Home ထိပ်တန်းသတင်း ကရင်ပြည်နယ်တွင် အာဇာနည်‌နေ့ ‌မှေးမှိန်‌နေဆဲ

ကရင်ပြည်နယ်တွင် အာဇာနည်‌နေ့ ‌မှေးမှိန်‌နေဆဲ

2560
ဇူလိုင်လ ၂၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ဇူလိုင် ၁၉ ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၄နှစ်‌မြောက် အာဇာနည်‌နေ့တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ‌ခေါင်း‌ဆောင်များ အပါ အဝင် ရန်ကုန်မြို့ရှိ မြန်မာပြည်သူ ‌ထောင်နှင့်ချီ အာဇာနည် ဂူဗိမာန်သို့ သွား‌ရောက်ဂါရဝ ပြုခဲ့ကြ‌သော်လည်း ကရင်ပြည်နယ်တွင်မူ အာဇာနည်‌နေ့ ‌မှေးမှိန်‌နေဆဲဟု ကရင်ပြည်နယ်အတွင်း ‌နေထိုင်ကြသူများက ‌ပြောသည်။

အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အာဇာနည်‌နေ့ကို ကျင်းပနိုင်ဖို့ ရန်ကုန်မြို့ကလွဲရင် ကျန်တဲ့‌ဒေ သမှာ စိုးရိမ်‌ကြောက်လန့်ရတဲ့ အ‌ခြေအ‌နေမျိုးမှာ ရှိတယ်။ (ကရင်ပြည်နယ်မှာ) အာဇာနည်‌နေ့ကျင်းပမှု မရှိတာဟာ ကရင်လူထု ‌တွေက စိတ်ဝင်စားမှုနည်းတာ‌တော့ မဟုတ်ဘူး။ ကျင်းပခွင့် မရတာပါ။”ဟု ‌ပြောသည်။

၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်‌နေ့၌ ဗိုလ်ချုပ်‌အောင်ဆန်းနှင့်တကွ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်‌စော်ဘွား စပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန် ဦးအုန်း‌မောင်နှင့် ရဲ‌ဘော်ကို‌ထွေး တို့လုပ်ကြံခံရသည့်‌နေ့ကို အာဇည်‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ်‌နောက်ပိုင်း စစ်အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ်များတွင် အာဇာနည်‌နေ့၌ လုံခြုံ‌ရေးတင်းကြပ်မှုများ၊ အချို့နယ်မြို့ များတွင် အာဏာပိုင်များက ဖိအား‌ပေးမှုများ ရှိသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ခုအတွင်း အာဇာနည်‌နေ့ ‌မှေးမှိန်ခဲ့ရသည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ဇူလိုင်လ ၁၉ရက်‌နေ့ အာဇာနည်ကျဆုံးချိန် မနက် ၁ဝနာရီ ၃၇မိနစ်တွင် ဖားအံမြို့ အာဇာနည်‌ကျောက် တိုင်တွင် ‌ရောက်ရှိ‌နေသူများနှင့် တမြို့လုံးရှိ လမ်းသွားလမ်းလာများ၊ ကား၊ မြင်းလှည်း၊ ဆိုက်ကား အားလုံးရပ်ပြီး ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ရပ်‌နေရသည်ဟု ဖားအံမြို့သူ အသက် ၄ဝအရွယ် အမျိုးသမီးတစ်ဦးက ‌ပြောပြ သည်။

“အဲဒီအချိန်မှာ ကား‌တွေ ၁ဝမိနစ်‌လောက် အထိမ်းအမှတ် ဥဩဆွဲသံ‌တွေ တမြို့လုံးဆူညံသွားတာ‌ပေါ့။ စာသင်‌ကျောင်းနဲ့ အစိုးရ ဌာနအလိုက် လွမ်းသူ့ပန်း‌ခွေ‌တွေ ယူ‌ဆောင်လာပြီး ဖားအံမြို့ရဲ့ အာဇာနည်‌ကျောက်တိုင်‌အောက်‌ခြေတဝိုက်မှာ စုပုံထားကြတယ်။ ‌ကျောက်တိုင်မှာ အာဇာနည် ဓါတ်ပုံ‌တွေကိုလည်း ‌ထောင်ထားတယ်။”ဟု အဆိုပါ အမျိုးသမီးက ‌ပြောသည်။

Photo-KIC (ဖားအံမြို့အ‌ရှေ့ဘက် လမ်းခွလမ်းဆုံ‌နေရာ)

အစိုးရသန်း‌ခေါင် စာရင်းအရ လူ တစ်သန်း‌ကျော် ‌နေထိုင်သည့် ကရင်ပြည်နယ်တွင် ကရင်လူမျိုး အပါအဝင် မြန်မာ၊ မွန်နှင့် ပအိုဝ်း၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများ ‌နေထိုင်ကြပြီး လူငယ်အများအပြားသည် အာဇာနည်‌နေ့နှင့် ပတ်သက်၍ သိရှိသူ နည်းပါး သလို စိတ်ဝင်စားမှုလည်း နည်း‌နေသည်ဟု ဖားအံ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။