Home သတင်း KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ‌နေ့လည် ၁၂နာရီအထိ ‌ဆွေး‌နွေးချက်

KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ‌နေ့လည် ၁၂နာရီအထိ ‌ဆွေး‌နွေးချက်

1793
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်း‌ဖော့‌ဂေ သတင်း‌ပေးပို့ချက် (‌ကေအိုင်စီ)

‌ဆွေး‌နွေးပွဲကို ခဏနားပြီး မနက် ၁ဝ ‌ကျော်မှာ ‌ဆွေး‌နွေးပွဲ ပြန်စတယ်။ KNU က တင်ပြတဲ့ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်‌တွေကို အ‌သေးစိတ် ‌ဆွေး‌နွေးကြတယ်။ သူတို့ ‌ဆွေး‌နွေး‌နေတာ ‌နေ့လည်ပိုင်းအထိ တဝက်‌တောင် ‌ရောက်‌နေပြီ။ ‌နေ့လည် ၁၂နာရီမှာ ‌ဆွေး‌နွေးပွဲကို ရပ်နားပြီး ဇွဲကပင်ဟိုတယ်မှာ ‌နေ့လည်စာ သုံး‌ဆောင်ခဲ့ကြတယ်။

မနက်က‌နေ ‌နေ့လည်ပိုင်းအထိ ‌ဆွေး‌နွေးသွားတဲ့ အ‌ကြောင်းအရာ‌တွေက‌တော့ Code of Conduct ‌အောက်မှာ ဆိုလို့ရှိရင် နယ်‌မြေစိုးမိုး‌ရေးကိစ္စ‌တွေ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ၊ ပြည်တွင်းဒုက္ခသည် (IDP)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်‌တွေ စတာ‌တွေ အ‌သေးစိတ် အပြန်အလှန် ညှိနှိုင်းကြတယ်။ ‌ဆွေး‌နွေးတာက မပြီးပြတ်‌သေးဘူး။ ‌ဆွေး‌နွေးဆဲပဲ ရှိ‌သေးတယ်။ ‌နောက် ဘာမှ‌တော့ မဆုံးဖြတ်ရ‌သေးဘူး။

KNU နှင့် အစိုးရကိုယ်စားလှယ်‌တွေဟာ မွန်းလွဲ ၁ နာရီ‌ကျော်မှာ ‌ဆွေး‌နွေးပွဲ ပြန်လည်စတင်ခဲ့ကြတယ်။ ဆက်လက် ‌ဖော်ပြပါအုံးမည်။