Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးရင် စစ်ကိုရပ်မယ်

နိုင်ငံ‌ရေး‌ဆွေး‌နွေးရင် စစ်ကိုရပ်မယ်

1882
ရဲ‌ဘော်ထွန်း‌အောင်‌ကျော် (မာနယ်ပ‌လော)နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၁ခုနှစ်။

မြန်မာ့တပ်မ‌တော်က အုပ်ချုပ်တတ်လို့လား။ ညီညီညွှတ်ညွှတ်နဲ့ ပြည်‌ထောင်စု တည်‌ဆောက်တတ်လို့လား။ တိုးတက်‌ပြောင်း လဲ‌အောင် လုပ်တတ်လို့လား။ ‌လေ့လာစမ်းစစ်ကြည့်ရ‌အောင်လို့ပါ။

စစ်တပ်အစိုးရ အဆက်ဆက်ဖြစ်တဲ့ (၁)၁၉၅၈ အိမ်‌စောင့် အစိုးရ (၂)၁၉၆၂ ‌တော်လှန်‌ရေး‌ကောင်စီအစိုးရ (၃)၁၉၇၄ မဆလအစိုးရ (၄)၁၉၈၈ နဝတအစိုးရ (၅)၁၉၉၇ နအဖအစိုးရ (၆) ၂၀၁ဝ အခု စစ်တပ်ဦး‌ဆောင်တဲ့ ကြံ့ဖွံ့အစိုးရ‌တွေဟာ စစ်အုပ်ချုပ်‌ရေးစနစ်ကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးခဲ့သူများသာဖြစ်တယ်။ တိုင်းပြည်ကိုလည်း ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာ‌အောင် မတည်‌ဆောက်နိုင်ခဲ့ပါ။ သူတို့ရှုံးတဲ့အခါ ၈၈၈၈ အ‌ရေး‌တော်ပုံနဲ့ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်ကို နှိမ်နှင်း ဖိနှိပ် ဖမ်းဆီးပြီး အာဏာမလွှဲဘဲ ဖျက်သိမ်း ‌ကျော်လွှားပစ်ခဲ့ကြတယ်။
(အခု‌ကောယုံလား)

နိုင်ငံ‌ရေးအရ ဖိနှိပ်ပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့အခါ မခံနိုင်‌တော့တဲ့အဆုံး မတရားတဲ့စစ်ကို တရားတဲ့စစ်နဲ့ ဆန့်ကျင် တယ်။ ကျ‌နော်တို့ ဆင်နွှဲ‌နေတဲ့ ဒီမိုက‌ရေစီနဲ့ အမျိုးသားတန်းတူ‌ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေး တိုက်ပွဲဝင်တဲ့ ‌တော်လှန်‌ရေး ဟာ စစ်တပ်ဦး‌ဆောင်အစိုးရရဲ့ မတရားတဲ့စစ်ကို တိုက်‌နေတာဖြစ်တယ်။ စစ်အာဏာရှင်အုပ်စုဟာ ပြည်တွင်းစစ် ဖြစ်‌ပေါ်လာ ‌အောင် ဖန်တီးတဲ့ ပြည်တွင်းစစ်တရားခံ ဖြစ်တယ်။ ဖြစ်‌ပေါ်တိုးတက်မှုကို အဟန့်အတားပြုတဲ့ ‌ဖောက်ပြန်တဲ့ပြည်တွင်းစစ်ကို အုပ်စိုးသူအစိုးရအဆက်ဆက်ရဲ့ လက်တဆုပ်စာ စစ်ဗျူရိုကရက် စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်နဲ့ ဖိနှိပ်ပြီး တိုက်‌နေတာဖြစ်တယ်။

စစ်အုပ်စုဟာ နိုင်ငံနဲ့တဝှမ်း ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ပြည်တွင်းစစ်ရပ်စဲ‌ရေး၊ အမျိုးသား‌သွေးစည်း‌ရေး၊ ဒီမိုက‌ရေစီ‌ရေးတို့ကို ‌ခေါင်းမာစွာ ငြင်းပယ်ပြီး မတရားတဲ့စစ်ကို ဆင်နွှဲ‌နေတာ ဖြစ်တယ်။ ဒါ‌တွေကို ကျ‌နော်တို့ ‌တော်လှန်‌ရေးသမား‌တွေက လူမျိုး ‌ပေါင်းစုံပြည်သူများနဲ့အတူ ဒီမတရားတဲ့စစ်ကို ဆန့်ကျင်ကာ တရားတဲ့စစ်၊ တိုးတက်တဲ့စစ်၊ ငြိမ်းချမ်း‌ရေးအတွက် တိုက်တဲ့စစ်၊ အမျိုးသား‌တော်လှန်‌ရေး စစ်ပွဲကြီးကို ဆင်နွှဲတာဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်း‌ရေးနဲ့ ဒီမိုက‌ရေစီ‌ရေးကို အ‌ထောက်အကူပြု‌စေတဲ့ စစ်ပွဲလည်းဖြစ်တယ်။

ဒီရည်ရွယ်ချက် အထ‌မြောက်‌ရေးအတွက် အသက်စွန့်ပြီး တိုက်ခိုက်ရမယ်။ အရာရာကို စွန့်လွှတ် အနစ်နာခံရန် အသင့် ရှိထား ရမယ်။ ရည်မှန်းချက် မ‌အောင်မချင်း တိုက်ပွဲကို မရပ်မနားစတမ်း ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အဆုံးတိုင် တိုက်ပွဲဝင်ရမယ်။ အမျိုးသား ‌သွေးစည်းညီညွှတ်တဲ့၊ ဒီမိုက‌ရေစီနဲ့ တိုင်းရင်းသားတန်းတူ‌ရေးရှိပြီး ငြိမ်းချမ်းသာယာဝ‌ပြောတဲ့ နိုင်ငံ‌တော်သစ်အတွက် အနာ ဂတ်ဟာ ထွန်းလင်း‌တောက်‌ပြောင်ပါတယ်။ ဒီနိုင်ငံ‌တော်သစ် တည်‌ဆောက်နိုင်‌ရေးအတွက် ကျ‌နော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု အ‌ပေါ် အ‌ခြေပြုထားတယ်။ ရန်သူဟာ ဒီ‌ဖောက်ပြန်တဲ့စစ်ကို အ‌တောမသတ် အချိန်ဆွဲလိုတယ်။

ကျ‌နော်တို့က‌တော့ မ‌ဝေး‌တော့တဲ့ အနာဂတ်မှာ ဒီစစ်ပွဲကို အဆုံးသတ်ချင်ကြတယ်။ ဒီရည်ရွယ်ချက်အတွက် ကျ‌နော်တို့တ ‌တွေဟာ အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြရလိမ့်မယ်။ စစ်ကို ဘယ်အချိန်ကျမှ ဖျက်သိမ်းနိုင်မှာလဲ။ ကျ‌နော်တို့တ‌တွေဟာ စစ် ကို ဖျက်သိမ်းဖို့ လိုလားတယ်။ ကျ‌နော်တို့ဟာ စစ်ကို မလိုလားပါ။ ဒါ‌ပေမဲ့ စစ်ကို စစ်နဲ့သာလျှင် ဖျက်သိမ်းနိုင်မယ်။ ‌သေနတ်ကို ဖယ်ရှားနိုင်ဖို့အတွက် ‌သေနတ်ကို ကိုင်တွယ်လာရတယ်။ ‌နောက်ဆုံး စစ်ကို စစ်နဲ့ဖျက်သိမ်းဖို့ပဲ။ အဲဒီအချိန်‌ရောက်ရင် လူသား တရပ်လုံးအတွက် (ထာဝရငြိမ်းချမ်း‌ရေး)ကာလ ဖြစ်လာမယ်။

နိုင်ငံ‌ရေး‌ကြောင့် တိုက်ရတဲ့စစ်ရဲ့ အရင်းခံရည်ရွယ်ချက်ဟာ “ကိုယ့်ကိုယ်ကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ ရန်သူကို ‌ချေမှုန်းဖို့ ဖြစ် တယ်။” ရန်သူကို ‌ချေမှုန်းတယ်ဆိုတာဟာ “ရန်သူရဲ့လက်နက်ကို ဖြုတ်ပစ်တာပဲ။ တနည်း‌ပြောရရင် ရန်သူ မခုခံနိုင်‌အောင် လုပ်တာဘဲ”။ စစ်ပွဲ‌တွေ‌ကြောင့် တိုင်းရင်းသားလူမျိုးစုံ ပြည်သူလူထုအတွက် အကျိုးမရှိတဲ့အပြင် တိုက်ပွဲမှာ ပါဝင်သူတို့ ‌သေ‌ကြေပျက်စီးကြရရုံမျှမက ‌မြေဇာပင်အဖြစ် ‌ဒေသခံ ပြည်သူလူထုပါ ဒုက္ခနဲ့ ရင်ဆိုင်ကြရတယ် မဟုတ်ပါလား။ စစ်အသုံး စရိတ် ဖြည့်တင်းကြရတဲ့အတွက် ဆက်သွယ်‌ရေး၊ စာတိုက်နဲ့ ‌ကြေးနန်း၊ လမ်းတံတား‌ဖောက်လုပ်‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှုဖူလုံ‌ရေး စတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေး ကဏ္ဍ‌တွေမှာ သုံးရမယ့်‌ငွေ ‌လျော့ပါးပြီး ‌နောက်ဆုံး တိုင်းပြည်အကြပ်အတည်းနဲ့ ရင်ဆိုင်ကြရ‌တော့တယ် မဟုတ်လား။

ပြည်တွင်းစစ်ဟာ လွတ်လပ်‌ရေးနဲ့အတူ အမျိုးသား စိတ်ဝမ်းကွဲပြားရာမှ နိုင်ငံ‌ရေးနည်းနဲ့ အ‌ဖြေမရှာဘဲ လက်နက်ကိုင်နည်းနဲ့ သာ အ‌ဖြေရှာခဲ့ရင်း အကြမ်းဖက်မှု၊ လက်စား‌ချေမှု သံသရာလည်လည်နဲ့ ယ‌နေ့တိုင် မဆုံးနိုင်ဖြစ်တယ်။ စစ်အင်အားဖြည့်တင်း ဖို့ လုံးပမ်း‌နေရတဲ့အတွက် မြန်မာပြည်ရဲ့ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ လူမျိုး‌ရေး အပါအဝင် ကဏ္ဍအသီးသီး ဘက်‌ပေါင်းစုံ ချွတ်ခြုံကျခဲ့ရပြီး ဖြစ်တယ်။

စစ်တပ်ဦး‌ဆောင်အစိုးရဟာ ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကို နိုင်ငံ‌ရေး၊ စစ်‌ရေး တည်ငြိမ်‌စေလိုလျှင် ဂုဏ်သိက္ခာရှိစွာနဲ့ လူကြီး လူ‌ကောင်းပီသစွာ ဦး‌ဆောင်ပြီး ပြည်တွင်းစစ်ပွဲ ရပ်စဲ‌ကြောင်း ‌ကြေညာရမယ်။ မရပ်စဲနိုင်ရင် တိုင်းပြည်ထူ‌ထောင်‌ရေးကို တမျိုး သားလုံး ညီညီညွှတ်ညွှတ် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မှာ မဟုတ်ဘဲ တိုင်းရင်းသား ညီ‌နောင်သားချင်းတို့မှာ ခါးသီးတဲ့စစ်ပွဲရဲ့ ဒဏ် ရာဒဏ်ချက်များကို ခံစားရင်း လက်နက်စွဲကိုင် ဂလဲ့စား‌ချေမှု‌တွေ ဖြစ်‌နေအုံးမှာပဲ။ အထူးသဖြင့် နှစ်‌ပေါင်းများစွာ အပြင်းအထန် ဖိနှိပ်ခဲ့သူ၊ စစ်အင်အားကြီးသူမှာ တာဝန်ပိုရှိပါတယ်။

ပြည်တွင်းငြိမ်းချမ်း‌ရေးကို စိတ်‌စေတနာမှန်ကန်စွာ လုပ်ချင်ရင် နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးမယ့်အ‌ကြောင်း အာမခံ။ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီနဲ့ မူပိုင်းဆိုင်ရာ ညှိနှိုင်း၊ ပြည်တွင်းစစ်ဖြစ်ရာ ‌ဒေသ‌တွေမှာ အပစ်ရပ်၊ ‌နောက်တ ဆင့် လူမျိုးတမျိုးချင်းနဲ့ ‌ဆွေး‌နွေးခြင်းတို့ဖြင့် အနိမ့်ဆုံး ဘုံသ‌ဘောတူညီမှုအ‌ပေါ် နှစ်ဘက်စစ်တပ်များ တပ်တည်ရှိမှုကို ရပ်တန့်ထားပြီး ပထဝီအ‌နေအထားအရ ‌ရှေ့တိုး‌နောက်ဆုတ် ‌နေရာညှိနှိုင်းရပါမယ်။ နိုင်ငံ‌ရေး ‌ဆွေး‌နွေး ညှိနှိုင်းမှု ဆက်လက် လုပ်‌နေရပါမယ်။

ဟန်ပြ‌ဆွေး‌နွေးမှုမျိုးပဲ လုပ်ပြီး စစ်တပ်ဦး‌ဆောင်အစိုးရရဲ့ ‌ပေါ်လစီ‌အောက်က လုပ်ငန်း‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်ခိုင်းရင် ‌တော့ နိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးပွဲပျက်ပြီး စစ်ကို ဆက်လက် တိုက်ပွဲဝင်ကြဖို့မှတပါး အခြားမရှိ‌တော့ပါ။ (နိုင်ငံ‌ရေး‌ဆွေး‌နွေးရင် စစ်ကို ရပ်မှာဖြစ်ပြီး မ‌ဆွေး‌နွေးရင်‌တော့ အပစ်အခတ်မရပ်ဘဲ) ပြည်တွင်းစစ်လည်း မငြိမ်းနိုင်‌တော့‌ကြောင်း တင်ပြလိုက်ရပါ တယ်။

‌တော်လှန်‌ရေးသစ္စာဖြင့်
ရဲ‌ဘော်ထွန်း‌အောင်‌ကျော် (မာနယ်ပ‌လော)
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၁ခုနှစ်။