Home သတင်း မြဝတီ ဗုံး‌ပေါက်ကွဲမှု သံဃာ‌တော်တစ်ပါး ဒဏ်ရာရ

မြဝတီ ဗုံး‌ပေါက်ကွဲမှု သံဃာ‌တော်တစ်ပါး ဒဏ်ရာရ

1552
‌အောက်တိုဘာလ ၂၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်-၄ ရပ်ကွက်အတွင်းရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး‌ရှေ့တွင် ယ‌နေ့မနက် ၈နာရီ ‌ကျော်(မြန်မာစံ‌တော်ချိန်)၌ ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားရာ သံဃာ‌တော်တပါး ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့ခံများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက “ဆွမ်းခံရင်းက‌နေ ပြန်လာတဲ့ ဘုန်းကြီးတပါးက အဲ့ဒီ့ရုံး‌ရှေ့မှာရှိတဲ့ ဆိုင်ကယ် တက္က ဆီဂိတ်မှာ ‌မောလို့နား‌နေတုန်း ဗုံးက ‌ပေါက်သွားတာ။ အခု ဘုန်းကြီးကို မြဝတီ‌ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာက ပြင်းပြင်း ထန်ထန်‌တော့ မဟုတ်ဘူး။”ဟု ‌ပြောသည်။

အဆိုပါ ‌ပေါက်ကွဲသည့် ဗုံးမှာ မည်သည့် ဗုံးအမျိုးအစားဖြစ်‌ကြောင်း အတည်ပြု ‌ပြောဆိုနိုင်ခြင်း မရှိ‌သေး‌ကြောင်းလည်း မြို့ခံ များက ‌ပြောဆို‌နေကြသည်။

၎င်းဗုံး‌ပေါက်ကွဲမှုသည် ဗိုလ်မှူး‌စောလားပွယ် ဦး‌ဆောင်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) ၏ လက်ချက်ဖြစ်သည်ဟု မြဝတီမြို့ရှိ အစိုးရဝန်ထမ်းအချို့က ‌ဝေဖန်‌နေကြ‌သော်လည်း မဟုတ်မှန်‌ကြောင်းကို DKBA ဘက်မှ ငြင်းဆိုထားသည်။

DKBA ကလို့ထူး‌ဘော စစ်ဗျူဟာမှ ဗိုလ်မှူးဆန်း‌အောင်က ၎င်းတို့အ‌နေဖြင့် ပြည်သူလူထု ထိခိုက်သည့် လုပ်‌ဆောင်ချက်များ ကို လုပ်‌ဆောင်ရန် ရည်ရွယ်ချက် မရှိသည့်အပြင် ထိုသို့ စွပ်စွဲမှုမှာ မဟုတ်မှန်‌ကြောင်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူတို့က ကျ‌နော်တို့လက်ချက်လို့‌ပြောတာ ဘာသက်‌သေအ‌ထောက်အထား‌တွေနဲ့ ‌ပြောတာလဲ‌တော့ မသိဘူး။ ကျ‌နော်တို့က လုပ်မယ်ဆိုရင် ရန်သူ(အစိုးရစစ်တပ်)ရှိတဲ့ ‌နေရာမှာပဲ လုပ်မှာပဲ။”ဟု ‌ပြောသည်။

ယင်းဗုံး‌ပေါက်ကွဲမှု သတင်းအချက်အလက်များ သိရှိရန် မြဝတီရဲစခန်းရုံးသို့ ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဖုန်းလက်ခံ‌ဖြေ ကြားမည့်သူ မရှိ‌ပေ။