Home ထိပ်တန်းသတင်း နိုင်ငံ‌ရေးကို စု‌ပေါင်းလုပ်‌ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်

နိုင်ငံ‌ရေးကို စု‌ပေါင်းလုပ်‌ဆောင် သွားမည်ဟု UNFC ဆုံးဖြတ်

2029
ဇူလိုင်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

အပစ်ခတ်ရပ်စဲ‌ရေးကို တဖွဲ့ချင်းစီ လုပ်‌ဆောင်‌နေ‌သော်လည်း နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို စု‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ညီညွှတ် ‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) အ‌နေဖြင့် ဆုံးဖြတ်ထားသည်။

“အပစ်ခတ်ရပ်စဲ‌ရေးကိစ္စကို ကျမတို့ တဖွဲ့ချင်းစီ ‌ဆွေး‌နွေးသွားမယ်။ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးတဲ့အခါကျ‌တော့ ကျမတို့ တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်‌ပေါင်းစုံပါတဲ့ UNFC အ‌နေနဲ့ပဲ အစိုးရနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှာဖြစ်တယ်”ဟု UNFC အဖွဲ့ဝင်ဖြစ်သည့် KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

UNFC သည် ပထမအဆင့်အ‌နေဖြင့် အပစ်ခတ်ရပ်စဲ‌ရေးကို အရင် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို တက်လှမ်းသွားမည်ဖြစ်သည်။

နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို တက်လှမ်းနိုင်ရန်အတွက်လည်း အပစ်ခတ်ရပ်စဲ‌ရေးအဆင့်မှာပင် တ‌ပြေးညီဖြစ်ရန် လိုအပ်သည်ဟု UNFC ၏ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ‌ပြောသည်။

၎င်းက “UNFC တဖွဲ့လုံးအ‌နေနဲ့ အပစ်ခတ်ရပ်စဲ‌ရေးအဆင့်ကို‌ကျော်မယ်။ ပြီး‌တော့ ကျ‌နော်တို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တက်မယ်ဆိုတဲ့‌နေ ရာမှာ ကျ‌နော်တို့အဖွဲ့ထဲမှ တချို့အဖွဲ့‌တွေက အခုချိန်ထိ အပစ်ခတ်ရပ်စဲ‌ရေးမှာ သ‌ဘောမတူ‌သေးတာ ‌တွေ့ရတယ်။ အပစ်ခတ်ရပ်စဲ‌ရေး မှာ ဖြစ်‌နေခါကျ‌တော့ အပစ်ခတ်ရပ်စဲ‌ရေးမှာ တ‌ပြေးညီဖြစ်သွားပြီးရင်‌တော့ ကျ‌နော်တို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တက်လှမ်းဖို့ဖြစ်တယ်”ဟု ဆိုသည်။

ထိုအ‌ခြေအ‌နေတွင် ပြည်‌ထောင်အစိုးရအ‌နေနှင့် ငြိမ်းချမ်း‌ရေးကို အမှန်တကယ် လိုလားမည်ဆိုပါက တိုင်းရင်းသား‌ဒေသရှိ တပ်စခန်းများ ကို ပြန်ရုပ်သိမ်း‌ပေးပြီးမှသာ အပစ်ခတ်ရပ်စဲ‌ရေး တ‌ပြေးညီဖြစ်နိုင်မည်ဟုလည်း ခွန်ဥက္ကာက ‌ပြောသည်။

UNFC သည် အပစ်ခတ်ရပ်စဲ‌ရေး ညီညွှတ်စွာ ချမှတ်ရန်နှင့် အပစ်ခတ်ရပ်စဲထားပြီး အ‌ခြေအ‌နေများကို ပြန်လည် သုံးသပ်သည့်အ‌နေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နှင့် ၁၈ရက်‌နေ့များက ‌ခြောက်လပတ် အစည်းအ‌ဝေး ‌ခေါ်ယူကျင်းပခဲ့ရာ UNFC အဖွဲ့ဝင် ၁၁ဖွဲ့မှ ထိပ်ပိုင်း ‌ခေါင်း‌ဆောင် ၂၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယခုအစည်းအ‌ဝေးမှာ UNFC ၏ ပုံမှန် အစည်းအ‌ဝေးသာဖြစ်၍ အပစ်ခတ်ရပ်စဲ‌ရေး တ‌ပြေးညီ မူဝါဒ ရရှိ‌အောင် ‌ဆွေး‌နွေးဆုံးဖြတ်နိုင်ခြင်း မရှိ‌သော်လည်း ကချင်ပြည်နယ်မှ တိုက်ပွဲများ ရပ်တန့်‌စေရန်နှင့် နိုင်ငံ‌ရေး‌ခြေလှမ်းများ စတင်သွားရန် ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။