Home ထိပ်တန်းသတင်း BGF မှ ရွာသားများအား အလှည့်ကျစနစ်ဖြင့် ‌ခေါ်ယူခိုင်း‌စေ

BGF မှ ရွာသားများအား အလှည့်ကျစနစ်ဖြင့် ‌ခေါ်ယူခိုင်း‌စေ

2354
‌အောက်တိုဘာလ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ပလဲ့ဂွင်တွင် အ‌ခြေချလှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့သည် ပြီးခဲ့သည့်အ ပတ်မှစ၍ ‌ဒေသခံရွာသားများအား အလှည့်ကျစနစ်ဖြင့် ‌ခေါ်ယူခိုင်း‌စေလျှက်ရှိ‌ကြောင်း ရွာခံလူထုက ‌ပြောဆို‌နေကြသည်။

မြဝတီမြို့နယ်၊ မဲ့ပလဲ့ဂွင်၊ ထီးဝါပ‌လောနှင့် ‌ဟွေ့ရှမ်းကြားရှိ ဇရပ်ဖြူကုန်းစခန်းတွင် အ‌ခြေချသည့် BGF (၁၀၁၇)တပ်ရင်းမှူး ဗိုလ်မှူးဒိဒိက ယခုလ ၂၃ရက်‌နေ့မှစ၍ ကယ့်‌ဝေါ်‌ကျေးရွာ ရွာသားများအား မသွားမ‌နေရ စနစ်ဖြင့် ‌ခေါ်ယူခိုင်း‌စေ‌နေခြင်းဖြစ် သည်ဟု ကယ့်‌ဝေါ်ရွာသားတစ်ဦးက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ၎င်းရွာသားက “၂၃ရက်‌နေ့မှာ စသွားပြီ။ ၅ရက်တစ်ခါ ချိန်းရမယ်။ တ‌ခေါက်သွားရင် အ‌ယောက် ၃၀၊ ‌ယောက်ျား‌တွေချည်းပဲ။ မသွားမ‌နေရ အလှည့်ကျစနစ်နဲ့ ညအိပ်သွားရတယ်။ ဘာ‌တွေ သွားလုပ်ရမလဲ‌တော့ ဘယ်သူမှ တိတိ ကျကျ မသိကြဘူး။”ဟု ‌ပြောသည်။

ယခုကဲ့သို့ ‌ခေါ်ယူခိုင်း‌စေမှုကို တစ်လကြာ သတ်မှတ်ထား‌သော်လည်း မည်သည့်အလုပ်မျိုး သွားလုပ်ရမည်ကို BGF တပ်ဖွဲ့မှ ‌ပြောဆိုထားခြင်း မရှိသည့်အတွက် ရွာသားများက ‌ကြောက်လန့်‌နေကြသည်။

သို့‌သော် အလှည့်ကျ၍ မသွားသည့် ရွာသားများကို အစိုးရစစ်တပ် အကူအညီဖြင့် ရွာတွင်းသို့ ဝင်‌ရောက်ဖမ်းဆီးမည်ဖြစ် ‌ကြောင်း ဗိုလ်မှူးဒိဒိက ခြိမ်း‌ခြောက်ထားသည်ဟုလည်း အဆိုပါရွာသားက ဆက်‌ပြောသည်။

ကယ့်‌ဝေါ်ရွာအနီး လှုပ်ရှား‌နေသည့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် KNLA တပ်ရင်း (၁၀၁)မှ ဒု‌ဆေးမှူး ဆရာ ‌လေးက “BGF ‌တွေ ‌ပြောတာက‌တော့ စခန်း‌ဆောက်၊ ထမင်းချက်၊ ‌ရေခပ်၊ ထင်း‌ခွေဖို့ လုပ်အား‌ပေး ‌ခေါ်တာပဲလို့ ‌ပြောသံကြား တယ်။ ကျ‌နော်တို့ သတင်းရတာက‌တော့ သူတို့‌တွေ ထိုးစစ်ဆင်ဖို့ အစီအစဉ်ရှိတယ်။”ဟု ဆိုသည်။

မြဝတီမြို့‌မြောက်ဘက် ၄မိုင်ခန့် ကွာ‌ဝေးသည့် မဲ့ပလဲ့ဂွင်တွင် ‌ပေါ‌ဘောခို၊ ပ‌နောကလဲခီး၊ ထီးဝါပ‌လော၊ ထီး‌လော်‌သေ့၊ ‌ကျော်ခို၊ ကွီး‌လေး၊ ကယ့်‌ဝေါ်နှင့် ထီးချားရာ ‌ကျေးရွာများ တည်ရှိပြီး ကယ့်‌ဝေါ်‌ကျေးရွာပြီးလျှင် ကျန်‌ကျေးရွာများကို အလှည့်ကျ ဆက် လက် ‌ခေါ်ယူခိုင်း‌စေသွားမည်ဟု သိရသည်။

Photo-KIC (နယ်ခြား‌စောင့်တပ်ဖွဲ့ဝင် ရဲ‌ဘော်‌လေးများ)

၎င်းနယ်ခြား‌စောင့်တပ်များသည် ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ယခုအချိန်ထိ ၎င်းတို့စခန်းအနီးရှိ ထီးဝါ့ပ‌လောရွာမှ ရွာသား ၅ဦးစီကိုလည်း ‌နေ့စဉ် ‌ခေါ်ယူခိုင်း‌စေလျှက်ရှိသည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။