Home ထိပ်တန်းသတင်း ‌ဝေါ်‌လေ‌ဒေသမှ စစ်တပ်နှင့် ‌ဒေသခံအာဏာပိုင်များ လူထုများကို ‌ခေါ်‌တွေ့စည်းရုံး‌နေ

‌ဝေါ်‌လေ‌ဒေသမှ စစ်တပ်နှင့် ‌ဒေသခံအာဏာပိုင်များ လူထုများကို ‌ခေါ်‌တွေ့စည်းရုံး‌နေ

1848
မတ်လ ၂၅ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသတွင် လှုပ်ရှား‌နေသည့် နအဖစစ်တပ်များနှင့် ‌ဒေသခံအာဏာပိုင်များသည် ထို‌ဒေသရှိ ပြည်သူများကို ‌ခေါ်‌တွေ့စည်းရုံးမှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဝေါ်‌လေ‌ကျေးရွာဥက္ကဌ ဦးထွန်းရီ၊ အတွင်း‌ရေးမှူး မျိုးကြည်နှင့် စကခ (၅) ဗျူဟာ(၁)မှ အာဏာပိုင်တချို့သည် ‌ဝေါ်‌လေ‌ဒေ သရှိ ‌ဝေါ်‌လေ၊ ထီးသဲလယ်၊ အူက‌လေ့ထာ့၊ က‌လော်‌ဝေါ်၊ ‌ကော်ဆယ်စသည့် ‌ကျေရွာများမှ ရွာသူကြီးများကို ပြီးခဲ့သည့် မတ်လ ၂၃ရက်‌နေ့က ‌ဝေါ်‌လေ‌ကျေးရွာတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့ကာ ရွာသူရွားသားများအ‌နေဖြင့် ‌ပြောင်းစိုက်လို သူများ၊ မှတ်ပုံတင် ရိုက်လိုသူများရှိပါက နာမည်တင်သွင်းရန်နှင့် ‌ကျောင်းသူ‌ကျောင်းသားများစာရင်းများကို တင်ပြရန် ‌ပြောဆိုသွား သည်ဟု အစည်းအ‌ဝေး တက်‌ရောက်သည့် ရွာသူကြီးများနှင့် နီးစပ်သူတဦးက ‌ပြောသည်။

၎င်းက “‌ခေါ်‌တွေ့တဲ့ကိစ္စက‌တော့ ‌ပြောင်းစိုက်မယ့်ရွာသား‌တွေကို စားရင်း‌ပေးဖို့ သူတို့‌ပြောင်းမျိုး ‌စေ့‌တွေချ‌ပေးမယ်။ ‌နောက်တခုက မှတ်ပုံတင်ရိုက်ချင်တဲ့ရွာသား‌တွေရှိရင် နာမည်‌ပေးဖို့၊ ‌နောက်ပြီး ရွာတရွာမှာ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေနဲ့ သင်ယူတဲ့အတန်း ပညာ‌တွေကို တင်ပြဖို့‌ပြောတယ်။ အ‌သေးစိတ်ကို‌တော့ ရှင်းပြတာမရှိဘူး”ဟု ‌ပြောသည်။

ထို့အပြင် “ ‌ရွှေဖာစည်အမည်ရှိ” လက်ကမ်းစာ‌စောင်တခုကိုလည်း တက်‌ရောက်လာသည့် ရွာသူကြီးများကို ‌ဝေ‌ပေးပြီး စာ‌စောင်ထဲတွင် နိုင်ငံ‌တော်ဖွဲ့စည်းပုံအ‌ကြောင်း၊ လမ်းပန်းဆက် သွယ်‌ရေးအ‌ကြောင်း၊ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်သည့် ‌နောက်ခံသမိုင်း‌ကြောင်း နှင့် မြို့သစ်တည်မည့် ချူကလီးမြို့နယ်ခွဲတွင် သမိုင်းဝင် မုလအိ ဆံ‌တော်ရှင် ဘုရားအ‌ကြောင်းကိုလည်း ထည့်သွင်း‌ရေးသားထားသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသတွင် လွန်ခဲ့သည့် ၅လခန့်က နအဖစစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်များအကြား အ ပြင်းအထန်တိုက်ပွဲဖြစ် ပွားခဲ့မှု‌ကြောင့် ထို‌ဒေသရှိ ‌ဒေသခံပြည်သူ ၁‌သောင်း‌ကျော် ထိုင်းနယ်စပ်သို့ ထွက်‌ပြေးခိုလှုံခဲ့ရပြီး ‌ဝေါ်‌လေရွာသားတချို့ ‌နေရပ်သို့ ပြန်လည်‌နေထိုင်ခဲ့‌သော်လည်း ထိုင်းနယ်စပ်တွင် လူဦး‌ရေ ၁‌သောင်းခန့် ကျန်ရှိ‌နေ‌သေးသည်ဟု လူမှုကယ် ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။

နအဖစစ်တပ်နှင့် ‌ဒေသခံအာဏာပိုင်များက ‌ဒေသခံပြည်သူများကို ထိုကဲ့သို့ ‌ခေါ်‌တွေ့ စည်းရုံးမှုများလုပ်‌ဆောင်ခဲ့ ‌သော်လည်း ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ် တ‌နေရာတွင်ခိုလှုံ‌နေသည့် စစ်‌ပြေးဒုက္ခသည်တဦးက ‌ဝေါ်‌လေ‌ဒေသတွင် အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အ‌ခြေအ‌နေတွင်ရှိ‌နေ‌သေး‌သော‌ကြောင့် ၎င်းတို့အ‌နေဖြင့် ပြန်လည်‌နေထိုင်ရန် မဖြစ်နိုင် ‌သေး‌ကြောင်း‌ပြောသည်။

ထိုင်းနယ်စပ်တွင် ပုန်း‌အောင်းခိုလှုံ‌နေရဆဲဖြစ်သည့် အဆိုပါ စစ်‌ပြေးဒုက္ခသည်များကို တီဘီဘီ စီ(Thai-Burma Border Consortium)နှင့် နယ်စပ်အ‌ခြေစိုက် လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ဆန်ရိက္ခာနှင့် ခိုလှုံစရာ အမိုးအကာများကို ‌ထောက်ပံ့ ‌ပေးထားသည်။