Home သတင်း ဆစ်ဒနီတွင် နိုင်ငံ‌ရေးဆိုင်ရာ လူထုနှီး‌နှောဖလှယ်ပွဲ ကျင်းပပြီးစီးခဲ့

ဆစ်ဒနီတွင် နိုင်ငံ‌ရေးဆိုင်ရာ လူထုနှီး‌နှောဖလှယ်ပွဲ ကျင်းပပြီးစီးခဲ့

1559
ဇူလိုင်လ ၁၈ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

မြန်မာပြည်တွင် ကျင်းပခဲ့သည့် လွှတ်‌တော်အပြီး နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ နိုင်ငံတကာနှင့် မြန်မာ့အ‌ရေး လှုပ်ရှားသူများ၏ အ‌ခြေ အ‌နေ၊ တိုင်းရင်းသားများအ‌ရေးနှင့်ပတ်သက်၍ လူထုနှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ဩစ‌တြေးလျားနိုင်ငံ၊ နယူး‌ဆောသ့်‌ဝေးပြည် နယ် ဆစ်ဒနီမြို့တွင် ဇူလိုင်လ ၁၆ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

ထို‌နေ့ ‌နေ့လည် ၁၁နာရီမှ ည‌နေ ၃နာရီအထိ မြန်မာနိုင်ငံ ဒီမိုက‌ရေစီရရှိ‌ရေးညွှန့်‌ပေါင်းအဖွဲ့(JACDB) မှ ဦး‌ဆောင်၍ ဆစ်ဒနီမြို့ ရီးဂျင်းပါ့က်စ် ကွန်မြူနတီ‌ဟောလ်တွင် ကျင်းပခဲ့သည့် လူထုနှီး‌နှောဖလှယ်ပွဲမှ နိုင်ငံ‌ရေးအကျဉ်းသားများ ပြန်လည်လွတ် ‌မြောက်‌ရေး၊ တိုင်းရင်းသား‌ဒေသများတွင် ကြံ့ဖွံ့အစိုးရစစ်တပ်၏ လူမျိုးတုန်းစစ်ပွဲဆင်နွဲမှု ရပ်စဲ‌ရေးနှင့် လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်‌ဖောက်ဖျက်‌နေမှုများကို ကမ္ဘာ့ကုလသမဂ္ဂမှ ‌ကော်မရှင်တစ်ရပ်ဖွဲ့ကာ စုံစမ်းစစ်‌ဆေး‌ရေး စသည့်အချက်များကို ဖြစ်‌ပေါ်လာ‌အောင် လုပ်‌ဆောင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

၎င်းနှီး‌နှောဖလှယ်ပွဲသို့ ဘားမားကမ်ပိန်း(ဩစ‌တြေးလျား)၊ ဩစ‌တြေးလျားကရင်အမျိုးသားအဖွဲ့(AKO)၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်-လွတ်‌မြောက်နယ်‌မြေ(NLD-LA)၊ မြန်မာနိုင်ငံ ဒီမိုက‌ရေစီရရှိ‌ရေးညွှန့်‌ပေါင်းအဖွဲ့(JACDB)၊ ABSDF ရဲ‌ဘော်များ၊ လူမျိုး စုမြန်မာ့အသံ‌ရေဒီယို-ဩစ‌တြေးလျား၊ မွန်နှင့် ကရင်တိုင်းရင်းသားများ အပါအဝင် မြန်မာ့အ‌ရေး စိတ်ပါဝင်စားသူ‌ပေါင်း ၂၇ဦး တက်‌ရောက်ခဲ့ကြပြီး အပြန်အလှန် ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မန္တ‌လေးတိုင်းအ‌ရှေ့‌မြောက်မြို့နယ် NLD လွှတ်‌တော်အမတ် ဦး‌မောင်‌မောင်‌အေးက “ကြံ့ဖွံ့အစိုးရ၏ လွှတ်‌တော်တွင်းနိုင်ငံ‌ရေး၊ လွှတ်‌တော်ပြင်ပနိုင်ငံ‌ရေး မတူကွဲပြားတဲ့ အခင်းအကျင်း၊ ထူးခြားချက်‌တွေက‌တော့ စစ်အာဏာရှင်သက်ဆိုးရှည်‌ရေးပဲ ဖြစ် တယ်။ ပြည်တွင်းပြည်ပ ဒီမိုက‌ရေစီလှုပ်ရှားမှုကြီးကို နိုင်ငံ‌ရေး၊ ဘဏ္ဍာ‌ရေး၊ စိတ်ဓါတ်‌ရေးရာနှင့် နည်းပညာအရ တတ်စွမ်းသမျှ ဝန်းရံပံ့ပိုးကြရမယ်။”ဟု ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။

“စစ်အုပ်စု‌တွေဟာ သက်ဦးဆံပိုင်ဘုရင်စနစ်၊ ပ‌ဒေသရာဇ်ပုံစံမျိုးနဲ့ သူတို့အလုပ်‌တွေကို မဖြစ်မ‌နေ လုပ်သွားကြမယ်ဆိုတာ သိ နားလည်ထားရမယ်။ ဒီမိုက‌ရေစီ လွတ်လပ်မှုစနစ်ကို ဒီစစ်အာဏာရှင်‌တွေဆီက လွယ်လွယ်နဲ့ ‌တောင်းယူလို့မရဘူး။”ဟု ဒီမို က‌ရေစီ ဖွံ့ဖြိုးတိုးတက်‌ရေးအင်အားစု သု‌တေသနနှင့် မှတ်တမ်းဌာနတာဝန်ခံ ဦး‌ဌေး‌အောင်က ဆိုသည်။

နယ်စပ်‌ဒေသရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၏ အ‌ခြေအ‌နေကို ‌ဆွေး‌နွေးတင်ပြရာတွင် “၂၀၁ဝခုနှစ်ဟာ ကြံ့ဖွံ့အစိုးရနဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးအတွက် အ‌ရေးကြီးဆုံးနှစ်ဖြစ်တယ်။ အခုဆိုရင် ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင် စတဲ့ တိုင်းရင်းသား‌တွေက စစ်အာဏာရှင်‌တွေကို အသီးသီး ‌တော်လှန်‌နေကြပြီ ဖြစ်တယ်။ ဒီအ‌ခြေအ‌နေ အချိန်အခါနဲ့ ‌တော်လှန် တိုက်ပွဲဝင်‌နေတဲ့အချိန်မှာ သမိုင်းမ‌ကွေးမိကြ‌စေဖို့ လိုတယ်။”ဟု AKO ဥက္ကဌ ‌စောလွင်ဦးက ‌ပြောသည်။

Photo-KIC (ဆစ်ဒနီမှ လူထုနှီး‌နှောဖလှယ်ပွဲ)

ဘားမားကမ်ပိန်း-ဩစ‌တြေးလျား တာဝန်ခံ ‌ဒေါက်တာမြင့်ချိုမှ မြန်မာ့ဒီမိုက‌ရေစီ‌ရေးရာ နိုင်ငံတကာလှုပ်ရှားမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သူတို့ရဲ့ အကျိုးတူစီးပွားမရှိရင် မြန်မာ့အ‌ရေးကို ‌လေး‌လေးနက်နက် ကိုင်တွယ်လုပ်‌ဆောင်ကြမှာ မဟုတ်ဘူး။ ပြည်ပအ‌ခြေစိုက် အဖွဲ့အစည်း‌တွေကလည်း သက်ဆိုင်ရာနိုင်ငံ‌တွေက အစိုးရနဲ့ ပြည်သူ‌တွေကို မြန်မာ့အ‌ရေး‌တွေ သိလာ‌အောင်၊ စာနာကူညီချင်လာ‌အောင်၊ စစ်အာဏာရှင်‌တွေကို ဖိအား‌ပေးလာ‌အောင် ကြိုးစားရမယ်။”ဟု တင်ပြခဲ့သည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ခဲ့သူ ကိုဂျွန်မိုးက “မြန်မာ့နိုင်ငံ‌ရေးကို မြန်မာနိုင်ငံသားတိုင်း စိတ်ပါဝင်စားရမယ်။ အဲဒီအပြင် နိုင်ငံ ‌ရေးအဖွဲ့အစည်း‌တွေနဲ့အတူ ပူး‌ပေါင်းပါဝင် လှုပ်ရှားဖို့လည်း စည်းရုံး‌ရေး‌တွေ အများကြီး လို‌နေ‌သေးတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မြန်မာနိုင်ငံ ဒီမိုက‌ရေစီရရှိ‌ရေး ဒီမိုက‌ရေစီတပ်‌ပေါင်းစု(JACDB)ကို မြန်မာ့နိုင်ငံ‌ရေးတိုးတက်‌ပြောင်းလဲမှုကို တပ်‌ပေါင်းစုနှင့်သာ ‌အောင်ပွဲခံရမည်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ၁၉၉၈ခုနှစ်တွင် စတင်ဖွဲ့စည်းကာ နိုင်ငံ‌ရေးလှုပ်ရှား‌ဆွေး‌နွေးမှုများကို အခါအား ‌လျော်စွာ လုပ်‌ဆောင်လျှက်ရှိသည်။