Home သတင်း ကချင်လွတ်‌မြောက်‌ရေးအ ဖွဲ့နှင့် ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးအဖွဲ့‌တွေ့ဆုံ

ကချင်လွတ်‌မြောက်‌ရေးအ ဖွဲ့နှင့် ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးအဖွဲ့‌တွေ့ဆုံ

1555
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မြန်မာအစိုးရ၏ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့ KIO တို့ အပစ်အ ခတ် ရပ်စဲ‌ရေးအတွက် တရုတ်ပြည် နယ်စပ်တွင် ယ‌နေ့ ‌တွေ့ဆုံခဲ့ကြသည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကို တရုတ်နိုင်ငံ၊ ‌ရွှေလီမြို့တွင် ကျင်းပခဲ့ကြပြီး KIO အမြဲတမ်းဗဟို‌ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦး‌ဆောင်သည့် ကိုယ်စားလှယ် ၁၂ဦးနှင့် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့မှ ဦး‌အောင်‌သောင်း ဦး‌ဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ၁၄ဦး ပါဝင်သည်ဟု KIO ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ‌ပြောသည်။

ဦးလနန်က “ကျ‌နော်တို့ ‌တောင်းဆို‌နေကျ‌ပေါ့‌နော်။ နိုင်ငံ‌ရေး ညှိနှိုင်း‌ဆွေး‌နွေးဖို့ဆိုတဲ့ဟာကို အဓိက ‌ဆွေး‌နွေးမှာဖြစ်တယ်။ အဲလို ညှိနှိုင်းတဲ့‌နေရာမှာလည်း ကျ‌နော်တို့ ပြည်သူ‌တွေကို အသိ‌ပေးထားတဲ့အတိုင်းပဲ ‌ဆွေး‌နွေးကြတယ်။”ဟု ‌ပြောသည်။

ယခု ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအ‌ပေါ် KIO အပါအဝင် တခြားတိုင်းရင်းသားတို့၏ လိုလား‌တောင့်တချက်များ လမ်း‌ကြောင်းပွင့်လာ နိုင်မည်ဟု ‌မျှော်လင့်‌ကြောင်း ဦးလနန်က ဆက်‌ပြောသည်။

KIO အ‌နေနှင့် စစ်ပွဲဆိုသည်မှာ နိုင်ငံ‌ရေး၏ အကျိုးဆက်ဖြစ်‌သော‌ကြောင့် စစ်ပွဲများအဆုံးသတ်ကာ ထာဝရ တည်တံ့ခိုင်မြဲ ‌သော ငြိမ်းချမ်း‌ရေးရရှိနိုင်ရန် နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌ဖြေရှင်းရမည်ဟု ယုံကြည်ထား‌ကြောင်း ဇန်နဝါရီ ၁၇ရက်‌နေ့တွင် ပြည်သူလူထုထံသို့ အသိ‌ပေး ထုတ်ပြန်ထားသည်။

ထိုကဲ့သို့‌သော ယုံကြည်‌မျှော်လင့်မှုဖြင့် နိုင်ငံ‌တော်အစိုးရအဆက်ဆက်နှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်း၊ အပစ်ခတ်ရပ်ဆိုင်းခြင်းများ ပြုလုပ်လာခဲ့ပြီး ကချင်တိုင်းရင်းသားများ လိုလား‌တောင့်တလျက်ရှိ‌သော တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်‌ရေး အတွက် နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌ဆွေး‌နွေးညှိနှိုင်းကာ ‌ဖြေရှင်းသွားနိုင်ရန်အတွက် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၊ နိုင်ငံ‌တော် သမ္မတရုံးမှ ဖွဲ့စည်းတာဝန်‌ပေးအပ်‌သော ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအဖွဲ့နှင့် KIO ကိုယ်စား လှယ်အဖွဲ့တို့ ‌တွေ့ဆုံကာ ‌ဆွေး‌နွေးမှုများ စတင် ‌ဆောင်ရွက်ကြခြင်း ဖြစ်သည်။

“ကျမတို့ ကချင်ပြည်သူ‌တွေ လိုလား‌နေတာ အပစ်ရပ်နိုင်ဖို့ပဲ‌လေ။ အခုလည်း အစိုးရနဲ့ အပစ်ရပ်ဖို့ ‌ဆွေး‌နွေးကြတယ်ဆို ‌တော့ ကျမတို့အ‌နေနဲ့ ကြိုဆိုပါတယ်။ နှစ်ဘက်အဆင်‌ပြေစွာနဲ့ ‌ဆွေး‌နွေးနိုင်မယ်လို့လည်း ‌မျှော်လင့်တယ်။ ဒါမှ တိုက်ပွဲ‌တွေ ရပ်ဆိုင်းပြီး ပြည်သူ‌တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေနိုင်မှာ။”ဟု ကချင်အမျိုးသမီး မအာနန်က ‌ပြောသည်။

KIO ၏ ထုတ်ပြန်ချက်တွင် စစ်ပွဲဆိုသည်မှာ နိုင်ငံ‌ရေး၏အကျိုးဆက်ဖြစ်‌သော‌ကြောင့် စစ်ပွဲများ အဆုံးသတ်ကာ ထာဝရ တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေး ရရှိနိုင်ရန် နိုင်ငံ‌ရေးနည်းလမ်းဖြင့် ‌ဖြေရှင်းရမည်ဟု ယုံကြည်ထား‌ကြောင်း၊ ထိုယုံကြည် ‌မျှော်လင့်မှု‌ကြောင့် နိုင်ငံ‌တော်အစိုးရ အဆက်ဆက်နှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်း၊ အပစ်ခတ်ရပ်ဆိုင်းခြင်းများ ပြုလုပ်လာခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်‌မြောက်ပိုင်း‌ဒေသများတွင် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်‌နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ‌ကြောင့် ကချင်ပြည်သူ‌ပေါင်း ၆‌သောင်းခန့်က ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်‌နေကြရသည်။

မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲနိုင် ‌ရေးအတွက် တဖွဲ့ပြီးတဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မ‌တော်‌တောင်ပိုင်း (SSA/S) စသည့်အဖွဲ့အစည်းတို့နှင့် ပဏာမ အပစ်ခတ် ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြပြီး ကျန်ရှိ‌နေသည့် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) တို့နှင့်လည်း ယခုလ ‌နောက်ဆုံးအပတ်တွင် ‌တွေ့ဆုံရန်ရှိ‌ကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် မြန်မာအစိုးရတို့နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝ၁၁ခုနှစ်၊ ဇွန်လမှစ၍ အစိုးရနှင့် ပြန်လည် တိုက် ခိုက်ခဲ့သည်။