Home သတင်း ထာဝရငြိမ်းချမ်း‌ရေးဆန္ဒပြုလက်မှတ် ၅ ‌သောင်း‌ကျော်ပြီ

ထာဝရငြိမ်းချမ်း‌ရေးဆန္ဒပြုလက်မှတ် ၅ ‌သောင်း‌ကျော်ပြီ

2139
‌မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

မျိုးဆက်သစ်လူငယ်များ (Generation Wave-GW) မှ ကမကထ ပြုလုပ်၍ ထာဝရ ငြိမ်းချမ်း‌ရေးအတွက် ရန်ကုန်မြို့၌ ဆန္ဒပြုလက်မှတ် များ ‌ကောက်ခံရာ ၅ရက်‌မြောက်‌နေ့(ယ‌နေ့)တွင် လူထုလက်မှတ် ၅၀၀၀၀‌ကျော် ရရှိ‌နေပြီးဖြစ်‌ကြောင်း ၎င်းအဖွဲ့၏ အ‌ထွေ‌ထွေအတွင်း‌ရေး မှူး ကိုဘိုဘိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ‌မွေး‌နေ့ရယ်၊ ပြီးခဲ့တဲ့ ဧပြီလက ၆၇နှစ်ပြည့်သွားတဲ့ ဦးသိန်းစိန်‌မွေး‌နေ့ရယ်ကို ဦးတည်ပြီး 67 လို့ ဦးတည်ထားတာပါ။ လက်မှတ်‌ပေါင်း ၆၇၆,၇၀ဝအထိ ရ‌အောင် ရည်ရွယ်ထားပါတယ်”ဟု ‌ပြောသည်။

ယခုလအတွင်း ပြည်နယ်နှင့် တိုင်းများသို့ပါ အဆိုပါ ဆန္ဒပြုလက်မှတ်များ လိုက်လံ‌ကောက်ခံရာ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနသာင်္ရီတိုင်းများသာ ကျန်ရှိ‌တော့‌ကြောင်း သိရသည်။

ယင်းသို့ ‌ကောက်ခံရာတွင် ရန်ကုန်မြို့ရှိ ရဲသတင်းတပ်ဖွဲ့-SP များကပါ ပါဝင်၍ ‌မေးမြန်းပြီး လက်မှတ်ထိုးကြ‌ကြောင်း သိရသည်။

“ကျမတို့က လက်မှတ်မထိုးခင်မှာ ရည်ရွယ်ချက်ကို အမြဲရှင်းပြပါတယ်။ နယ်မှာက‌တော့ ‌ကြောက်စိတ်‌တွေရှိ‌သေးတယ်။ တချို့ မထိုးရဲကြ ဘူး‌လေ။ နယ်က ရန်ကုန်ထက်စာရင် ဥပမာ-ဖ‌ယောင်းထွန်းဆန္ဒ ‌တောင်းဆိုတာမျိုး‌တောင် ဖိနှိပ်တာကိုး”ဟု GW မှ ဆန္ဒပြု‌ကောက်ခံရာ တွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ‌ပြောသည်။

၎င်းအပြင် ထာဝရငြိမ်းချမ်း‌ရေး 67 အတွက် ရည်ရွယ်ပြီး လူအများ ဝင်‌ရောက်ကြည့်ရှုနိုင်ရန်အတွက် “Ever peace 67” ဟူ‌သော ‌ဖေ့စ် ဘွတ်(Facebook) တစ်ခုလည်း ဖွင့်ထား‌ကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်များ (Generation Wave)အဖွဲ့သည် ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်လရီလတွင် “ကျည်ဆံ‌တွေအစား ပန်းများပွင့်‌စေသတည်း ငါတို့ချစ်တဲ့ မြန်မာပြည်”ဆို‌သော ငြိမ်းချမ်း‌ရေးသ‌ကေင်္တအဖြစ် လူထုထဲဆင်း၍ ရင်ဘတ်တွင် နှင်းဆီပန်း စတစ်ကာများ ကပ်ကာ ပညာ‌ပေး လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။