Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၄) ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့‌နေ

‌ကေအဲန်ယူ တပ်မဟာ(၄) ဘက်တွင် အစိုးရစစ်တပ်များ တိုးချဲ့ကာ ရိက္ခာပို့‌နေ

1821
ဇန်နဝါရီလ ၃ဝရက်၊ ၂၀၁၂။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ တပ်မဟာ(၄)နယ်‌မြေဖြစ်သည့် တနသင်္ာရီတိုင်း၊ တနသင်္ာရီမြို့နယ်၊ ‌မေတ္တာမြို့ နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်မှ တပ်အင်အားတိုးချဲ့မှုများနှင့်အတူ ရိက္ခာပို့‌ဆောင်မှုများ ဆက်တိုက် လုပ် ‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

တပ်အင်အား ၁,၀၀၀‌ကျော်ရှိသည့် စစ်ကွပ်ကဲ‌ရေးဌာနချုပ် အမှတ်(၂၀)နှင့် နည်းဗျူဟာ(၁)၊ (၃)တို့မှ တပ်ရင်း ၇ရင်းသည် စစ် ကား ၅ဝစီးဖြင့် စစ်ဗျူဟာ(၁)ဌာနချုပ် ‌ရေဖြူရွာသို့ ယခုလ ၂၉ရက်‌နေ့က ‌ရောက်ရှိခဲ့သကဲ့သို့ စစ်ဗျူဟာ(၂)မှလည်း ရိက္ခာပို့ ကား (၂၀)စီးသည် ထားဝယ်မှ အိုင်ဝိုင်းစခန်းသို့ ရိက္ခာပို့‌ဆောင်ရန်အတွက် ‌မေတ္တာစခန်းသို့ ‌ရောက်ရှိခဲ့ပြီဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၄)မှ အမည်မ‌ဖော်လိုသူ တပ်ဘက်အရာရှိတစ်ဦးက “အခု စကခ (၂၀) ‌ရောက်လာပြီ။ စကခ(၁၃)၊ (၈)တို့ အခုထိ ပြန်မဆင်းဘူး။ ‌ပြောတာက တပ်ချိန်းတယ်ဆို‌ပေမယ့် ဒါဟာ တပ်အ‌ပြောင်းအလဲ လုပ်‌ဆောင်တယ်လို့ ‌ပြောလို့ မရဘူး။ တပ်အင်အား ထပ်ဖြည့်တယ်လို့ ‌ပြောရမှာ။”ဟု ‌ပြောသည်။

သို့‌သော် ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက‌တော့ အစိုးရစစ်တပ်၏ နှစ်စဉ်ပုံမှန် တပ်အ‌ပြောင်းအ လဲ လုပ်‌ဆောင်ခြင်းဖြစ်ပြီး ‌ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုကို ပျက်ပြယ်နိုင်သည့် အ‌ခြေအ‌နေတွင် မရှိ‌ကြောင်း ‌ပြောသည်။

၎င်းက “စကခ(၂၀)နဲ့ စကခ(၁၃)တို့ တနှစ်တကြိမ် ပုံမှန် တပ်အ‌ပြောင်းအလဲ လုပ်‌ဆောင်တာပါ။ ထူးခြားတဲ့ လှုပ်ရှားမှု‌တွေ မ‌တွေ့ရပါဘူး။ အစိုးရနှင့် ကျ‌နော်တို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေး အ‌ခြေအ‌နေ ပျက်ပြယ်နိုင်‌လောက်တဲ့ အ‌ခြေအ‌နေမျိုးထိ‌တော့ သူတို့ (အစိုးရတပ်)ဘက်က လုပ်‌ဆောင်မှာ မဟုတ်ပါဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ယခုလ ၂ဝရက်‌နေ့တွင်လည်း ‌မေတ္တာမြို့နယ်ခွဲအတွင်းရှိ ‌မေတ္တာ‌ကျေးရွာအုပ်စု၊ မြင်းခံ‌ဘော်‌ကျေးရွာအုပ်စု၊ ‌ဖောင်း‌တော်‌ကျေးရွာအုပ်စုတို့ ရွာ ၆ရွာမှ စက်‌လှေ ၈၅စီးအား ‌မေတ္တာစခန်းမှ (‌ကျောက်ထုံးသို့) ရိက္ခာပို့‌ဆောင်ရန် လုပ်အား‌ပေး ‌ခေါ်ယူခိုင်း‌စေခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

၎င်းရိက္ခာများ သယ်ယူပို့‌ဆောင်ရာတွင် လမ်း‌ကြောင်းလုံခြုံ‌ရေးအား ဒုဗိုလ်မှူးကြီး ‌အောင်‌ကျော်ဝင်း ဦးစီးသည့် ‌ခြေလျင်တပ် ခလရ(၁၀၄)တပ်ရင်းနှင့် ဗိုလ်မှူး‌ဇေယျဟန် ဦးစီးသည့် ‌ခြေမြန်တပ်ရင်း-ခမရ(၅၆၀) တပ်ရင်းတို့က တာဝန်ယူ‌ပေးလျှက်ရှိ သည်ဟု သိရသည်။

အလားတူ KNU တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၅)နှင့် (၆)နယ်‌မြေများဘက်တွင်လည်း နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်း‌ရေး ပဏာမ သ‌ဘောတူလက်မှတ် မ‌ရေးထိုးခင်ကတည်းက ယခုအချိန်ထိ အစိုးရစစ်တပ်ဘက်မှ တပ်အ‌ပြောင်းအလဲနှင့် ရိက္ခာပစ္စည်းပို့ ‌ဆောင်မှုများ လုပ်‌ဆောင်လာခဲ့သည်။

ယခုလ ၁၂ရက်‌နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြုလုပ်သည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့နှင့် အစိုးရ ၏ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးအဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် အပစ်အခတ်ရပ်ဆိုင်း‌ရေး အပါအဝင် ပဏာမ သ‌ဘောတူညီမှု ကို ပြည်နယ်အဆင့် လက်မှတ်‌ရေးခဲ့ကြသည်။

ထိုသ‌ဘောတူညီချက်အရ ၄၅ရက်အတွင်း ပြည်‌ထောင်စု အစိုးရအဖွဲ့နှင့် ‌နောက်တကြိမ် ထပ်မံ ‌တွေ့ဆုံရမည်ဖြစ်ပြီး ဇန်နဝါရီ လ ၂၃ရက်‌နေ့မှ ၂၅ရက်‌နေ့အထိ ‌ကေအဲန်ယူ၏ ဒုတိယအကြိမ် အ‌ရေး‌ပေါ် ဗဟို‌ကော်မတီ အစည်းအ‌ဝေး၏ ထုတ်ပြန်‌ကြေ ညာချက်တွင် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ယုံကြည်မှု တည်‌ဆောက်နိုင်ရန် ‌ကေအဲန်ယူ နယ်‌မြေအတွင်း မြန်မာအစိုးရမှ ၎င်းတို့တပ်များကို ‌လျှော့ချ‌ပေးခြင်း၊ ရုတ်သိမ်း‌ပေးခြင်းကိစ္စနှင့် တပ်‌နေရာယူထားသည့်ကိစ္စများကို ‌နောက်တကြိမ် ‌တွေ့ဆုံမှု တွင် ညှိနှိုင်း‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။