Home အယ်ဒီတာ့အာဘော် အပစ်ရပ်မှု ‌နေးရှင်းဝိုက်ဒ် ဖြစ်ဖို့လို

အပစ်ရပ်မှု ‌နေးရှင်းဝိုက်ဒ် ဖြစ်ဖို့လို

1730
အယ်ဒီတာ့အာ‌ဘော်

အပစ်အခတ် ရပ်စဲ‌ရေး၊ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး၊ ငြိမ်းချမ်း‌ရေး ဆိုသည့်အသံများ လူတိုင်း၏ ပါးစပ်ဖျား၊ မီဒီယာများ၏ ထုတ်လွှင့် သံများ ကျယ်‌လောင်စွာ ထွက်‌ပေါ်‌နေသည်။ သမ္မတ ဦးသိန်းစိန် ဦး‌ဆောင်သည့် အစိုးရသစ်အဖွဲ့၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင် ‌ရေးအဖွဲ့ဝင်များသည် ကရင်၊ ကယား၊ မွန်၊ သျှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အလွတ်သ‌ဘော အကြိမ် ကြိမ် ‌တွေ့ဆုံခဲ့သည်။ တစ်ဖက်တွင်လည်း ကချင်‌ဒေသကို ‌မြေပြင်‌လေပြင် စစ်‌ရေးတိုက်ခိုက်မှုကိုလည်း မပြတ်ဆင်နွဲ‌နေသည်။

သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင် ထံ ဒီဇင်ဘာလ ၁ဝရက်‌နေ့က ထုတ်ပြန်စာ‌ပေးပို့လိုက်‌သော်လည်း စစ်‌ရေးတိုက်ခိုက်မှုမှာ နှစ်ကူးသည်အထိ ရပ်ဆိုင်းသွားခြင်း မရှိ‌ပေ။ မြန်မာအစိုးရသည် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် ဦး‌အောင်‌သောင်း၊ ဦး‌အောင်မင်း ဦး‌ဆောင်‌သော ၁၁ဦးပါ အဖွဲ့ကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့သည် နိုင်ငံ‌ရေးအရ ညှိနှိုင်း‌ဆွေး‌နွေးနိုင်ရန်အတွက်ဆိုကာ သမ္မတ၏ တာဝန်‌ပေး အပ်ချက်ဖြင့် ဒီဇင်ဘာလ ၁၈ရက်က KIO ထံ အသိ‌ပေးခဲ့သည်။

ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦး‌အောင်‌သောင်းနှင့်အဖွဲ့က ရှမ်းပြည်အထူး ‌ဒေသ-၄ မိုင်းလားအဖွဲ့နှင့် ဝ ပြည် ‌သွေးစည်းညီညွှတ်‌ရေးတပ်မ‌တော်(UWSA) အဖွဲ့များကို ဒီဇင်ဘာ ၂၆ရက်‌နေ့တွင် ‌တွေ့ဆုံခဲ့သည်။ ချင်း၊ ကရင် လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်‌ရေး လက်မှတ်ထိုးခဲ့သည်။ အစိုးရသည် နိုင်ငံ‌ရေးအရ ကမ်းလှမ်းမှုကတစ် ဖက်၊ မိမိတို့တပ်ကို စစ်သည်၊ လက်နက်၊ ရိက္ခာ ဖြည့်တင်းလာမှုကို မ‌လျှော့။

လက်ရှိ မြန်မာပြည်တွင် ‌နေထိုင်သူများ၊ ပြည်ပတွင် သွား‌ရောက်ခိုလှုံ‌နေသူများ၊ လက်နက်စွဲကိုင် ‌တော်လှန်‌နေသူများမှာ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲ ‌နေထိုင်‌ရေးကို ငတ်မွတ်‌နေကြသူ မြန်မာပြည်သူများသာ ဖြစ်သည်။ အာဏာရှင်ဟူသည် ကမ္ဘာတည်သ ‌ရွေ့ မတည်မြဲနိုင်။ အီရတ်မှ ဆဒ္ဒန်ဟူစိန်၊ လစ်ဗျားအာဏာရှင် ကဒါဖီတို့ ကျဆုံးသွားရသလို ‌မြောက်ကိုရီးယား သမ္မတ ကင်ဂျုံ အီးလ်လည်း ရာသက်ပန် သက်ရှင် တည်တံ့သွားနိုင်ခြင်း မရှိခဲ့။

မြန်မာပြည်တွင်လည်း တိုင်းရင်းသားများနှင့် ‌တွေ့ဆုံ ‌ဆွေး‌နွေး သ‌ဘောတူညီမှု မည်သို့ပင် လုပ်‌ဆောင်ပြသ‌နေ‌စေကာမူ စီမံ ကိန်းလုပ်ငန်းများ‌ကြောင့် သက်ဆိုင်ရာ ‌ဒေသခံများ၏ ထိခိုက်နစ်နာမှုများ၊ နှစ်ရှည် ‌နေရပ်စွန့်ခွာ ‌နေထိုင်‌နေရသူ တိုင်းရင်းသား ပြည်သူများ၊ မြို့ပြနှင့် နီးစပ်ရာ ‌ဒေသခံလူထုမှာ အဆင့်ဆင့်‌သော အာဏာပိုင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ပြုမူသမျှကို အလူးအလဲ ခံစား‌နေကြရသည်။

ဤကဲ့သို့ အစိုးရအ‌နေဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နှင့် စစ်‌ရေးလုပ်ငန်းစဉ်ကို မုန့်ပြ၊ တုတ်ပြ လုပ်‌ဆောင်ချက်ကို လက်‌တွေ့ ‌ဆောင်ရွက်‌နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့်လည်း တိုင်းပြည်တွင် စစ်‌ရေးစစ်ရာ ရတက်မ‌အေးသ‌ရွေ့ နိုင်ငံ့အ‌ရေးတစ်ခုလုံးကို မီးစတစ်ဖက်၊ ‌ရေစတစ်ဖက် ကိုင်တွယ်‌ဖြေရှင်းသင့်ပါ‌ကြောင်း ကရင်သတင်းစဉ်၏ အာ‌ဘော်ကို တင်ပြလိုက်ရပါသည်။