Home သတင်း ကျန်းမာ‌ရေး‌ကြောင့် မဲဆွယ်ခရီးစဉ် ‌ဒေါ်‌အောင်ဆန်းစုကြည် ဖျက်သိမ်း

ကျန်းမာ‌ရေး‌ကြောင့် မဲဆွယ်ခရီးစဉ် ‌ဒေါ်‌အောင်ဆန်းစုကြည် ဖျက်သိမ်း

1675
မတ်လ ၂၅ရက်၊ ၂၀၁၂။ နန်းသူး‌လေ (‌ကေအိုင်စီ)


‌ဒေါ်‌အောင်ဆန်းစုကြည်၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ယခုလအတွင်း သွား‌ရောက်မည့် မ‌ကွေးတိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက် ‌ကြောင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‌ပြောသည်။

“အနည်းငယ် ဖြစ်သွားတာ‌ပေါ့ဗျာ။ ‌ရေလမ်းခရီးမသွားဘူး‌တော့ လှိုင်းမူးတဲ့ဒဏ်‌ကြောင့်‌ကော‌ပေါ့။ သိပ်ကြီးကြီးမားမား‌တော့ မဟုတ်ပါဘူး” ဟု ဦးဉာဏ်ဝင်းက ‌ပြောသည်။

ပြီးခဲ့သည့်လ ၂၄ရက်‌နေ့တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် မြိတ်မဲဆွယ်စည်းရုံး‌ရေး ခရီးစဉ်သွားရာ ကျန်းမာ‌ရေးချို့ယွင်းမှု ရှိခဲ့သဖြင့် မိသား စုဆရာဝန်၏ အကြံ‌ပေးချက်အရ ဆက်လက်သွားမည့် သူမ၏ ခရီးစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်သည်။

ယခုလ (၂၇)နှင့် (၂၈)ရက်‌နေ့များတွင် မ‌ကွေး၊ ‌ကျောက်ပန်း‌တောင်း၊ ‌တောင်တွင်းကြီးနှင့် နတ်‌မောက်မြို့နယ်များသို့ သွား‌ရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည့်အတွက် ‌ဒေသခံပြည်သူများအား ‌တောင်းပန်သည့်စာတစ်‌စောင်ကို NLD က ယ‌နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။