Home ကဗျာ ကမ်းနားသစ်ပင်

ကမ်းနားသစ်ပင်

2646


(လကင်္ာဒီပ)

မပွင့်မလင်း မရိုးရှင်းပါဘူး
မနူးမနပ်‌လေးလိုသ‌ဘောထား
လှည့်ဖျား‌ကွေ့လိမ် မာယာအခင်းအကျင်း
ငါးကြင်းဆီနဲ့ ငါးကြင်း‌ကြော်မယ့်အချိုး
လာဘ်ထိုးလိုက်တဲ့ငြိမ်းချမ်း‌ရေး
အ‌သေးအမွှား က‌လေးကစားစရာလိုပုံ‌ဖော်
အ‌လျော်အစား အဝယ်အ‌ရောင်းသဏ္ဍာန်
ကျွန်းပြန်ကြီးလည်း နယ်ရုပ်‌လေးဖြစ်ခဲ့ရပြီ။

‌ခေါင်းမာဂိုဏ်း ‌ခေါင်း‌ပျော့ဂိုဏ်း
‌ခေါင်းဒီဇိုင်းအစုံစုံ
‌ခေါင်းပုံဖြတ်ခဲ့ကြတာအတူတူပါ
တလွှာခြင်း တလွှာခြင်း သုံးသပ်ဆင်ခြင်
အဆိုးမြင်လွန်းခြင်းမဟုတ်ပါ
ထာဝရ အမြီး‌ကောက်ခဲ့ကြသမို့
‌ကောင်းမြင်ဖို့ ခဲယဉ်းလှပါဘိ‌လေ။

အမျိုးသားတန်းတူပါမှ
အကျိုးများ‌ကောင်းစွာ ဖွံ့ဖြိုးရှင်သန်နိုင်
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့
ရဲရင့်တဲ့ ဘဝအာမခံချက်ရှိပါမှ
ထာဝရငြိမ်းချမ်း‌ရေးအလှ
သာယာဝ‌ပြောရှိရ‌ပေလိမ့်
ထိတ်လန့်စိုးရွံ့‌နေကြရတဲ့ဘဝ
မညီမျှလှတဲ့ လူ‌နေမှုစနစ်
ကမ်းနားသစ်ပင်လို မရှင်သန်ချင်‌နေစမ်းပါနဲ့။

‌ဈေးဆစ်ရ‌အောင်ကလည်း
ပွဲစား‌တွေရဲ့ ကုန်ပစ္စည်းမဟုတ်ပြန်
‌ရွှေဉာဏ်‌တော်ကစားတဲ့ နိုင်ငံ‌ရေးဖဲဝိုင်း
သမိုင်းတရားခံ အဖြစ်ခံ‌တော့မလား
အားလုံးမြင်‌အောင်ကြည့် အားလုံးနားဆင်
ဂန္တဝင်အတွက် ဈာန်ဝင်
ပြင်ပြင်ဆင်ဆင် ထဲထဲဝင်ဝင်
ကရင်‌တွေ နိုင်ငံ‌ရေးလုပ်ကြဖို့လိုပြီ။

တမျိုးသားလုံးနဲ့ဆိုင်တဲ့အ‌ရေး
အ‌တွေးအ‌ခေါ် အယူအဆများ
အားလုံး‌ပေါင်းစပ်ထားပါမှ
ဂွင်ကျအံဝင် ထာဝစဉ်တည်တံ့မယ့်လမ်း‌ကြောင်း
တစ်ဦး‌ကောင်း တစ်‌ယောက်‌ကောင်းနဲ့မဖြစ်
စုစည်းကျစ်လစ်မှုရှိရမယ်
ရန်ပယ်‌ချောင်းက ‌ရေထု
မ‌ကောင်းမှု ‌ဘေးရန်အ‌ထွေ‌ထွေ
ပန်ထွာ‌ရေ…လာ‌ရောက် မှတ်‌ကျောက်တင်တိုက်စားပါလှည့်‌တော့။

မတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။