Home သတင်း ဖမ်းဆီးခံခဲ့ရပြီး ‌သေဆုံးသွား သည့်‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၂ဦး၏အ‌လောင်း ‌ပျောက်ဆုံး‌နေ

ဖမ်းဆီးခံခဲ့ရပြီး ‌သေဆုံးသွား သည့်‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၂ဦး၏အ‌လောင်း ‌ပျောက်ဆုံး‌နေ

2043
ဧပြီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် တရားမဝင် ဝင်‌ရောက်မှုဖြင့်နယ်စပ်ပြန်ပို့ခံခဲ့ရသည့် မြန်မာအလုပ် သမားဦး‌ရေ ၁၀ဝခန့်မှ ‌သေဆုံးသွား သူ ၂ဦး၏ ရုပ်အ‌လောင်းများမှာ ယခုအချိန်တွင် ‌ပျောက်ဆုံ‌နေ‌ကြောင်း‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ‌ပြောသည်။

“လက်ရှိ ‌ဆေးရုံကြီး မှာထားတယ်လို့‌ပြောလို့ လိုက်ကြည့်တဲ့အချိန်မှာ အဲဒီက ဝန်ထမ်း‌တွေကလည်း မသိဘူး‌ပေါ့။ မ‌ရောက်ဘူးလို့လည်း ‌ပြောတယ်”ဟု ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဥပ‌ဒေ‌ရေးရာ တာဝန်ခံ ကို‌ထွေးနိုင်က ‌ပြောသည်။

ပြီးခဲ့သည့်အပတ် သကြင်္န်ရက်များအတွင်း ပြည်တွင်းသို့ ပြန်လာကြသည့် အလုပ်သမား ၁၀ဝခန့်ကို ဘန်‌ကောက်မှ တာဝန်ရှိရဲများက ဖမ်း ဆီးခဲ့ပြီး ဧပြီလ ၁၇ရက်‌နေ့တွင် မြဝတီမြို့သို့ ပြန်လည် ပို့‌ဆောင်ရာ ကား‌ပေါ်တွင် ‌သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဖြစ်တာက ကား‌ပေါ်မှာဆို‌တော့ လူ‌တွေအ‌တော်များများက သတိမထားမိဘူးတဲ့။ သူတို့က အလယ်ထဲမှာဆို‌တော့ တချို့ကျ‌တော့လည်း သူ့ဖာသာသူ ဒီလိုပဲ စီးလာကြတာဆို‌တော့ သတိမထားမိဘူးတဲ့။ ကားက လုံလွန်းလို့ အမျိုးသားက နှလုံးရပ်သွားတာ။ တစ်‌ယောက်က ‌တော့ နဂိုကတည်းက အသက်ရှူကြပ်တဲ့အခံ ရှိတယ်လို့‌ပြောတယ်”ဟု ကို‌ထွေးနိုင်က ထိုကား‌ပေါ်တွင် လိုက်ပါလာသူတစ်ဦး၏ ‌ပြော စကားအရ ကိုးကား ‌ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ‌တောင်ပိုင်း ဆုန်ခလာခရိုင်မှ ‌မောင်းနှင်းလာ‌သော ဆယ်ဘီးကားသည် တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်‌ရေးရုံး‌ရှေ့အ‌ရောက် နား‌နေ စဉ် အလုပ်သမားများ ဆင်းသွားခဲ့ပြီး ကျန်ခဲ့သူ ၂ဦးတည်းသာရှိ‌နေသဖြင့် သွား‌ရောက်ကြည့်ရှုရာတွင် ‌သေ‌နေပြီ ဖြစ်‌ကြောင်း တာဝန်ကျ ရဲမှူးကြီး ယရိချချုမ့်ဆီ ယာဉ်‌မောင်းသူက အ‌ကြောင်းကြားခဲ့ခြင်းဖြစ်‌ကြောင်း ထိုင်းမန်‌နေဂျာအွန်လိုင်းသတင်းတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ‌သေဆုံးသူများမှာ ရာသီဥတု ပူပြင်းဒဏ် မခံနိုင်‌သော‌ကြောင့် ရုတ်တရက် ‌သေဆုံးသွားခြင်းဖြစ်ပြီး ၎င်းတို့မှာ အသက် ၂၅နှစ် အရွယ်ရှိ ‌မောင်စိုးနှင့် ၃၆နှစ်အရွယ်ရှိ မမိလာတို့ဖြစ်‌ကြောင်း ထိုသတင်း၌ ‌ဖော်ပြထားသည်။

“ခဏတဖြုတ်အ‌နေနဲ့ ဆင်းခိုင်းတယ်။ အ‌ပေါ့အပါးသွားချင်ရင် သွားခိုင်းတယ်။ အချိန်ရပြီဆိုရင် ဆက်ထွက်မယ်‌ပေါ့‌နော်။ မဟုတ်ရင် ဆင်း ခိုင်း‌နေတုန်း ‌ပြေးတာ‌တွေဘာ‌တွေ ရှိတယ်‌လေ။ အဲ့ဒါ‌ကြောင့် ‌နေရာတိုင်းမှာ မချ‌ပေးဘူး”ဟုလည်း ထိုကားတွင် လိုက်ပါလာသူတစ်ဦးက ‌ပြောသည်။

ထိုဖြစ်စဉ်၏ ‌နောက်ဆက်တွဲ သတင်းများ ထွက်‌ပေါ်လာခြင်း မရှိ‌သေး‌ကြောင်းလည်း ကို‌ထွေးနိုင်က ‌ပြောသည်။ “အ‌လောင်း‌တွေ ဘယ် ‌ရောက်‌နေတာလဲ‌တော့ အတိအကျ မသိရ‌သေးဘူး။ ‌တော‌မောရုံးကို ကျ‌နော်တို့အ‌နေနဲ့ တိုက်ရိုက် ဆက်သွယ်လို့လည်း မရဘူး‌လေ။ ကျ‌နော်တို့ဒီမှာရှိတဲ့ CBOs ‌တွေကလည်း လိုက်ပြီး စုံစမ်း‌နေတယ်”ဟု ‌ပြောသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခဲ့သည့် လူတစ်ရာခန့်အား မဆံ့ဘဲ ဆယ်ဘီးကား‌ပေါ်တွင် အဆမတန် တင်ခဲ့‌သော‌ကြောင့် လူ‌သေဆုံးရသည့်အ ဆင့်အထိ ဖြစ်ပွားခဲ့သဖြင့် ထိုင်းလူဝင်မှုကြီးကြပ်‌ရေးရုံးတွင် အဓိက တာဝန်ကြီးမား‌ကြောင်း ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဥပ‌ဒေ ‌ရေးရာ တာဝန်ခံ ကို‌ထွေးနိုင်က ဆိုသည်။

အလားတူ ယခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၂ရက်‌နေ့ကလည်း ထိုင်းနိုင်ငံ‌မြောက်ပိုင်း ကန်ဖယ်ဖဲချ်ခရိုင် ‌ခေါင်ခွန်ရွာအနီးတွင် ခရီးသည်တင် မှန် လုံကားတစ်စီး တိမ်း‌မှောက်ခဲ့ရာ မြန်မာနိုင်ငံသား နှစ်ဦး‌သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။