Home သတင်း အစိုးရနှင့် ‌တွေ့ဆုံသင့်‌ကြောင်း မွန်ပြည်သစ်ကို မွန်အမျိုးသား‌ရေး ရာအဖွဲ့ချုပ် အကြံပြု

အစိုးရနှင့် ‌တွေ့ဆုံသင့်‌ကြောင်း မွန်ပြည်သစ်ကို မွန်အမျိုးသား‌ရေး ရာအဖွဲ့ချုပ် အကြံပြု

2533
ဇန်နဝါရီလ ၂ဝရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မွန်ပြည်သစ်ပါတီကို အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး ဆက်လက်‌တွေ့ဆုံသွားသင့်‌ကြောင်း ယ‌နေ့ကျင်းပပြီးဆုံးသွားသည့် ဆဋ္ဌမ အကြိမ်‌မြောက် မွန်အမျိုးသား‌ရေးရာအဖွဲ့ချုပ်(Mon Affair Union-MAU) ညီလာခံမှ မွန်ပြည်သစ်ပါတီကို အကြံပြုခဲ့သည်။

အဆိုပါ ညီလာခံသို့ မွန်ပြည်သစ်ပါတီ‌ခေါင်း‌ဆောင်များ အပါအဝင် ပြည်တွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ‌ရောက် မွန်ကိုယ်စားလှယ်များ၊ ထိုင်းနှင့် နယ်စပ်‌ဒေသ‌ရောက် မွန်ကိုယ်စားလှယ်များ ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း လူ ၁၀၇ဦး တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

“အစိုးရနဲ့ ဆက်ပြီး‌တော့ ‌တွေ့ဆုံသွားသင့်တယ်။ ဒါ‌ပေမယ့် တကယ်စစ်မှန်တဲ့ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ဖြစ်လာနိုင်ဖို့က မွန် ပြည်သစ်ပါတီအ‌နေနဲ့ တင်ပြ‌ဆွေး‌နွေးသင့်တယ်။”ဟု မွန်အမျိုးသား‌ရေးရာ ညီလာခံသို့ တက်‌ရောက်ခဲ့သူတဦးက ‌ပြောသည်။

အဆိုပါညီလာခံကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၈ရက်‌နေ့မှ ၂ဝရက်‌နေ့ထိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်‌မြေအတွင်း ဘုရားသုံးဆူ မြို့နယ်၊ ဗလဲ့ဒွန်းဖိုက်‌ကျေးရွာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံ တက်‌ရောက်ခဲ့သူ နိုင်‌ရွှေသိန်းက “ညီလာခံက ဆုံးဖြတ်ခဲ့တာ‌တွေကို မကြာခင်မှာ ‌ကြေညာချက်ထုတ်မယ်။ အဓိက က‌တော့ ပြည်တွင်းမှာရှိတဲ့ မွန်ပါတီ နှစ်ပါတီလည်း တပါတီတည်းဖြစ်ဖို့ နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ဖို့ စတာ‌တွေကို MAU က ‌နေ ဝိုင်းဝန်းကြိုးပမ်းသွားမယ်။ အဲဒါ‌တွေ ပါတာ‌ပေါ့။”ဟု ‌ပြောသည်။

မွန်အမျိုးသား‌ရေးရာ နှီး‌နှောဖလှယ်ပွဲသို့ မွန်အမျိုးသားတပ်မ‌တော်၊ မွန်အမျိုးသားပညာ‌ရေးနှင့် အနာဂတ် မွန်အမျိုးသား‌ရေး စု‌ပေါင်း‌ခေါင်း‌ဆောင်မှု စသည့်ကဏ္ဍကြီး ၄ခုအ‌ပေါ် တက်‌ရောက်လာကြသူများက ‌ဆွေး‌နွေး သုံးသပ် တင်ပြခဲ့ကြသည်။

ထိုသို့ တက်‌ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များ အစီရင်ခံတင်ပြခဲ့ကြသလို မွန်ပြည်သစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်ဟံသာကလည်း လက်ရှိ မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား လက်ခံ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည့်ကိစ္စကိုလည်း ပြန်လည်ရှင်းလင်းခဲ့သည်။

မွန်ပြည်သစ်ပါတီအ‌နေဖြင့် မြန်မာအစိုးရကိုယ်စားလှယ်နှင့် မကြာခင် ထပ်မံ ‌တွေ့ဆုံရန်ရှိ‌သော်လည်း ‌တွေ့ဆုံမည့် ရက်အတိ အကျနှင့် အစိုးရထံ တင်ပြ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများကို လာမည့် ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ဆုံးဖြတ်သွား မည်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်‌ထောမွန်က ညီလာခံတွင် ရှင်းလင်းသွား‌ကြောင်း သိရသည်။

မွန်အမျိုးသား‌ရေးရာအဖွဲ့ချုပ် ညီလာခံကို ၂၀၀၂ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး ထိုမှ ၂နှစ်လျှင်တကြိမ် ကျင်းပလာခဲ့ကြသည်။