Home သတင်း မယ်လဒုက္ခသည်စခန်း ကျမ်းစာသင်‌ကျောင်း မီး‌လောင်

မယ်လဒုက္ခသည်စခန်း ကျမ်းစာသင်‌ကျောင်း မီး‌လောင်

2834
ဧပြီလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်း ဇုံ(စီ-ဝမ်း)တွင် ယ‌နေ့ ‌နေ့လည် ၁၂နာရီခွဲတွင် ‌ကော်သူး‌လေ ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင် ‌ကောလိပ်‌ကျောင်းအတွင်း မီး‌လောင်ခဲ့ရာ ရိက္ခာဂို‌ဒေါင်၊ စာကြည့်တိုက်နှင့် ကျမ်းစာ‌ကျောင်းရှိ အ‌ဆောက်အအုံအားလုံး မီးထဲ ပါသွားသည်ဟု သိရသည်။

ကိုယ်တိုင် မြင်‌တွေ့သူ မယ်လစခန်း ကျမ်းစာ‌ကျောင်းဆရာမ ‌နော်တာမလာ‌ဖောက “မီးက ‌တော်တာ်ပြင်းတယ်။ ကျမတို့ ‌ကျောင်းမှာ ဘာမှ မယူနိုင်ဘူး။ မီးထဲ အကုန်ပါသွားတယ်။ ကွန်ပျူတာ‌ကော၊ အတီးအမှုတ် တူရိယာ‌တွေကအစ ဘာမှ မယူ နိုင်ခဲ့ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်ပွားသည့် မီး‌လောင်မှုသည် မည်သည့်အ‌ကြောင်း‌ကြောင့် စတင်‌လောင်ကျွမ်းခဲ့သည်ကို မသိရ‌သေး‌သော်လည်း ကျမ်းစာ ‌ကျောင်းအဝင်းရှိ ‌ကျောင်းအုပ်အိမ်၌ ဝါယာ‌ရှော့ဖြစ်ရာခဲ့ရာမှ စတင် ‌လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ယူဆရ‌ကြောင်း သူမက ဆက်‌ပြော သည်။

ကျမ်းစာ‌ကျောင်းဝင်း၌ အ‌ဆောက်အဦးများဖြစ်သည့် ‌ကျောင်းအုပ်‌နေအိမ်နှင့် ဧည့်အိမ် အပါအဝင် စာသင်ခန်း၊ ကွန်ပျူတာ၊ စားဖို၊ ‌ဘော် ဒါ‌ဆောင်၊ အတီးအမှုတ် စသည့် အ‌ဆောက်အဦးများသည် တလုံးမကျန် မီးထဲပါသွားသည်ဟုလည်း ဇုံစီတွင် ‌နေထိုင်သူ ဒုက္ခသည်များက ‌ပြောဆိုသည်။

မယ်လဒုက္ခသည်စခန်းအတွင်း ဇုံ(စီ-1) အပါအဝင် နီးစပ်ရာ ရပ်ကွက်သူ ရပ်ကွက်သားများက ၁နာရီကြာ‌အောင် ‌လောင်ကျွမ်းသည့် မီးကို သွား‌ရောက် ငြိမ်းသတ်ခဲ့ကြပြီး မီးအရှိန် ‌လျှော့ကျသွားမှသာ ထိုင်းမီးသတ်ကား၊ ထိုင်းရဲများနှင့် စခန်းဆိုင်ရာ ထိုင်းလုံခြုံ‌ရေးအဖွဲ့များ ‌ရောက်ရှိလာကြသည်။

“မီး‌လောင်ကျွမ်းမှုမှာ ထိခိုက်ဒဏ်ရာရသူ‌တွေ‌တော့ မရှိဘူး။ ပျက်စီးရှုံးဆုံးခဲ့ရတဲ့ ပစ္စည်းတန်ဖိုး‌တွေနဲ့ ပတ်သက်လို့‌တော့ အ‌သေးစိတ် မသိ ရ‌သေးဘူး။”ဟု မယ်လစခန်း ဥက္ကဌ ‌စောထွန်းထွန်းက ‌ပြောသည်။

ဆက်လက်၍ ၎င်းက မယ်လဒုက္ခသည်စခန်းတွင် ယခင်နှစ်များအတွင်း မီး‌လောင်မှု ဖြစ်ပွားမှုများ ရှိခဲ့‌သော်လည်း အိမ်တစ်လုံး၊ နှစ်လုံးအ ထိသာ ‌လောင်ကျွမ်းခဲ့ပြီး ယခုလို ကြီးမားသည့် မီး‌လောင်ကျွမ်းမှုမျိုး မရှိခဲ့‌ကြောင်း ‌ပြောသည်။

မယ်လစခန်းရှိ လူငယ်တစ်ဦးက “မီးညွှန့်က‌တော့ ကျိုးသွား‌ပေမဲ့ ‌လောင်စ‌လေး‌တွေ နည်းနည်း‌တော့ ရှိ‌သေးတယ်။ လူတစ်‌ယောက်‌တော့ မီးသတ်ရင်း ထိခိုက်မှုရှိတာ ‌တွေ့လိုက်တယ်”ဟု ယ‌နေ့ မွန်းလွဲ ၁နာရီခွဲတွင် ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး လက်ရှိ လူဦး‌ရေ ၄၉,၀၀၀‌ထောင်‌ကျော် ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ-‌ကေအာရ်စီ၏ ဇန်နဝါရီထုတ် မှတ်တမ်းအရ သိရ သည်။

မယ်လစခန်းသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်မြို့၏ ‌တောင်ဘက် ၅၇ကီလိုမီတာ အကွာတွင် တည်ရှိသည်ဟု ထိုင်း-မြန်မာနယ် စပ်တစ်‌လျှောက် ကူညီ‌စောင့်‌ရှောက်‌ရေး ညွှန့်‌ပေါင်းအသင်း-TBBC ၏ မှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၃ရက်က အုန်းဖျန်ဒုက္ခစခန်း မီး‌လောင်မှုဖြစ်ပွားခဲ့ရာ အိမ်‌ခြေ ၅၆၆လုံး ‌လောင်ကျွမ်းကာ ၅၁၅လုံးမှာ ဖျက်ဆီးခဲ့ ရပြီး မီး‌ဘေးဒုက္ခသည် ၄၄၀၀‌ကျော် ဖြစ်ခဲ့ရသည်။