Home သတင်း ရန်ကုန်တွင် ကရင်စာ‌ပေအခမဲ့ သင်ကြား‌ပေး

ရန်ကုန်တွင် ကရင်စာ‌ပေအခမဲ့ သင်ကြား‌ပေး

1782
စက်တင်ဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)


ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ‌ရွှေတိဂုံဘုရား အ‌ရှေ့ဘက်မုခ်ရှိ အာဇာနည်လမ်း၌ တည်ရှိ‌သော သမ္မာသမ် ဗုဒ္ဒဘာသာ ကရင်လူမျိုးစာကြည့်တိုက်တွင် ကရင်စာ‌ပေများကို ယခုအချိန်တွင် အခမဲ့ စတင် သင်ကြားလျက်ရှိရာ စိတ်ပါဝင်စား သည့် မည်သူမဆို လာ‌ရောက်သင်ကြားနိုင်သည်ဟု သိရသည်။

ထိုကရင်စာ‌ပေသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဒဘာသာဖြစ်‌စေ၊ ခရစ်ယာန်ဖြစ်‌စေ ကရင်စာ‌ပေ တတ်‌မြောက်လိုသူ က‌လေးများကို လက်ခံသင်ကြား‌ပေးလျှက်ရှိသည်ဟု အဆိုပါသင်တန်းတွင် စ‌ကောကရင်ဘာသာ သင်ကြား‌ပေးသူ ဆရာမ ‌နော်သရာ‌နော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“စာသင်ချင်တဲ့ အားလုံးကို လက်ခံတယ်။ အပတ်စဉ် စ‌နေနဲ့ တနဂင်္‌နွေ ‌နေ့တိုင်း မွန်းလွဲ (၁)နာရီက‌နေ စသင်‌နေတာ ပါ။ ‌လော‌လောဆယ် ‌ကျောင်းသူ ‌ကျောင်းသား ၁၅ ဦးရှိပါတယ်။ စ‌ကောကရင်၊ အ‌ရှေ့ပိုးကရင်၊ အ‌နောက်ပိုးကရင် ၃ဘာသာကို သင်‌နေတာပါ”ဟု ‌နော်သရာ‌နော်က ဆိုသည်။

ထို့အပြင် စာ‌ပေသင်တန်းတွင် လူအခွင့်အ‌ရေးဆိုင်ရာ ‌ဟော‌ပြောပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်း‌ရေးဆိုင်ရာ ‌ဟော‌ပြောပွဲများကိုလည်း အလျဉ်းသင့်သလို စီစဉ်‌ပေးသည်ဟု သိရသည်။

အမ္မာသမ်ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့မှ အတွင်း‌ရေးမှုး မန်း‌အောင်မြိုင်က “ကိုယ့်လူမျိုးရဲ့ စာ‌ပေဘာသာ စကား မ‌ပျောက်မပျက် ထိန်းသိမ်း‌စေချင်တဲ့ ‌စေတနာနဲ့ ဒီသင်တန်း‌လေးကို စတင်ဖြစ်ကြတာပါ။ စာ‌ပေတင်မက အခြားသိ သင့်သိထိုက်တဲ့ ဗဟုသုတ‌တွေကိုလည်း စီစဉ်‌ပေးပါတယ်။ လူငယ်‌တွေကို တိုးတက်‌စေချင်သလို ဘာသာစာ‌ပေကို လည်း မြှင့်တင်ချင်တယ်”ဟု ‌ပြောဆိုသည်။

၎င်းသင်တန်းကို တက်‌ရောက်‌နေ‌သော ‌ကျောင်းသူတစ်ဦးကလည်း “ကရင်စာ‌ပေဆိုတာ ကျမတို့‌ခေတ်မှာ ‌တော်‌တော် ‌ပျောက်‌နေပါပြီ။ အမိုးနဲ့ အပါးကလည်း စကားပဲ ‌ပြောတတ်တာပါ။ စာကိုလည်း အဖတ်ပဲ ရတယ်‌လေ။ အ‌ရေးမရပါ ဘူး။ ဒါ‌ကြောင့် အ‌ရေး၊ အဖတ်၊ အ‌ပြောရချင်လို့ တက်ဖြစ်တာပါ”ဟု ဆိုသည်။

စာ‌ပေသင်ကြား‌နေ‌သော ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက်သည် ဧရာဝတီတိုင်း မအူပင်မြို့နယ် တရုတ်လပ်‌ကျေးရွာ မှ လယ်ပိုင်ရှင်ဇနီး‌မောင်နှံ ‌စော‌ကျော်ထွန်းနှင့် ‌နော်ကြာနွယ်တို့မှ ၁၉၃၅ခုနှစ်တွင် ကမကထပြု ‌ဆောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်သည်။