Home သတင်း ကရင်ဒုက္ခသည်များကို သွား‌ရောက်‌တွေ့ဆုံရန် ‌ဒေါ်စုထံ KWO အိတ်ဖွင့်‌ပေးစာပို့

ကရင်ဒုက္ခသည်များကို သွား‌ရောက်‌တွေ့ဆုံရန် ‌ဒေါ်စုထံ KWO အိတ်ဖွင့်‌ပေးစာပို့

1788
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များအား သွား‌ရောက်‌တွေ့ဆုံရန် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၌ ကမ္ဘာ့စီးပွား‌ရေးနှီး‌နှောဖလှယ်ပွဲ-WEF တက်‌ရောက် မည့် မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်း စုကြည်ထံသို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO က ယ‌နေ့အိတ်ဖွင့်‌ပေးစာတစ်‌စောင် ‌ပေးပို့တိုက်တွန်း လိုက်သည်။

မြန်မာပြည်သို့ မကြာခင် ပြန်ပို့ခံရနိုင်သည့် ကရင်ဒုက္ခသည်များ၏ စိုးရိမ်မှုတင်ပြချက်များကို သိရှိနိုင်ရန် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ထိုင်းနိုင်ငံတွင်‌ရောက်ရှိ‌နေစဉ် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုခုသို့ သွား‌ရောက်‌စေလို‌ကြောင်း KWO ၏ အိတ်ဖွင့်‌ပေးစာတွင် ‌ဖော်ပြထားသည်။

KWO ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါးအဲ့ကလယ်က “‌ဒေါ်စု ထိုင်းနိုင်ငံကို လာတယ်ဆို‌ပေမယ့် ဒုက္ခသည်စခန်းထဲကို သွားမသွား မ‌ပြောတတ်‌သေးဘူး‌လေ။ ဒါ‌ကြောင့် ဒီလို အိတ်ဖွင့်‌ပေးစာ ပို့ရတာပါ။ ‌နောက် ဒုက္ခသည်‌တွေ ပြန်ပို့မယ့်ကိစ္စက ကျမတို့ စိုးရိမ်မှု‌တွေ အများကြီး ရှိ‌သေးတယ်။ ဒီကိစ္စကို ‌ဒေါ်စု သိနိုင်ဖို့ ကျမတို့ရဲ့ အမြင်၊ စဉ်းစားချက်နဲ့ စိုးရိမ်မှု‌တွေ တင်ပြချင်တယ်”ဟု ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုခုသို့ သွား‌ရောက်လည်ပတ်ပြီး ၎င်း‌ရောက်ရှိသည့် ဒုက္ခသည် စခန်းမှာပင် KWO နှင့် ‌တွေဆုံကာ အ‌ရေးကြီးသည့် အ‌ကြောင်းအရာများကို နှစ်ဦးနှစ်ဖက် ‌ဆွေး‌နွေးကြရန် ‌မျှော်လင့်‌ကြောင်းလည်း KWO က ဆိုသည်။

“‌ဒေါ်စု ဘယ်ဒုက္ခသည်စခန်းကို လာရမယ်လို့‌တော့ ကျမတို့ မဆိုလိုဘူး။ ဘယ်ဒုက္ခသည်မှာပဲဖြစ်ဖြစ် လာ‌စေချင်တယ်။ သူလာမှ ဒုက္ခ သည်‌တွေဘက်ကလည်း သူတို့ တင်ပြချင်တဲ့အရာ‌တွေကို တင်ပြခွင့်ရမှာ‌လေ။”ဟု နန်းဒါးအဲ့ကလယ်က ဆက်‌ပြောသည်။

KWO အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နန်းဒါးအဲ့ကလယ် အမည်ဖြင့် ‌ရေးပို့ထားသည့် ၎င်းအိတ်ဖွင့်‌ပေးစာထဲတွင် ကရင်ဒုက္ခသည်များသည် မြန်မာပြည်ရှိ ကရင်ပြည်နယ်ထဲတွင် လူ့အခွင့်အ‌ရေး အကာအကွယ်နှင့်အတူ လုံခြုံစွာ အိမ်ပြန်နိုင်ရန်နှင့် ပြန်လည်အ‌ခြေချနိုင်ရန် လိုအပ်‌ကြောင်းလည်း ထည့်သွင်း‌ဖော်ပြထားသည်။

မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ‌မေလ ၃ဝရက်မှ ဇွန်လ ၁ရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ပြုလုပ်မည့် ကမ္ဘာ့စီးပွား‌ရေးနှီး‌နှောဖလှယ်ပွဲကို တက်‌ရောက်ရန် ယ‌နေ့(၂၉.၅.၂၀၁၂)ညအချိန်တွင် ထိုင်းနိုင်ငံသို့ ‌ရောက်ရှိမည်ဟု သတင်းရရှိသည်။