Home သတင်း မဲ့ကသာ‌ကျေးရွာအတွင်း၌ စာသင်‌ကျောင်း မဖွင့်နိုင်‌သေး

မဲ့ကသာ‌ကျေးရွာအတွင်း၌ စာသင်‌ကျောင်း မဖွင့်နိုင်‌သေး

2453
ဇူလိုင်လ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ‌ဒေသရှိ မဲ့ကသာရွာတွင် တိုက်ပွဲများကြာင့် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြ သည့် ရွာသူရွာသားများမှာ ယခုအချိန်၌ ရွာတွင် ပြန်လည် ‌နေထိုင်နိုင်ကြပြီဖြစ်‌သော်လည်း စာသင်‌ကျောင်းကိုမူ ဖွင့်လှစ်နိုင် ခြင်း မရှိ‌သေး‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

၎င်းရွာရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်တဦးက “ရွာသား‌တွေ ပြန်‌နေထိုင်တာ ၁ဝရက်‌ကျော်သွားပြီ။ အကုန်လုံး‌တော့ မဟုတ်‌သေး ‌ပေမဲ့ ထက်ဝက်‌ကျော်‌လောက်ရှိပြီ။ ဒါ‌ပေမယ့် ပိတ်ထားတဲ့စာသင်‌ကျောင်းကို‌တော့ အခုထက်ထိ ပြန်မဖွင့်နိုင်‌သေးတဲ့အတွက် က‌လေး‌တွေလည်း မိဘ‌တွေနဲ့အတူ ‌နေ့စားသွားလုပ်တဲ့လူကလုပ်၊ ‌ကျောင်းထွက်ပြီး တခြားရွာကို ‌ပြောင်းသွားတာလည်း ရှိ တယ်။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်‌နေ့တွင် မဲ့ကသာ‌ကျေးရွာ ဘုန်းကြီး‌ကျောင်းရှိ အစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ် (စကခ-၁၉) လက်‌အောက်ခံ ခမရ(၅၆၃)တပ်ရင်းအား ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၁၆) လက်‌အောက်ခံ တပ်ဖွဲ့ဝင်တချို့က ဝင်‌ရောက်ပစ်ခတ်ရာ ရွာသားများအားလုံးနီးပါး အခြား‌ကျေးရွာများသို့ ထွက်‌ပြေးတိမ်း ‌ရှောင်ခဲ့ရသည်။

အိမ်‌ခြေ ၉ဝခန့်ရှိ မဲ့ကသာ‌ကျေးရွာမှ အိမ်‌ထောင်စု အများစုမှာ ယခုအချိန်တွင် ရွာတွင်း ပြန်လည်‌နေထိုင်ကြပြီဖြစ်‌သော်လည်း အချို့မှာ ‌ကျေးရွာတွင် ထို‌ဒေသရှိ မိုင်းတွင်းလုပ်ငန်းတွင် ‌နေ့စားအလုပ်လုပ်ကာ ‌နေထိုင်ရပ်တည်ကြသည်။

အမည်မ‌ဖော်လိုသူ မဲ့ကသာရွာမှ လူကြီးတဦးက “ကျ‌နော်တို့လူကြီး‌တွေက ‌ကော်သူး‌လေကိုလည်း မထိန်းချုပ်နိုင်ဘူး။ အစိုးရ တပ်ကိုလည်း ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ ဒါ‌ကြောင့် ဒီစာသင်‌ကျောင်း ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာ‌တော့ တပ်အပ် မ‌ပြောနိုင်ဘူး။ နစ်နာတာက က‌လေး‌တွေပဲ။” ‌ပြောသည်။

Photo-KIC (ကရင်ပြည်နယ်မှ မူလတန်းက‌လေးငယ် ‌ကျောင်းသူ‌ကျောင်းသားများ)

ခမရ(၅၆၃)တပ်ရင်းသည် မဲ့ကသာ‌ကျေးရွာ ဘုန်းကြီး‌ကျောင်းကို အကာအကွယ်လုပ်ကာ ‌ခြေကုပ်‌နေရာယူထားသဖြင့် ပြီးခဲ့ သည့် ဇွန်လ ၆ရက်‌နေ့နှင့် ၁ဝရက်‌နေ့က ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့ဝင်များ ဝင်‌ရောက်ပစ်ခတ်မှုကို ခံရပြီး ဘုန်းကြီး‌ကျောင်း ‌ခေါင်မိုးကိုထိမှန်ကာ အနည်းငယ် ပျက်စီးသွားခဲ့သည်။

ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းဖြစ်သည့် မဲ့ကသာ မူလတန်း‌ကျောင်းတွင် ‌ကျောင်းဆရာ ၃ဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား ၄ဝဦး‌ကျော် ပညာသင်ကြား‌နေသလို ယခင်ကလည်း အလားတူ ပစ်ခတ်မှုများ‌ကြောင့် မကြာခဏ ‌ကျောင်းပိတ်ပစ်ခဲ့ရသည်ဟု ရွာသားများက ‌ပြောသည်။