Home သတင်း ရခိုင်ပြည်နယ် အဓိကရုဏ်း ‌သွေးရိုးသားရိုး မဟုတ်ဟု ALP ‌ပြော

ရခိုင်ပြည်နယ် အဓိကရုဏ်း ‌သွေးရိုးသားရိုး မဟုတ်ဟု ALP ‌ပြော

2655
ဇွန်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရခိုင်ပြည်နယ်တွင် ဖြစ်‌ပေါ်‌နေ‌သော ရခိုင်နှင့် ဘဂင်္လီ(ရိုဟင်ဂျာ)တို့၏ အဓိကရုဏ်းကိစ္စသည် ‌သွေးရိုးသားရိုး မဟုတ်‌ကြောင်း ရခိုင်လွတ်‌မြောက်‌ရေးပါတီ(ALP)က ယ‌နေ့‌ပြောကြားလိုက်သည်။

လက်ရှိဖြစ်‌ပေါ်‌နေသည့် အဓိကရုဏ်းသည် မသမာသူတို့၏ အစီအစဉ်ရှိရှိ ရက်စက်မှု‌ကြောင့် ရခိုင်ပြည်နယ် အတွင်း ပြာပုံအတိဖြင့် ‌ရောက်ရှိ‌နေပြီးဖြစ်‌ကြောင်း ယ‌နေ့ည‌နေ ၄နာရီ‌ကျော်တွင် ထိုင်း-မြန်မာနယ်စပ် တ‌နေရာ၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ALP က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ALP ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်‌စောမြဇာရာလင်းက “ဒီကိစ္စဟာ ပြဿနာတခုခုကို အ‌ခြေခံပြီး‌တော့ ပြသမီး‌လောင်သလို‌ပေါ့။ ပြဿနာအကြီးတခုခုဖြစ်ဖို့ဆိုလို့ရှိရင် မီးပွားက စဖြစ်တယ်။ မသီတာ‌ထွေးကို မီးခိုးအဖြစ်နဲ့ အသုံးချပြီး‌တော့မှ ‌နောက်က အကြံအစည်တခုခုနဲ့ လုပ်တာလားဆိုပြီး‌တော့ စိတ်ထဲမှာ တကယ်စဉ်းစားမိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေလ ၂၈ရက်‌နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင်အမျိုးသမီး မသီတာ‌ထွေးကို ဘဂင်္လီလူမျိုးသုံးဦး၏ အဓမ္မပြုကျင့်ပြီး သတ်လိုက်‌ကြောင်း သတင်းထွက်‌ပေါ်ပြီး‌နောက် ယခု ဇွန်လ (၃)ရက်‌နေ့တွင် အစ္စလာမ်ဘာ သာဝင် ခရီးသည် ၁ဝ ဦး အသတ်ခံခဲ့ရာမှ ရခိုင်နှင့် ဘဂင်္လီလူမျိုးအကြား အဓိကရုဏ်းဖြစ်ပွားကာ ‌ဒေသခံ လူထုများ အိုးအိမ်များ ပြာပုံဖြစ်ရသည်အထိ ‌ရောက်လာရခြင်းဖြစ်‌ကြောင်း သူမက ‌ထောက်ပြထားသည်။

အစိုးရအ‌နေဖြင့် ရခိုင်ပြည်နယ်ဖြစ်ပွား‌နေသည့် ပဋိပက္ခတွင် ‌သေဆုံးသူ ရခိုင်တိုင်းရင်းသားဦး‌ရေ ၁ဝဦး‌ကျော် သာ ထုတ်ပြန်ထား‌သော်လည်း ၎င်းတို့၏ သိထားချက်အရ ၃၀ဝနှင့် ၅၀ဝ ဦးအကြားတွင် ရှိသည်ဟု ALP က ဆိုသည်။

ထို့အပြင် ဇွန်လ ၉ရက်‌နေ့မှစ၍ ရခိုင်ပြည်နယ်ကို နိုင်ငံ‌တော်အစိုးရမှ အ‌ရေး‌ပေါ်အ‌ခြေအ‌နေ ပုဒ်မ-၁၄၄ (ညမထွက် ရအမိန့်) ထုတ်ပြန်ခဲ့‌သော်လည်း အဓိကရုဏ်အရှိန် ‌လျှော့မသွားသည်ကို ကြည့်ခြင်းအားဖြင့် ထိုထုတ်ပြန်ချက် သည် ရုပ်ပြ မျှသာဖြစ်သည်ဟုလည်း ယ‌နေ့(ဇွန်လ ၁၄ရက်) ထုတ်ပြန်သည့် ALP ၏ သ‌ဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်အမျိုးသမီးအစည်းအရုံး(RWU)မှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်‌ပေါ်လာသည့် အဓိကရုဏ်း‌ကြောင့် ‌သေ‌ကြေပျက်စီမှုနှင့် အတိဒုက္ခဖြစ်‌နေမှုများအတွက် ဝမ်းနည်းမိ‌ကြောင်း၊ ယခုကိစ္စကို အစိုးရအ‌နေဖြင့် အမြန်ဆုံး‌ဖြေရှင်း‌စေလို‌ကြောင်း ယ‌နေ့ ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ALP ၏ ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်‌အောင်က “အစိုးရအ‌နေနဲ့ ပြဿနာရှင်းသွား‌အောင် ပြည်သူ‌တွေ‌ကျေနပ်ဖို့ စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မတီဖွဲ့ပြီး‌တော့ ပြည်သူ့‌ရှေ့မှာ မြင်သာထင်သာ‌အောင်၊ နိုင်ငံတကာကလည်း လက်ခံ လာ‌အောင် ‌ဖြေရှင်းဖို့လိုတယ်။ ”ဟု ‌ပြောသည်။

ALP သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် အတိုက်အခံတိုင်းရင်းသားအင်အားစုအဖွဲ့များ နှင့် ဒီမိုက‌ရေစီအင်အားစုအဖွဲ့များဖြစ်သည့် ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်‌ကောင်စီ-UNFC၊ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် NDF၊ DAB၊ NLD-LA၊ FDB စသည့် မဟာမိတ်အဖွဲ့များအပါအဝင် ပရိဿတ် ၂ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတက်‌ရောက်လာသည့် အဆိုပါအဖွဲ့တို့၏ ‌ခေါင်း‌ဆောင်များက အလားတူ ALP ၏သ‌ဘော ထားကဲ့သို့ပင် ရှုမြင်သုံးသပ်ခဲ့ကြသည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ရခိုင်ပြည်နယ်မှာ ဖြစ်‌နေတဲ့ အ‌ရေးအခင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌သော်လည်း‌ကောင်း၊ အဲဒီဥပ‌ဒေက ‌ပေါ်‌ပေါက်လာတဲ့ အစိုးရ‌သော်လည်း‌ကောင်း၊ အုပ် ချုပ်‌ရေးအာဏာ၊ ဥပ‌ဒေအာဏာနဲ့ တရားစီရင်‌ရေးအာဏာ အရပ်ရပ်ရဲ့ ကျင့်သုံး‌ဆောင်ရွက်မှု‌တွေဟာ မီး‌မောင်းထိုးပြလိုက်တာပဲ။”ဟု ‌ဝေဖန်သုံးသည်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ သျှမ်း စသည့် လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ (၁၂)ဖြင့် ဖွဲ့စည်းထားသည့် UNFC တွဲဖက်အတွင်း‌ရေးမှူး(၁)ကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းသည် အစိုးရ၏ အတွင်းအာဏာနှင့် သက်ဆိုင်ပြီး လုပ်ကြံဖန်တီးမှုသာဖြစ်‌ကြောင်း ‌ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်‌နေ့မှ ၁၃ ရက်‌နေ့အထိ ရခိုင်အိမ် ၁,၁၉၂ လုံးနှင့် ဘဂင်္လီမွတ်စလင်အိမ် ၁,၃၃၆လုံး မီး‌လောင်ခဲ့ပြီး စာသင်‌ကျောင်းတစ်‌ကျောင်း အပါအဝင် ဘုန်း‌တော်ကြီး‌ကျောင်း ၉ ‌ကျောင်း၊ ဗလီ ‌ကျောင်း ၇ ‌ကျောင်းမီး‌လောင်သွားကာ ရခိုင်ဘက်မှ ‌သေဆုံးသူ ၁၃ ဦးနှင့် မွတ်စလင်ဘက်မှ ၁၆ ဦးရှိသည်ဟု ရခိုင်ပြည်နယ် နယ်စပ်‌ဒေသနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှုးကြီး ထိန်လင်းက ယ‌နေ့ သတင်း‌ထောက်များကို ‌ပြော ခဲ့သည်ဟု Eleven Media Group သတင်းတွင် ‌ဖော်ပြထားသည်။