Home သတင်း ပဒိုမန်းငြိမ်း‌မောင်ကိုတစ်သက်တစ်ကျွန်းနှင့် ‌ထောင် ဒဏ် ၃နှစ် ချမှတ်လိုက်ပြီ

ပဒိုမန်းငြိမ်း‌မောင်ကိုတစ်သက်တစ်ကျွန်းနှင့် ‌ထောင် ဒဏ် ၃နှစ် ချမှတ်လိုက်ပြီ

2367
မတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်၏ အမှုကို ပြစ်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ‌ထောင်ဒဏ် ၃နှစ်အဖြစ် ယ‌နေ့ အင်းစိန်‌မြောက်ပိုင်းခရိုင် ‌ထောင်တွင်းတရားရုံးတွင် စီရင်ချက် ချမှတ်လိုက်သည်။

ယ‌နေ့ မွန်းတည့် ၁၂နာရီအချိန်တွင် ပုဒ်မ ၁၇(၁)နှင့် ပုဒ်မ ၁၂၂/၁ဖြင့် တရားသူကြီး ဦးလှဝင်းမှ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပဒိုမန်းငြိမ်း ‌မောင်၏ အမှုကို လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ရှေ့‌နေ ဦးကြီးမြင့်က ‌ပြောသည်။

“၁၇(၁)ကျ‌တော့ ၃နှစ်ချတယ်ဗျာ။ ၁၂၂/၁က‌တော့ တစ်သက်တစ်ကျွန်းချတယ်။ နှစ်မှုကို တ‌ပေါင်းတည်း ကျခံ‌စေဆိုပြီး ချပါတယ်။ ဒီ‌နေ့ ၁၂နာရီမှာပါ။ အင်းစိန်‌မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီးက ဦးလှဝင်းပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရက ပထမတွင် တရားမစွဲသည့်အ‌ကြောင်း ‌ပြောဆိုခဲ့‌သော်လည်း ယခုကဲ့သို့ စီရင်ချက်ချလိုက်ခြင်းအ‌ပေါ် ပဒိုမန်းငြိမ်း‌မောင်ဘက်မှ မည်သည့်တုန့်ပြန်‌ပြောဆိုခြင်းမှ မပြုလုပ်‌တော့‌ကြောင်း ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေသည့်ကာလတွင် ပဒိုမန်းငြိမ်း‌မောင်ကဲ့သို့ ‌ကေအဲန် ယူ ‌ခေါင်း‌ဆောင်တစ်ဦးကို အစိုးရက စီရင်ချက်ချမှတ်လိုက်ခြင်းသည် ငြိမ်းချမ်း‌ရေးကို ထိခိုက်နိုင်သည့်အ‌ကြောင်းရှိသည်ဟု ‌ရှေ့‌နေဦး ကြီးမြင့်က ‌ထောက်ပြ‌ပြောဆိုသည်။

“ဒီအချိန်မှာ ငြိမ်းချမ်း‌ရေးယူထားတဲ့အဖွဲ့ ‌ကေအဲန်ယူအဖွဲ့ကြီးကလည်း ငြိမ်းချမ်း‌ရေး ပဏာမ ထိုးထားတယ်။ လက်နက်လည်း ကိုင်ထား တယ်။ အဲလိုအချိန်ကြီးမှာ ‌ကေအဲန်ယူက လူကြီးတစ်‌ယောက်ကို ကွက်ပြီး‌တော့ အ‌ရေးယူမယ်ဆိုရင် ငြိမ်းချမ်း‌ရေး‌တော့ ထိခိုက်နိုင်တဲ့အ ‌ကြောင်း‌တွေ ရှိတယ်။”ဟု ၎င်းက ‌ပြောသည်။

သို့‌သော် ယခုစီရင်ချက်နှင့် ပတ်သက်၍ ရက်‌ပေါင်း ၆ဝအတွင်း ပဒိုမန်းငြိမ်း‌မောင်အ‌နေဖြင့် အယူခံခွင့်ရှိ‌သေး‌ကြောင်းလည်း ‌ရှေ့‌နေ ဦးကြီးမြင့်၏ ‌ပြောပြချက်အရ သိရသည်။

ပဒိုမန်းငြိမ်‌မောင်၏ ဇနီးဖြစ်သူ ‌နော်ဝါးက“ စိတ်မ‌ကောင်းဘူး‌ပေါ့‌နော်။ အတီးလည်း အသက်ကြီး‌နေပြီ‌လေ။ လွတ်‌မြောက်‌စေချင်တာ‌ပေါ့ ‌နော်။ ‌ကေအဲန်ယူနဲ့ အစိုးရတို့ ‌တွေ့ဆုံတဲ့အခါမှာ အတီးကို ကယ်ထုတ်‌ပေး‌စေချင်တာ‌ပေါ့‌နော်။ ကယ်ထုတ်နိုင်ရင်‌တော့ အ‌ဒေါ်တို့ မိသား စုအ‌နေနဲ့ ဝမ်းသာလို့ မဆုံးပါဘူး။”ဟု ‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်အား ပြစ်ဒဏ်ချမှတ်လိုက်သည့်အ‌ပေါ် အစိုးရနှင့် ‌ကေအဲန်ယူတို့ကြား ငြိမ်းချမ်းတည်‌ဆောက်မှုတွင် ‌ကောင်းသည့် အပြု အမူ မဟုတ်သကဲ့သို့ အစိုးရလုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလမ်းစဉ်သည် လူအများ၏ ‌မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု KNU ၏ တွဲ ဘက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးကိစ္စကို အကြံ‌ပေးရင် ခင်ဗျား(ပဒိုမန်းငြိမ်း‌မောင်) စွဲချက်မတင်ဘူးလို့ ဆိုပြီးမှ ဒီလိုဖြစ်လာတယ်။ ဒီဟာမျိုး‌လေး‌တောင်မှ သူတို့ ကတိမတည်ရင် နိုင်ငံ‌ရေး၊ စစ်‌ရေးနဲ့ပတ်သက်ပြီး တတိုင်းပြည်လုံးပတ်သက်တဲ့ အမျိုးသား‌ရေးကိစ္စ‌တွေမှာ သူတို့ ဘယ်လိုလုပ် ကတိတည်မလဲ။”ဟု ဆိုသည်။

အစိုးရသည် အပစ်ရပ်‌ရေးကို ‌ပြောဆို‌နေ‌သော်လည်း ‌ကေအဲန်ယူ နယ်‌မြေအတွင်းသို့ တပ်အင်အား၊ လက်နက်၊ ရိက္ခာများ အဆမတန် ပို့ ‌ဆောင်‌နေသည့်အပြင် လူ့အခွင့်အ‌ရေးများ ဆက်တိုက် ကျုးလွန်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်‌ရေးအတွက် အလှမ်း‌ဝေးသွားနိုင် သည်ဟု ဗိုလ်မှူး‌စောလှ‌ငွေက ‌ထောက်ပြ‌ဝေဖန်လိုက်သည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီမှ အတွင်း‌ရေးမှူး ခူဦးရယ်ကလည်း “(အစိုးရ) တိုင်းရင်းသားအဖွဲ့အစည်း‌တွေနဲ့ ငြိမ်းချမ်း‌ရေး တည် ‌ဆောက်မှု စကား‌ပြော‌နေတဲ့အချိန်မှာ အ‌လျှော့အတင်း ပုံစံမျိုးနဲ့ စဉ်းစား‌ပေးသင့်တယ်။ ပဒိုမန်းငြိမ်းအတွက်တင် မဟုတ်ပါဘူး။ နိုင်ငံ‌ရေး အကျဉ်းသား‌တွေ အားလုံးအတွက်လည်း သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးတာမျိုး၊ ‌လျှော့‌ပေါ့‌ပေးတာမျိုး‌တွေ ထည့်ပြီး စဉ်းစားသင့်တယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က ရထားဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အ ဖွဲ့နှင့် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး ဦး‌ဆောင်သည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်တို့ ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး လက်မှတ်‌ရေးထိုးနိုင်ခဲ့သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် အစိုးရဘက်က ပဒိုမန်းငြိမ်း ‌မောင်ကို ပြန်လွှတ်‌ပေးမည်ဟု ‌ပြောဆိုခဲ့‌သော်လည်း လွှတ်‌ပေးခြင်း မရှိခဲ့‌ပေ။

အစိုးရအ‌နေဖြင့် ‌ကေအဲန်ယူ တင်ပြ‌တောင်းဆိုမှုများကို မလိုက်‌လျောဘဲ ၎င်းတို့ဖြစ်ချင်သည့် ပုံစံအတိုင်း ဆက်လက် ‌ဆောင်ရွက်သွား မည်ဆိုပါက ‌ကေအဲန်ယူနှင့် သွား‌နေ‌သော ‌တွေ့ဆုံမှုလမ်း‌ကြောင်းမှာ ရပ်တန့်သွားနိုင်သည်ဟု ခူဦးရယ်က ဆက်‌ပြောသည်။

‌ကေအဲန်ယူ၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်း‌မောင်သည် လက်နက်ကိုင် တိုင်းရင်းသား (၁၂)ဖွဲ့ပါဝင်သည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)၏ ‌ကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ၂၀၁၁ခုနှစ်၊ ဇူလိုင်လက တရုတ်နယ်စပ်သို့ မဟာမိတ်အဖွဲ့တချို့နှင့် ‌တွေ့ဆုံရန်အတွက် သွား‌ရောက်ခဲ့ရာမှ တရုတ်နိုင်ငံ ကူမင်‌လေဆိပ်တွင် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုပြီး ရန်ကုန်‌လေဆိပ်သို့ ပြန်ပို့ခံခဲ့ရကာ မြန်မာအစိုးရ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်။

ထို့‌နောက် ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၆၈နှင့် လူဝင်မှုကြီးကြပ်‌ရေး အက်ဥပ‌ဒေ-ပုဒ်မ ၁၃/၁ တို့ဖြင့် ‌ထောင်ဒဏ် (၆)လစီကျခံခဲ့ပြီး‌နောက် မတရားအသင်း ပုဒ်မ ၁၇(၁)နှင့် နိုင်ငံ‌တော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)တို့ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။

သူသည် ၁၉၆၇ခုနှစ်တွင် နိုင်ငံ‌ရေးအမှုဖြင့် မြန်မာအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ကိုကိုးကျွန်းအကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်။ ထိုမှတ ဆင့် အခြားရဲ‌ဘော် ၂ဦးနှင့်အတူ ပင်လယ်ပြင်ကို ‌လှေဖြင့် ဖြတ်သန်းကာ ထွက်‌ပြေးလွတ်‌မြောက်လာခဲ့‌သော်လည်း ဖဆပလ အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြန်သည်။ ၎င်းအ‌တွေ့အကြုံများကို အ‌ခြေခံကာ ‌ရေးသားထားသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်‌သောအခါ’ ဟူ ‌သော စာအုပ်ကို ‘ရဲ‌ဘော်‌ရှောင်း’ က‌လောင်အမည်ဖြင့် ၂၀၀ဝခုနှစ်‌နောက်ပိုင်းတွင် ထုတ်‌ဝေခဲ့သည်။