Home လူထုအသံ ပေးစာကဏ္ဍ ဖြစ်ပျက်မှုအမှန်ကို အသိ‌ပေးခြင်း (‌ပေးစာ)

ဖြစ်ပျက်မှုအမှန်ကို အသိ‌ပေးခြင်း (‌ပေးစာ)

2328
ကျ‌နော်ဟာ တပ်မဟာ(၃)က အညတြ ရဲ‌ဘော်‌လေးပါ။

ကျ‌နော်တို့ရဲ့ ‌ကျောက်ကြီးမြို့မှာ (‌ကေအဲန်ယူ) ဆက်ဆံ‌ရေးရုံး လာဖွင့်တဲ့အ‌ကြောင်းကို အနည်းငယ် ‌ပြောပြချင်လို့ပါ။ ရုံးလာဖွင့်တာက ဧပြီလ (၉)ရက်‌နေ့‌ပေါ့။ အဲဒီ (‌ကေအဲန်ယူ)ဆက်ဆံ‌ရေးရုံးမဖွင့်ခင်က ယခင်က အဲဒီရုံးဟာ ကြံ့ခိုင်‌ရေးပါတီရုံး‌ပေါ့။ ဆက်ဆံ‌ရေးရုံး လာဖွင့် ‌တော့မယ်ဆိုမှ ကတိုက်ကရိုက် ကြံ့ခိုင်‌ရေးပါတီရုံး ဆိုင်းပုဒ်ကိုချ၊ (‌ကေအဲန်ယူ) ဆက်ဆံ‌ရေးရုံးဆိုင်းပုဒ်ကို တင်ပါ‌တော့တယ်။ ဒါက အံ့ဩ စရာ မဟုတ်ပါဘူး။ အံ့ဩစရာက (‌ကေအဲန်ယူ) ဆက်ဆံ‌ရေးရုံးဆိုင်းပုဒ် ဖွင့်လှစ်ခြင်း အခမ်းအနားပြီး‌တော့ ‌နောက်ရက်မှာ နဂို ကြံ့ခိုင်‌ရေး ပါတီရုံး ပြန်ဖြစ်သွားတာက အံ့ဩစရာပါ။

ဒီအခါမှာ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေကို ဘယ်‌လောက်အ‌လေးထား ဆက်ဆံတယ်ဆိုတာ မြင်သာပါတယ်။ အဲဒီ‌တော့ ဒီ‌လောက် မီဒီ ယာ‌တွေရှိ‌နေတဲ့ မြို့‌တွေ‌ပေါ်မှာ‌တောင် ဒီလိုမျက်လှည့်ပွဲမျိုး လုပ်နိုင်တယ်ဆို‌တော့ (‌တော‌တောင်ထဲမှာ) ပုန်း‌နေတဲ့ (အိုင်ဒီပီ) ‌ဒေသ‌တွေမှာဆိုရင်‌တော့ ‌ပြောစရာ မလို‌တော့ပါဘူး။ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်များကိုလည်း အကြံ‌ပေးချင်ပါတယ်။ အပစ်အခတ် ရပ်စဲ‌ရေး လက်မှတ်ထိုးမယ်ဆိုရင်‌တောင် ‌သေချာစဉ်းစား ဆုံးဖြတ်‌စေချင်ပါတယ်။ ဥပမာ (အိုင်ဒီပီ)‌ဒေသများမှ ပြည်သူများထံ ကွင်းဆင်း‌လေ့လာ ပြီး သ‌ဘောထား‌ကောက်ယူခြင်း၊ တပ်မဟာ‌အောက်‌ခြေအဆင့် ဖြစ်နိုင်လျှင် တပ်ခွဲအဆင့်မှစပြီး ရဲ‌ဘော်များ၏ သ‌ဘောထား ‌ကောက်ယူ ခြင်းကို ပြုလုပ်သင့်ပါသည်။ ကျ‌နော် သိသ‌လောက်ဆိုလျှင် ကျ‌နော့် တပ်မဟာအတွင်းတွင်လည်း ယခု လက်မှတ်ထိုးပြီးကာလတွင် ‌အောက်‌ခြေအဆင့် ‌ရှေ့တန်းရဲ‌ဘော်များအကြားတွင် အမြင်အမျိုးမျိုး ကွာခြား‌နေပါသည်။

ငြိမ်းချမ်း‌ရေးဆိုသည်မှာ လူမျိုးတိုင်းလိုချင်ပါသည်။ အထူးသဖြင့် (၆၃)နှစ်‌ကျော် ခံစားလာခဲ့ရတဲ့ ကျ‌နော်တို့ ကရင်ပြည်သူ၊ ကရင်‌တော်လှန်‌ရေးသမားများသည် ငြိမ်းချမ်း‌ရေးကို ပိုမို ငတ်မွတ်ပါလိမ့်မည်။ သို့‌သော် ယခုကဲ့သို့‌သော အပစ်အခတ်ရပ်စဲ‌ရေးအဆင့်၊ ဖွံ့ဖြိုး‌ရေးအဆင့်‌လောက်ကို စစ်မှန်‌သော ငြိမ်းချမ်း‌ရေးဟု မခံစားမိပါ။ ‌တော်လှန်‌ရေးဘာ‌ကြောင့် စခဲ့ရသလဲ။ ‌တော်လှန်‌ရေးစတင်ချိန်မှာ ဘာ‌တွေ‌တောင်းဆိုခဲ့သလဲဆိုတာ မ‌မေ့သင့်ပါ။ ကျ‌နော်ဆက်ဆံရ‌သော ‌ဒေသခံ ကျ‌နော်တို့လူမျိုးများ၏ အသံများကို ‌ပြောရမယ်ဆိုလျှင် အစိုးရဘက်မှ တပ်များကို ဆုတ်‌ပေးပြီး (အိုင်ဒီပီ) ‌ဒေသခံများ ၎င်းတို့၏ နယ်‌မြေ‌ဒေသများတွင် ပြန်လည်အ‌ခြေချ ‌နေထိုင်ရဲ‌အောင် အခွင့်‌ရေး‌ပေးနိုင်မှ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး၊ ထာဝရငြိမ်းချမ်း‌ရေးဆီသို့ ဦးတည်နိုင်မှာ ဖြစ်ပါသည်။ ကျ‌နော်တို့၏ ‌ခေါင်း‌ဆောင်များအ‌နေ ဖြင့်လည်း အချိန်မှီ တပ်ဆုတ်ခွာ‌ရေးကို ‌ဆွေး‌နွေးနိုင်ပါမှ အစိုးရ၏ လှည့်ကွက်ကို မခံရမှာ ဖြစ်ပါတယ်။

ယခုပင်လျှင် တပ်မဟာ (၄) ‌ရှေ့တန်းတစ်‌နေရာတွင် ‌ကေအဲန်အယ်လ်‌အေ တပ်သားများ စိတ်ထင်တိုင်းကြဲ‌နေကြပြီး ဖြစ်သည်။ ထိုသို့ဖြစ် ‌အောင် မည်သည့်အချက်များက တိုက်တွန်း‌နေပါသလဲ။ ‌ခေါင်မိုးမလုံလျှင် အိမ်တစ်အိမ်လုံခြုံနိုင်‌တော့မည် မဟုတ်‌ပေ။ တစ်စစီ မပြိုကွဲ‌စေ ချင်ပါ။ စဉ်းစား‌ပေးကြ‌စေချင်ပါသည်။

‌ရှေ့‌ဆောင်နွား‌နောက် ‌ဖြောင့်‌ဖြောင့်သွား‌သော် ‌နောက်နွားတစ်သိုက် ‌ဖြောင့်‌ဖြောင့်လိုက်၏။ အဓိကနှင့် သာမညကို ခွဲခြားသိ‌စေချင်ပါ သည်။ (၆၃)နှစ် ‌တော်လှန်ခဲ့သည်မှာ အပစ်အခတ်ရပ်စဲပြီး ဖွံ့ဖြိုး‌ရေး လုပ်ရန် မဟုတ်ပါ။