Home ကဗျာ လှိုင်း‌လေရူး မှိုုင်း‌တွေမူး

လှိုင်း‌လေရူး မှိုုင်း‌တွေမူး

2193

(လကင်္ာဒီပ)

‌ခြောက်ဆယ့်သုံးနှစ်ဆိုတဲ့ခရီး
နီးလည်းမနီး ငြီးလည်းမငြီးခဲ့
ပြင်းပြတဲ့ဆန္ဒ ‌တောင်းတ‌မျှော်လင့်ခြင်း
အပြင်းဆုံးနှင်လာခဲ့တာ
ငါ…မ‌မောခဲ့မိပါဘူး
လှိုင်း‌လေရူးမှာ မှိုင်း‌တွေမူးကုန်ပြီလား
“အစားမ‌တော်တလုတ် အသွားမ‌တော်တလှမ်း”
ဖြတ်သန်းခဲ့ အထပ်ထပ်ဓါး‌တောင်
ဆင်‌ကောင်ကြီး အမြီးကျမှ
တစ်ရ‌တော့မှာလားဗျို့။

ဘယ့်နှယ့်ကွယ်…‌သေချာလုပ်ပါအုံး
‌ရွေးချယ်ထုံး‌တွေမှန်ဖို့လိုတယ်‌လေ
“တံလျပ်‌ရေထင် ‌ရွှေသမင်အလိုက်မှား”
လွဲထွက်သွား လမ်း‌ကြောင်းမူ
လက်ပူတိုက်ကုသလို့မရ
သူ့အကြပ်အတည်း သူ့အငိုက်
နင်…သွားမမိုက်ချင်စမ်းပါနဲ့။

ငါ့‌မြေ‌ပေါ်‌နေ ငါ့‌ရေကို‌သောက်ပြီးမှ
ပြတိုက်ထဲမပို့ခင် နင်တို့ငါတို့ကိုပါ
FRC ကရင်လို့သတ်မှတ်သတဲ့
ဒါ‌ပေမယ့် သနား‌သော‌တွေး
မှတ်ပုံတင်‌လေး လုပ်‌ပေးမယ်ဆိုပဲ
အရှက်လည်းတစ်ပြားသားမှမရှိ
ပကတိ ကမ္ဘာကို‌တောင် မျက်နှာ‌ပြောင်တိုက်ဝံ့တဲ့လူစား
ဒီ(…သား)‌တွေကိုမှ အယုံကြည်မထားလိုက်မိ‌စေဖို့
ကိုယ့်ခံယူချက် ကိုယ့်မူ
ပြည်သူ‌တွေအတွက် အာမခံချက်ရှိတယ်ဆိုတာပြရမယ်။

ပိတ်ဆို့မှု‌တွေ ရုတ်‌စေချင်တာတစ်‌ကြောင်း
‌ခေါင်း‌ဆောင်လုပ်ရမယ်ဆိုတဲ့ အာဆီယံကတစ်ဖုံ
အပုံပုံ‌သော ‌မြေ‌အောက်‌မြေ‌ပေါ်တလင်း
အရင်းမြစ်‌တွေကတစ်ခွင်
ကျူပင်ခုတ်ကျူငုတ်မကျန်‌အောင်
တံစဉ်‌ဆောင်‌ကောက်ရိတ်သိမ်းသလို
ဝါးမြိုကာ အဖြတ်ခံရ‌တော့မယ့်အ‌ရေး
‌တွေးလို့‌တွေးလို့ပူမိ‌သေး
တန်းတူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ
အာမခံချက်အပြည့်အဝရှိတာမို့လည်း
“‌ထော့မဲပါ” ‌ဖေ့ချစ်သား‌မောင်
သူများ‌ယောင်တိုင်း လိုက်မ‌ယောင်မိ‌စေဖို့
မှာလိုက်မယ်‌ဟေ့ …

ဇန်နဝါရီ ၂၅၊ ၂၀၁၂။