Home သတင်း ‌ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်‌ထောင်စု အဆင့် ‌ဆွေးနွးချက်များ

‌ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်‌ထောင်စု အဆင့် ‌ဆွေးနွးချက်များ

1966
ဧပြီလ၆ရက်။၂၀၁၂ခုနှစ်။ ‌ကေအိုင်စီအယ်ဒီတာချုပ် ‌နော်‌ဖော‌ဂေက တိုက်ရိုက် သတင်း‌ပေးပို့ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များ နှင့် မြန်မာအစိုးရကိုယ်စား လှယ်များသည် ပြည်‌ထောင်စုအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို ယ‌နေ့မနက် ၉နာရီခန့်အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်‌ထောင်စုအဆင့် ဝန်ကြီးများဖြစ်ကြသည့် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ စက်မှု (၁)ဝန်ကြီး ဦး‌ကျော်မင်း၊ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီး ဦး‌ဇော်မင်း၊ လျှပ်စစ်(၂)ပြည်‌ထောင်စုဝန်ကြီး ဦးခင်‌မောင်စိုး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်‌တောဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်း‌ဌေး၊ ပြည်‌ထောင်စုအဆင့် ဒုနယ်စပ်‌ရေးရာ ဝန်ကြီး ဗိုလ်ချုပ်‌ဇော်ဝင်း၊ ဒု‌ရှေ့‌နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်း‌ဒေသကြီး၏ စစ်ဘက်ဆိုင်ရာ လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ တပ်မ‌တော် (ကက)ကြည်းမှ ဒုဗိုလ်မှူးကြီး ‌ဇော်နိုင်ဦးနှင့် ငြိမ်းချမ်း‌ရေး အကျိုး‌ဆောင်များဖြစ်ကြသည့် ဦးတင်‌မောင်သန်း၊ ဦးလှ‌မောင်‌ရွှေ၊ ‌ဒေါက်တာ‌ကျော်ရင်လှိုင်၊ ဦးကိုကို‌မောင်၊ ဦး‌ငွေစိုးနှင့် ဦးဆန်နီညွန့်သိန်းတို့ ပါဝင်သည်။

‌ကေအဲန်ယူဘက်မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်၊ ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူး‌စေးဖိုး၊ ပဒို‌စောအားတိုး၊ ပဒို‌စောတာဒိုမူး၊ ‌နော်ဘလူး‌မေးနိုက်ဇံ၊ ဗိုလ်မှူးကြီး ‌စောမိုးဖြူ၊ ဗိုလ်မှူး‌ရောဂျာခင်၊ ဗိုလ်မှူး ထူးထူး‌လေး၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စော‌ရွှေ‌မောင်း၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒို‌စော‌အောင်ဝင်‌ရွှေ၊ ‌နော်‌မေဦး၊ ပဒို‌သောသီဘွဲတို့ ပါဝင်‌ဆွေး‌နွေးခဲ့သည်။

ယ‌နေ့မနက် ၉နာရီမှ ၁၂နာရီအထိ ‌ဆွေး‌နွေးခဲ့ကြသည်မှာ
၁။ ပြည်တွင်း ကရင်လူထုများ၏ အ‌ခြေအ‌နေများဖြစ်ကြသည့် ‌နေထိုင်‌ရေး၊ လုံခြုံ‌ရေးနှင့် စားဝတ်‌နေ‌ရေးကိစ္စ၊
၂။ ပြည်တွင်း ဒုက္ခသည် (အိုင်ဒီပီ)အ‌ခြေအ‌နေ၊
၃။ အမျိုးသမီးများနှင့် က‌လေးသူငယ်များ၏ ဘဝလုံခြုံမှုကိစ္စ၊
၄။ အတင်းအဓမ္မ လုပ်အားခိုင်း‌စေမှုကိစ္စ၊
၅။ ပြည်တွင်း ဖွဲ့ဖြိုး‌ရေး လုပ်‌ဆောင်ရာမှာ အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ (NGOs)အဖွဲ့များ၏ အ‌ရေးပါမှုကိစ္စများ၊
၆။ အကျဉ်းသားကိစ္စများနှင့်
၇။ ‌မြေယာ သိမ်းဆည်းမှုကိစ္စများကို ‌ဆွေးနွးခဲ့ကြသည်။

ထို‌ဆွေး‌နွေးချက်များအ‌ပေါ် အစိုးရဘက်မှ ဝန်ကြီးဦး‌အောင်မင်းက နိုင်ငံ‌တော် အစိုးရအ‌နေဖြင့် အိုင်ဒီပီကိစ္စများကို အရင်ဆုံး ဦးစား‌ပေးလုပ်‌ဆောင်ဖို့ သ‌ဘောထားရှိ‌ကြောင်း။ အဘယ်‌ကြောင့်ဆို‌သော် အိုင်ဒီပီသည် ဒုက္ခသည်နှင့်မတူပဲ ‌နေစရာ၊ စားစရာ အခက်အခဲရှိသည့်အတွက်‌ကြောင့် ပိုပြီး အ‌ရေးကြီး‌ကြောင်း တင်ပြသည်။

ထို့အပြင် အိုင်ဒီပီနှင့် ဆက်စပ်ပြီး ဒုက္ခသည်များ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက်ကိုလည်း နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များ အပြန်လှန်‌ဆွေး‌နွေးခဲ့သည်။

ထိုအချက်အလက်များကို နှစ်ဦးနှစ်ဖက် ပူး‌ပေါင်းပြီး လက်တွဲ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ကြမည်ဟု နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်များက သ‌ဘောထားရှိကြသည်။