Home သတင်း တိုင်းရင်းသားကာကွယ်‌ရေး ဥပ‌ဒေ သတ်သတ်မှတ်မှတ်ရှိသင့်

တိုင်းရင်းသားကာကွယ်‌ရေး ဥပ‌ဒေ သတ်သတ်မှတ်မှတ်ရှိသင့်

2342
ဇူလိုင်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကရင်သတင်းဌာန)


မြန်မာပြည်တွင် လူနည်းစုဖြစ်သည့် တိုင်းရင်းသား လူမျိုးများကို ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပြဋ္ဌာန်းချက် လွှတ်‌တော်အတွင်း သတ်သတ်မှတ်မှတ် ရှိသင့်‌ကြောင်း လက်နက်ကိုင် တိုင်းရင်းသား‌ခေါင်း‌ဆောင် တချို့က‌ပြောဆိုသည်။

ဇူလိုင်လ ၂၅ရက်‌နေ့က ပြည်သူ့လွှတ်‌တော် စတုတ္ထ ပုံမှန် အစည်းအ‌ဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ် ဦးတီခွန်မြတ်က တိုင်းရင်းသားလူမျိုး များ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပြဌာန်း‌ပေး‌ရေးအဆို တင်သွင်း‌ဆွေး‌နွေးသွားခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား ‌ခေါင်း‌ဆောင်တချို့က ယင်းကဲ့သို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လူနည်းစုကို ကာကွယ်‌စောင့်‌ရှောက်တဲ့ ဥပ‌ဒေပြဋ္ဌာန်းသင့်ပါတယ်။ လူနည်းစုဆိုတာက တိုင်းရင်းသား‌တွေပါတာ‌ပေါ့ဗျာ။ လွှတ်‌တော်မှာ သင့်‌လျော်တဲ့ တိုင်းရင်းသားလူနည်းစုကို ကာကွယ်တဲ့ဥပ‌ဒေ ရှိသင့်တယ်။ အနည်းဆုံး သူတို့ လူ့အခွင့်အ‌ရေး‌ပေါ့။ အဲဒါကိုကာကွယ်‌ပေးဖို့။ ဘာလို့လဲဆို‌တော့ ကျ‌နော်တို့တိုင်းပြည်မှာ လူမျိုးစုံရှိတယ်။ လူအများစုက လူအနည်းစုကို အနိုင်ကျင့်တာမျိုးဖြစ်တတ်တယ်။ ဒါကို ကာကွယ်ဖို့ ဥပ‌ဒေ သတ်သတ်မှတ်မှတ် ရှိရမယ်”ဟု ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

တိုင်းရင်းသားလူမျိုးများသည်လည်း တိုင်းပြည်ကို အုပ်ချုပ်‌နေသည့် အာဏာရှိလူမျိုးများနည်းတူ ရသင့်ရထိုက်သည့် ယဉ်‌ကျေးမှု၊ ဘာသာ စကား၊ စီးပွား‌ရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် နိုင်ငံ‌ရေး အစရှိသည့် အခွင့်အ‌ရေးများ ရှိသင့်‌ကြောင်းလည်း လက်နက်ကိုင်‌ခေါင်း‌ဆောင်တို့က ‌ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံထဲတွင် တတိုင်းပြည်လုံး ဗမာစာသာသုံးရမည်ဆိုသည့် ပြဌာန်းချက်မှာ တိုင်းရင်းသားများအတွက် အဓိပ္ပာယ်မရှိ‌ကြောင်း၊ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်လူမျိုးအလိုက် စာ‌ပေကိုယ်စီ ရှိသင့်သည်ကို ကြည့်ချင်းအားဖြင့် တိုင်းရင်းသားအခွင့်အ‌ရေး မရှိ‌ကြောင်း မွန်ပြည်သစ်ပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နိုင်ဟံသာကလည်း ‌ပြောသည်။

သူက “ပြည်နယ်ဝန်ကြီးဆိုတာလည်း သမ္မတက‌နေ ခန့်ထားတယ်။ တိုင်းရင်းသား‌တွေ သူတို့‌ဒေသနဲ့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဒါကို ဘာမှ လုပ်‌ဆောင်ခွင့်မရှိဘူး။ ဥပ‌ဒေဆိုတာလည်း ‌ရေးဆွဲခွင့် ဘာမှမရှိဘူး။ ဒါကို အားလုံးပြင်ဆင်နိုင်မှ တိုင်းရင်းသားအားလုံး တန်းတူညီ မှုဖြစ်မှ တိုင်းပြည် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်မှာ”ဟု ‌ပြောသည်။

၎င်းအပြင် တိုင်းရင်းသားလူမျိုးများအတွက် ဥပ‌ဒေများ ပြဋ္ဌာန်းရာတွင်လည်း တိုင်းရင်းသားလူမျိုးများ၏ လိုအပ်ချက်များကို အရင် ‌ဆွေး ‌နွေးညှိနှိုင်းသင့်‌ကြောင်း နိုင်ဟံသာက ယခုလို ဆက်‌ပြောသည်။

“တိုင်းရင်းသား‌တွေအတွက် ဥပ‌ဒေ‌တွေ ပြဋ္ဌာန်းတဲ့‌နေရာမှာလည်း အစိုးရက သူတို့လူအချင်းချင်း သူတို့လူတစ်အုပ်ထဲနဲ့ လုပ်‌ဆောင်လို့ မဖြစ်ဘူး။ တိုင်းရင်းသား‌တွေရဲ့ အခွင့်အ‌ရေးဥပ‌ဒေကို ပြဋ္ဌာန်းချင်ရင်‌တော့ တိုင်းရင်းသား‌တွေ သူတို့လူမျိုးအတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်‌နေတဲ့အဖွဲ့‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေနဲ့ ညှိနှိုင်းရမယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်း ‌ကော့မှူးမြို့နယ်၊ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆင်းရဲမွဲ‌တေမှုနှင့် ပတ်သက်၍ အဆိုးရွားဆုံး‌ဒေသများမှာ ပြည်နယ်များဖြစ်‌ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုလည်း ‌ကျေနပ်ဖွယ်ရာမရှိ‌သေး‌ကြောင်း၊ တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပြဋ္ဌာန်း‌ရေးအဆိုကို ပြည်သူ့လွှတ်‌တော်တွင် ပထမဆုံး ‌ဆွေး‌နွေးမှုအဖြစ် ယမန်‌နေ့က ‌ထောက်ခံ‌ဆွေး‌နွေးသွားခဲ့သည်။

ဦးတီခွန်မြတ်၏ တိုင်းရင်းသားလူမျိုးများ အခွင့်အ‌ရေးကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပြဋ္ဌာန်း‌ပေးရန်အဆိုကို ကချင်ပြည်နယ်၊ ဆွမ်ပ ရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (‌ခေါ်) ဒူဝါခမိုင်တန်၊ မဟာ‌အောင်‌မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦး‌ကျော်သီဟနှင့် ဥတ္တရသီရိမြို့နယ်မှ ဦးမင်းသူ၊ ဘူးသီး‌တောင်မဲဆန္ဒနယ်မှ ဦး‌ရွှေ‌မောင် (ခ) ဦးအဒူ‌ရော်ဇက် တို့ကလည်း အသီးသီး ‌ထောက်ခံ‌ဆွေး‌နွေးသွားခဲ့ကြသည်။