Home သတင်း မိုး‌မောက်မြို့နယ်တွင် မြန်မာစစ်တပ် စစ်‌လေယာဉ်ဖြင့် အင်အားထပ်ဖြည့်

မိုး‌မောက်မြို့နယ်တွင် မြန်မာစစ်တပ် စစ်‌လေယာဉ်ဖြင့် အင်အားထပ်ဖြည့်

2337
ဒီဇင်ဘာလ ၁၃ ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်‌ဒေသကို ထိုးစစ်ဆင်ရပ်ရန် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ကကာကွယ်‌ရေးဦးစီးချုပ်ထံ ညွှန်ကြားစာ ‌ပေးပို့ခဲ့‌သော် လည်း မိုး‌မောက်မြို့နယ်၌ယ‌နေ့ည‌နေ ၂နာရီတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး မြန်မာစစ်တပ်ဘက်မှ စစ်‌လေယာဉ်ဖြင့် တပ်အင် အားများ ပို့‌ဆောင်‌နေသည်ဟု ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA က ‌ပြောသည်။

KIA ‌ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ဦးလနန်က “ဒီည‌နေ KIA တပ်မဟာ(၃)ရဲ့ တပ်ရင်း-၁၅ ရှိတဲ့‌နေရာမှာ တိုက်ပွဲ‌တွေ ဆက်ဖြစ် တယ်။ မြန်မာစစ်တပ်ဘက်က ဗန်း‌မော်က‌နေ တိုက်ပွဲဖြစ်တဲ့‌နေရာကို တပ်အင်အား‌တွေ ‌လေယာဉ်(ဟယ်လီ‌ကော်ပတာ)နဲ့ သုံး‌ခေါက်‌လောက် ပို့တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာစစ်တပ်သည် ပုံမှန်အားဖြင့် ဟယ်လီ‌ကော်ပတာဖြင့် တပ်အင်အားပို့လျှင် တစီးတွင် စစ်သား ၃ဝဦးခန့် ပို့သည်ဟု သူက ‌ပြောဆိုသည်။

ယခုလ ၁ဝရက်‌နေ့၌ သမ္မတ ဦးသိန်းစိန်က KIA ကချင်တပ်များအား ထိုးစစ်ဆင် တိုက်ခိုက်မှု မလုပ်ရန် ညွှန်ကြားစာ ပို့ထား ‌သော်လည်း အဆိုပါစာနှင့်ပတ်သက်၍ တရားဝင် အ‌ကြောင်းကြားခြင်း မရှိ‌သေးသကဲ့သို့ ကချင်‌ဒေသအတွင်း တိုက်ပွဲများ ‌နေ့စဉ် ရက်ဆက် ဖြစ်ပွားလျှက်ရှိ‌ကြောင်း KIA ဘက်က ‌ပြောသည်။

မိုး‌မောက်မြို့နယ် မိုင်ဂျာယန်၌ ယ‌နေ့ည‌နေတွင် ‌လေယာဉ်ပျံ ပျံသန်းလာခြင်းကို လှမ်းမြင်ရသဖြင့် ဒုက္ခသည်အချို့ ‌ကြောက် လန့်ကာ ထွက်‌ပြေး‌နေကြ‌ကြောင်းနှင့် တိုက်ပွဲမှာ တစ်နာရီခန့် အချိန်ကြာမြင့်‌ကြောင်း ထို‌ဒေသရှိ ဒုက္ခသည် ကချင်အမျိုးသမီး တစ်ဦးက ယခုလို ရှင်းပြသည်။

“ဗုံးသံ‌တွေ တမိနစ် နှစ်မိနစ်တကြိမ် အကျယ်ကြီး ကြားရတယ်။ ‌လေယာဉ်ပျံက ‌တောင်ထိပ်က‌နေ ဖြတ်လာတာ လှမ်းမြင်ရလို့ တချို့လူ‌တွေ ‌ကြောက်ပြီး ထွက်‌ပြေးလို့ မနည်းတားယူရတယ်။ ကျမတို့ ဒီမှာ‌နေတာ တိုက်ပွဲဖြစ်တဲ့‌နေရာနဲ့က ဆိုင်ကယ်နဲ့ဆို ၂နှစ်ရီ‌လောက်ပဲ သွားရမယ်။ သိပ်မ‌ဝေး‌တော့ ‌ကြောက်တယ်။”ဟု ‌ပြောဆိုသည်။

မိုး‌မောက်မြို့နယ်၊ KIA တပ်မဟာ(၃)တွင် မြန်မာစစ်တပ် တပ်မ(၈၈)နှင့် တပ်မ (၉၉)တို့ စစ်‌ရေး လှုပ်ရှားလျှက်ရှိသည်။