Home သတင်း ဒုက္ခသည်များအား ဒုတိယအကြိမ် လူထုရှင်းလင်းပွဲ‌ကေအဲန်ယူပြုလုပ်ပြီးစီး

ဒုက္ခသည်များအား ဒုတိယအကြိမ် လူထုရှင်းလင်းပွဲ‌ကေအဲန်ယူပြုလုပ်ပြီးစီး

1845
ဧပြီ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူသည် တနိုင်ငံလုံး အပစ်ရပ်‌ရေးအပါအဝင် ငြိမ်းချမ်း‌ရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာအစိုး ရနှင့် ဒုတိယအကြိမ် သွား‌ရောက် ‌တွေ့ဆုံခဲ့ပြီး‌နောက် ဧပြီ ၁၆ရက်‌နေ့က လူထုရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

လူထုရှင်းလင်းပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)‌နေရာတွင် ကျင်းပခဲ့ပြီး မြန်မာအစိုးရ နှင့် သွား‌ရောက်‌တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ် ၆ဦးက တက်‌ရောက်လာသည့် မြန် မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ လူထု ၃၀၀‌ကျော်ကို ရှင်းလင်း‌ပြောကြားခဲ့သည်။

အစိုးရနှင့် ‌တွေ့ဆုံမှုတွင် ဦး‌ဆောင်ခဲ့သူ ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် အပါအဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ ပဒို‌စောအားတိုး၊ ပဒို‌စော‌သောသီဘွဲ၊ ‌နော်ဘလူးမင်းနိုက်ဇံနှင့် ပဒို‌စောလှထွန်းတို့က လူထုအား ရှင်းလင်း‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‌နော်စီဖိုးရာစိန်က “ဒီတစ်ခါ အစိုးရနဲ့ သွား‌တွေ့တာက အပစ်ခတ်ရပ်စဲ‌ရေးကိစ္စကို တိကျ‌သေချာ‌အောင် သွား‌ဆွေး‌နွေးတာဖြစ်တယ်။ ဘာဖြစ်လဲဆို‌တော့ အရင်တခါသွားတာက အပစ်ခတ်ရပ်စဲကိစ္စက ပဏာမ အဆင့်ပဲ သ‌ဘောတူခဲ့တာ‌လေ။”ဟု ရှင်းပြခဲ့သည်။

သို့‌သော် အပစ်ခတ်ရပ်စဲ‌ရေးကိစ္စသည် နှစ်ဦးနှစ်ဖက် လက်မှတ်‌ရေးထိုးရုံမျှဖြင့် မပြီး‌သေးဘဲ လက်‌တွေ့‌ဆောင်ရွက်သွားရန်အတွက် မြန်မာအစိုးရနှင့် တဆင့်ပြီးတဆင့် ဆက်လက် အ‌ကောင်အထည်‌ဖော်သွားမည်ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

တက်‌ရောက်လာသည့် လူထုများက ‌ကေအဲန်ယူအ‌နေဖြင့် မြန်မာအစိုးရနှင့် တနိုင်ငံလုံး အပစ်ရပ်‌ရေး သ‌ဘောတူလက်မှတ်ထိုးထား ‌သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်‌နေသည်ကို ကြည့်ပါက ဆက်လက်‌တွေ့ဆုံ ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများကို သတိကြီးထားရန် လို‌ကြောင်း ‌ထောက်ပြ‌ပြောဆိုခဲ့ကြသည်။

ငြိမ်းချမ်း‌ရေးခရီးစဉ်တွင် ကိုယ်စားလှယ်အဖြစ် လိုက်ပါသွားခဲ့သူ ‌နော်ဘလူးမင်းနိုက်ဇံက “ကချင်‌ဒေသဘက်မှာ တိုက်ပွဲဆက်ဖြစ်‌နေတာ ကိုကြည့်ရင် စိုးရိမ်စရာပဲ။ ဒါက မဖြစ်သင့်ဘူး။ ဒီကိစ္စကိုလည်း ကျမတို့ ဆက်လက်‌ဆောင်ရွက်သွားမှာပါ။”ဟု ပြန်လည်‌ဖြေဆိုသည်။

ဧပြီလ ၆ရက်‌နေ့က ‌နော်စီဖိုးရာစိန်ဦး‌ဆောင်သည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ် အဖွဲ့ ၁၄ဦးနှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့ဝင်ဘက်မှ ရထားပိုး‌ဆောင်‌ရေးဝန်ကြီး ဦး‌ဆောင်သည့် ပြည်‌ထောင်စုဝန်ကြီး ၇ဦး အပါအဝင် ကိုယ်စား လှယ် ၁၉ဦးတို့က ရန်ကုန်မြို့တွင် ပြည်‌ထောင်စုအဆင့် ‌ဆွေး‌နွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သ‌ဘောတူညီမှုများ ရရှိခဲ့ကြ သည်။

ထို့အပြင် ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၇ရက်‌နေ့ ‌နေပြည်‌တော်တွင် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့်လည်း‌ကောင်း၊ ရန်ကုန်၌ နိုင်ငံ‌ရေးပါတီ ၂၄ခုအပြင် ဧပြီလ ၈ရက်‌နေ့၌ ရန်ကုန်ရှိ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း ‌တွေ့ဆုံခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က ‌ကေအဲန်ယူသည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် ‌တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူလက်မှတ်ထိုးပြီး‌နောက် ဇန်နဝါရီ ၁၆ရက်‌နေ့၌ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တ‌နေရာတွင် ပထမဆုံးအ ကြိမ် လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။