Home သတင်း ကလို့ထူး‌ဘောအဖွဲ့နှင့်ပြည်‌ထောင်စု အစိုးရအဆင့်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေး

ကလို့ထူး‌ဘောအဖွဲ့နှင့်ပြည်‌ထောင်စု အစိုးရအဆင့်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေး

1309
ဒီဇင်ဘာလ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)


မြန်မာအစိုးရ ကိုယ်စားလှယ်နှင့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော အဖွဲ့တို့သည် ဒီဇင်ဘာလ ၁၁ရက်‌နေ့က ကရင်ပြည်နယ်၊ဘားအံမြို့တွင်ပထမအကြိမ် ပြည်‌ထောင်စု အစိုးရအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင်ယ‌နေ့‌ဖော်ပြထားသည်။

နိုဝင်ဘာလ ၃ရက်‌နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် ပဏာမ ‌ဆွေး‌နွေး ပွဲမှ ရရှိခဲ့သည့် သ‌ဘောတူညီချက်အ‌ပေါ် အ‌ခြေခံ ကာ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည့် အဖွဲ့၊ အဖွဲ့‌ခေါင်း‌ဆောင် ‌တောင်သာမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ် စားလှယ် ဦး‌အောင်‌သောင်း ဦး‌ဆောင်သည့် အဖွဲ့ဝင် ၇ဦးနှင့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောအဖွဲ့မှ ‌စောလားပွယ် ဦး‌ဆောင် သည့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမည့် အဖွဲ့ဝင် ၆ဦးတို့ ယခုလို ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ‌ကြေးမုံသတင်းစာက ဆိုသည်။

၎င်း‌တွေ့ဆုံမှုတွင် ယခင် ပြည်နယ်အဆင့် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြ‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန်အတွက် ပဏာမ သ‌ဘောတူညီချက်များကို အတည်ပြုရန်၊ ကရင်ပြည်နယ်ကို ပြည်‌ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရန်၊ ထာဝရငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန်အတွက် ‌ဆွေ‌နွေးမှုများ ဆက်လုပ်ရန် အပါအဝင် အချက် ၆ပါ သ‌ဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ‌တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ကလို့ထူး‌ဘောအဖွဲ့၏ ပြည်ပ‌ရေးရာတာဝန်ခံ ဗိုလ်မှူး‌စောလုံ့လုံက “သမ္မတက ချမှတ်ထား တဲ့ အချက် ၆ချက်ကို မူတည်ပြီး‌တော့ ကျ‌နော်တို့က အ‌ကျေအလည် ‌ဆွေး‌နွေးပြီး လက်မှတ်ထိုးလိုက်တယ်။ ကျ‌နော်တို့ ဘက်က တင်ပြတဲ့အချက်‌တွေ ရှိတယ်။ သို့‌ပေမယ့် သူတို့လည်း ကျ‌နော်တို့ တင်ပြတဲ့အချက်‌တွေ သမ္မတကို ပြန်တင်ပြမယ်။ အဲဒါပဲ။”ဟု ‌ပြောသည်။

ယခု သ‌ဘောတူညီလိုက်သည့် အချက် ၆ချက်ထဲတွင် ကလို့ထူး‌ဘော ဒီ‌ကေဘီ‌အေအ‌နေဖြင့် တို့တာဝန်အ‌ရေးသုံးပါးကို ထာဝ စဉ် ထိန်းသိမ်း‌စောင့်‌ရှောက်ရန်၊ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး ပြည်‌ထောင်စုအစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန်၊ ထာဝရ ငြိမ်း ချမ်း‌ရေး တည်‌ဆောက်နိုင်‌ရေးအတွက် ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားရန် စသည့်အချက်များ ပါဝင်သည်။

ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောအဖွဲ့သည် နအဖ စစ်အစိုးရ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့်အ‌နေဖြင့် အစိုးရကို ပြန်လည်ခုခံ‌တော်လှန်ခဲ့ပြီး တနှစ်ပြည့်ရက် ရက်ပိုင်းအလိုတွင် အသစ် တက်လာသည့် ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးအတွက် ယာယီသ‌ဘောတူ လက်မှတ်‌ရေးထိုးလိုက်ခြင်းဖြစ်သည်။

ယင်းသို့ နှစ်ဦးနှစ်ဖက် သ‌ဘောတူညီချက်အရ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်‌ဒေသတွင် ယာယီ အ‌ခြေပြုစခန်း ဖွင့်လှစ်ခဲ့‌သော်လည်း ဗိုလ်ကြီး‌အေဝမ်း ဦး‌ဆောင်သည့် ဘုရားသုံးဆူအ‌ခြေစိုက် ကလို့ထူး‌ဘောအဖွဲ့ဝင်များသည် ဘုရားသုံး ဆူမြို့တွင် ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန် ယခုလ ၈ရက်‌နေ့ကလည်း အစိုးရအာဏာပိုင်များနှင့် သွား‌ရောက်ညှိနှိုင်းခဲ့ရာ မ‌အောင် မြင်ခဲ့‌ပေ။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့သည် မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇန ဦးစီးဦး‌ဆောင်မှုဖြင့် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပြန်လည်ပူး‌ပေါင်းသွားခဲ့သည့် အင်အားအကြီးဆုံး‌သော ကရင်ခွဲထွက်အဖွဲ့ ဖြစ် သည်။

သို့‌သော် ‌ရွေး‌ကောက်ပွဲ မတိုင်မီ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ၎င်းဒီ‌ကေဘီ‌အေ တပ်ရင်းတပ်ဖွဲ့ အများစုမှာ နယ်ခြား‌စောင့် တပ်-BGF အဖြစ်သို့ ‌ပြောင်းလဲဖွဲ့စည်းခဲ့ပြီး လက်ရှိ အစိုးရစစ်တပ်၏ လက်‌အောက်ခံအဖြစ် ရပ်တည်လျှက်ရှိသည်။