Home သတင်း ၂၀၀၈ဖွဲ့စည်းပုံအချက်အချို့‌ကြောင့် NLD ကိုယ်စားလှယ်များ လွှတ်‌တော်တက်ရန် မ‌သေချာ

၂၀၀၈ဖွဲ့စည်းပုံအချက်အချို့‌ကြောင့် NLD ကိုယ်စားလှယ်များ လွှတ်‌တော်တက်ရန် မ‌သေချာ

1746
ဧပြီလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ၏ လွှတ်‌တော်ကိုယ်စားလှယ်များက ၂၀၀၈ ဖွဲ့ စည်းပုံပါ အ‌ခြေခံဥပ‌ဒေအချို့ကို သ‌ဘောတူညီမှုမရှိသဖြင့် ဧပြီ ၂၃ရက်‌နေ့တွင် ကျင်းပမည့် လွှတ်‌တော်သို့ တက်‌ရောက်ရန် မ‌သေချာ ‌သေး‌ကြောင်း သိရသည်။

ယမန်‌နေ့တွင် ဖွဲ့စည်းပုံဆိုင်ရာ အ‌ခြေခံဥပ‌ဒေခုံရုံး၏ ဖိတ်ကြားမှု‌ကြောင့် ထိုရုံးသို့သွား‌ရောက်ခဲ့ပြီး ခုံရုံးမှ တင်ပြသွားသည့် ဥပ‌ဒေအချက် အလက်အချို့အား သ‌ဘောမတူမှုများ ရှိ‌နေ‌ကြောင်း NLD မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‌ပြောသည်။

“ကျ‌နော်တို့ သ‌ဘောမတူတာ‌တွေ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ထိုသ‌ဘောမတူညီခဲ့သည့် အချက်အလက်များနှင့် ပတ်သက်၍ ‌ပြေလည်‌အောင် ပြင်ဆင်ချင်လိုသည်များကို ပြင်ဆင်‌ရေးသားပြီး ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေဆိုင်ရာခုံရုံး၊ သမ္မတရုံးနှင့် ပြည်သူ့လွှတ်‌တော်သို့လည်း စာတင်မည်ဟု ၎င်းက ‌ပြောသည်။

ဦးဉာဏ်ဝင်းက “အဲဒါက ကျ‌နော်‌ရေး‌နေတုန်းပါ။ သုံးချက်ဖြစ်မလား၊ ‌လေးချက်ဖြစ်မလား။ ဥပမာတစ်ခု ကျ‌နော်‌ပြောမယ်။ ဥပ‌ဒေတစ်ရပ် က A ဆိုတဲ့ ဥပ‌ဒေဟာ A+လို့ ပြင်လိုက်တယ်။ အဲလိုပြင်လိုက်ရင် A ဥပ‌ဒေအရလုပ်ထားတဲ့ ကိစ္စရပ်မှန်သမျှ စကားလုံးမှန်သမျှ A+ နဲ့ညီ ‌အောင် လုပ်ရမယ် ဆိုတာမျိုးပါ။ ဘယ်စာအုပ်ထဲမှာမှ‌တော့ မပါပါဘူး။ ဥပ‌ဒေ သ‌ဘောတရားအရပါပဲ”ဟု ဆိုသည်။

ထို့အပြင် ပြင်ဆင်လိုသည့် အချက်အလက်များကို ပြင်ဆင်ချိန်နှင့် ၂၃ရက်‌နေ့တွင် ကျင်းပမည့် လွှတ်‌တော် အစည်းအ‌ဝေး တက်‌ရောက် မည့် အချိန်မှီ နိုင်‌လောက်သည့် အ‌နေအထားမ‌တွေ့ရသဖြင့် NLD ကိုယ်စားလှယ်များ လွှတ်‌တော် မတက်ဖြစ်ရန် ရာခိုင်နှုန်းများ‌ကြောင်း သိရသည်။

NLD ရုံးချုပ်တွင် ဧပြီ ၁၉ရက်မှ ၂ဝရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် လွှတ်‌တော်ကိုယ်စားလှယ်များ အစည်းအ‌ဝေးတွင် ထိုအ‌ကြောင်းအရာနှင့် ပတ်သက်၍ တင်ပြ‌ဆွေး‌နွေးခဲ့ကြပြီး ကိုယ်စားလှယ်များက သ‌ဘောတူညီကြ‌ကြောင်း ဦးဉာဏ်ဝင်းက ဆက်ရှင်းပြသည်။

“ဒီ‌နေ့ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ လူကြီး‌တွေကို ကျ‌နော် ဒီအ‌ခြေအ‌နေရှင်းပြတယ်။ ရှင်းပြတဲ့အခါမှာ ကျ‌နော် သ‌ဘောမတူတဲ့အချက်‌တွေ ကို ‌ဒေါ်‌အောင်ဆန်းစုကြည်လည်း သ‌ဘောမတူပါဘူး။ အဲဒီအ‌ပေါ်မှာလည်း အခုချိန်ထိ NLD အမတ်‌တွေရဲ့ သ‌ဘောထား‌တွေက တစုတ စည်းတည်း ရှိပါတယ်။ ဒီဟာနဲ့ပက်သတ်ပြီး‌တော့ ပြီးပြတ်‌အောင်၊ ‌ပြေလည်‌အောင် ကျ‌နော်တို့ ကြိုးစားမှာပါ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ် ၄၅‌နေရာတွင် NLD မှ ၄၄‌နေရာ ဝင် ‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃‌နေရာတွင် အနိုင်ရရှိသွားခဲ့သည်။

ဧရာဝတီတိုင်း ‌မြောင်းမြမြို့နယ်ရှိ NLD ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် မန်း‌ဂျော်နီကလည်း ၂၃ရက်‌နေ့တွင် လွှတ်‌တော်တက်ဖြစ်၊ မဖြစ်ကို အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လုပ်‌ဆောင်သွားမည်ဟု ‌ပြောသည်။