Home သတင်း ဖာပွန်မြို့နယ်‌မြောက်ပိုင်းတွင် ‌ဒေသခံ ၁,၀၀၀‌ကျော် တုပ်‌ကွေးဖြစ်ပွား

ဖာပွန်မြို့နယ်‌မြောက်ပိုင်းတွင် ‌ဒေသခံ ၁,၀၀၀‌ကျော် တုပ်‌ကွေးဖြစ်ပွား

1788
စက်တင်ဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ‌မြောက်ပိုင်း ပလာ့ခို့၊ ‌နော်ယိုထာ့နှင့် လယ်မူပ‌လော‌ကျေးရွာအုပ်စုတို့တွင် ယခု ရက်ပိုင်းအတွင်း တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူ ၁,၀၀ဝ ‌ကျော်ရှိပြီဖြစ်‌ကြောင်း နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က ‌ပြောသည်။

ထို‌ဒေသတွင် တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားသူများမှာ စက်တင်ဘာလ ၁၃ရက်မတိုင်မီအထိ ၁,၄၆၇ဦးရှိပြီး က‌လေး၊ လူကြီးအရွယ်စုံ ဖြစ်ပွားခဲ့ သလို ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့၏ သတ်မှတ်ချက်အရ influenza live inact-ILI တုပ်‌ကွေးအမျိုးအစားဖြစ်သည်ဟု စမ်းသပ်‌တွေ့ရှိရ‌ကြောင်း BPHWT က ‌ပြောသည်။

BPHWT ဒါရိုက်တာ ‌စောဝင်း‌ကျော်က “ကျ‌နော်တို့ စာရင်း‌ကောက်ထားချက်အရ‌တော့ တုပ်‌ကွေးဖြစ်တာ အသက် ငါးနှစ်‌အောက်က‌လေး က‌နေ အသက်ကြီးတဲ့ လူကြီးအထိပဲ။ ရာသီဥတု အ‌ပြောင်းအလဲ‌ကြောင့် ဖြစ်တာပါ။ ‌အေးပြီး စိုစွတ်‌နေရာမှာ ဒီလို‌ရောဂါမျိုး ဖြစ်ပွားမှု ပိုများတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌ဒေသတွင် BPHWT မှ သွား‌ရောက်ဖွင့်လှစ်ထားသည့် ‌ဆေးခန်း ၂ခုမှလွဲ၍ အနီးအနားရွာများတွင် ‌ဆေးခန်းများ မရှိ‌သော‌ကြောင့် လတ်တ‌လောအချိန်တွင် သက်ဆိုင်ရာရွာများ၌ ၎င်းတို့အဖွဲ့မှ ‌ဆေးဝန်ထမ်းတစ်ဦး သို့မဟုတ် နှစ်ဦးက သွား‌ရောက်၍ ‌ဆေးကုသ‌ပေး လျှက်ရှိသည်ဟု သူက ဆက်‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေအထိ တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူများတွင် ကိုယ်ပူခြင်း၊ ‌ချောင်း‌ခြောက်ဆိုးခြင်းနှင့် လည်‌ချောင်းနာခြင်း ‌ဝေဒနာများကို ခံစားရပြီး အသက်ဆုံးပါးသွားရသည့်အထိ မရှိ‌သော်လည်း ကူးစက်မှုများ တိုးပွားလာမည်စိုး၍ စာသင်‌ကျောင်းများ ပိတ်ထားရသကဲ့သို့ တရွာမှတရွာသို့ သွားလာခြင်းမရှိရန် ထို‌ဒေသရှိ BPHWT အဖွဲ့များက ကျန်းမာ‌ရေးပညာ‌ပေးမှုများ လိုက်လံ‌ဆောင်ရွက်လျှက်ရှိသည်။

‌စောဝင်း‌ကျော်က “အခု ဖြစ်တဲ့‌နေရာမှာ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၆၀၀‌ကျော်မှာ ၄၀၀‌ကျော် ‌ရောဂါကူးစက်ခံရတယ်။ ‌ရောဂါအရှိန် ကျသွားတဲ့အထိ ‌စောင့်ပြီးမှ ‌ကျောင်းတွင် ပြန်ဖွင့်ဖို့ ရှိတယ်”ဟု ထပ်မံ ‌ပြောဆိုသည်။

ဖာပွန်‌ဒေသရှိ ပလာ့ခို့၊ ‌နော်ယိုထာ့၊ လယ်မူပ‌လော၊ ‌ကျော်ကယ်ဒဲ၊ တယ်ဘိုးထာ့၊ နို့‌ဝေါ် စသည့်‌ကျေးရွာ ၁ဝရွာ‌ကျော်မှ ‌ဒေသခံ ၂,၀၀ဝ ‌ကျော်အနက် ၁,၀၀၀‌ကျော်မှာ ယင်းတုပ်‌ကွေး‌ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်ကလည်း ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ‌ဒေသခံ ၅၀၀‌ကျော်၌ အမည်မသိ တုပ်‌ကွေး‌ရောဂါတမျိုး ဖြစ်ပွားခဲ့ ‌သေးသည်။