‌ထောင်စုအဆင့် ဒုဥပ‌ဒေချုပ် ဦးထွန်းထွန်းဦး က‌ဆွေး‌နွေးသွားပြီး ‌ကေအဲန်ယူဘက်က ‌နော်‌မေဦးကလည်း နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်‌တွေအ‌ကြောင်းကို အ ပြန်အလှန် ‌ဆွေး‌နွေးသွားတယ်။

အဲဒီထဲမှာဆိုရင် official language အ‌နေနဲ့ မြန်မာဘာသာကို မှတ်တမ်း‌တွေ၊ သ‌ဘောတူညီချက်‌တွေမှာ စာရွက်စာတမ်း ‌တွေမှာလည်း မြန်မာဘာသာနဲ့ပဲသုံးရမယ်။ ‌နောက်တစ်ခုက အပစ်အခတ်ရပ်ဆိုင်း‌ရေးဆိုတဲ့ အသုံးအနှုန်းထက် ရပ်စဲ‌ရေး ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးစွဲသွားမယ်ဆိုတဲ့ အတည်ပြုချက်‌လေး‌တွေရတယ်။ ဘာဖြစ်လို့လည်းဆို‌တော့ ‌ရေရှည်အတွက် လုပ်မယ်ဆို‌တော့ ရပ်ဆိုင်းထားတယ်ဆိုတာက ‌ခေတ္တခဏပဲဆိုတဲ့ သ‌ဘောမျိုးရှိတဲ့အတွက်‌ကြောင့် ရပ်စဲ‌ရေးကိုပဲ လုပ် သွားမယ်လို့ သ‌ဘောတူညီခဲ့ကြတယ်။ ‌နောက်တစ်ခုက‌တော့ ဦးထွန်းထွန်းဦး ‌ပြောတာက‌တော့ ၂၀၀၈ဖွဲ့စည်းပုံအရ ပြည် ‌ထောင်စုမြန်မာနိုင်ငံ‌တော်လို့ သုံးနှုန်းသွားကြမယ်လို့ ‌ဆွေး‌နွေးကြတယ်။ အဓိက‌တော့ နှစ်ဦးနှစ်ဖက်လိုက်နာရမယ့် ကျင့် ဝတ်‌တွေကိုပဲ ‌ဆွေး‌နွေးသွားကြတယ်။

KNU နှင့် မြန်မာစိုးရတို့ ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ‌ကေအိုင်စီမှ ဆက်လက်တင်ပြသွားမည် ဖြစ်သည်။ ‌ကေအိုင်စီ ပရိဿတ်များအ‌နေဖြင့် ဆက်လက်ရှု‌မျှော်‌စောင့်‌မျှော် ဖတ်ရှုနိုင်ပါ‌ကြောင်း သတင်း‌ကောင်းပါး လိုက်ပါသည်။