Home သတင်း ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဝါးဘ‌လောက်‌သောက်တွင် မဲ‌ပေးနိုင်သူစာရင်း မှားယွင်း‌နေ

‌ဒေါ်‌အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဝါးဘ‌လောက်‌သောက်တွင် မဲ‌ပေးနိုင်သူစာရင်း မှားယွင်း‌နေ

2238
မတ်လ ၁၂ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

‌ဒေါ်‌အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်အတွင်းရှိ ဝါးဘ‌လောက်‌သောက်ရွာတွင် မဲ‌ပေးနိုင်သူစာရင်း ကွာဟ‌နေ‌ကြောင်း ‌ကော့မှူးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးမှူး ဦးမြင့်သိန်းက ‌ပြောသည်။

ဝါးဘ‌လောက်‌သောက်ရွာတွင် မဲ‌ပေးနိုင်သည့် လူဦး‌ရေစာရင်းတွင် ၄၉၃ဦး လို‌နေသည်ကို ‌တွေ့ရသဖြင့် ပြန်ဖြည့်‌ပေးရန် ‌ကော်မရှင်သို့ ‌ပြောဆိုထား‌ကြောင်း ဦးမြင့်သိန်းက ယခုလို ‌ပြောသည်။

“ပြီးခဲ့တဲ့‌ရွေး‌ကောက်ပွဲကို အ‌ခြေခံပြီး‌တော့ စာရင်းကို ‌သေချာမလုပ်‌တော့ဘူး။ အရင်တုန်းက ကြိုတင်မဲလုပ်ချင်လို့ ‌ဖျောက်ထားတဲ့စာရင်း ကို အခု လူမရှိဘဲနဲ့ ကြိုတင်မဲသ‌ဘောမျိုး လုပ်ထားတယ်။ အဲဒီလူ‌တွေကို အကုန်ပြန်ပြီး ဖြည့်‌ပေးခိုင်းထားတယ်။”ဟု ၎င်းက ‌ပြောသည်။

ထိုကိစ္စကို ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်သို့လည်း အ‌ကြောင်းကြားထား‌ကြောင်း ဦးမြင့်သိန်းက ‌ပြောသည်။

၎င်းအပြင် ‌ကော့မှူးမြို့နယ်အတွင်းရှိ အခြား‌ကျေးရွာအချို့တွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင် မိသားစုများက မဲ‌ပေးခွင့်မရှိ ‌သေးသည့် အသက် ၁၁၊ ၁၂နှစ်အရွယ် က‌လေးများအား မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းထားခြင်းများလည်း ရှိ‌နေသည်ဟု ဆိုသည်။

မဲစာရင်းကွာဟမှုများနှင့် ပတ်သက်၍ ဓါတ်ပုံမှတ်တမ်းများကို ‌ကော့မှူးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)၏ ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေး ‌ကော်မတီက ‌ဒေါ်‌အောင်ဆန်းစုကြည်ထံသိုု့လည်း ပို့ထား‌ကြောင်း သိရသည်။

‌ကော်မရှင်မှ တချို့‌ကျေးရွာများတွင် စာရင်းပြင်ဆင်‌ပေးမှုရှိ‌နေ‌ကြောင်း သိရ‌သော်လည်း မဲစာရင်းကွာဟမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌအား ‌ကေအိုင်စီမှ ဖုန်းဖြင့် ဆက်သွယ်‌မေးမြန်းခဲ့ရာ မအားလပ်‌သေး‌ကြောင်းသာ ပြန်လည်‌ဖြေကြားသည်။

ဝါးဘ‌လောက်‌သောက်‌ကျေးရွာသည် ‌ကော့မှူးမြို့ အ‌ရှေ့ဘက် ၉မိုင်အကွာတွင် တည်ရှိပြီး ‌နေထိုင်သူများမှာ လယ်ယာလုပ်ငန်းကို အဓိ ကထား လုပ်ကိုင်ကြသည်။

ဧပြီလ ၁ရက်‌နေ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ၌ ရန်ကုန်တိုင်း‌ဒေသကြီး ‌ကော့မှူးမြို့နယ် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ‌ဒေါက်တာစိုးမင်း၊ ညီညွှတ်‌ရေးနှင့် ငြိမ်း ချမ်း‌ရေးပါတီမှ ဦးတင်ရီတို့ ဝင်‌ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။