Home ထိပ်တန်းသတင်း တာ‌လေ‌ဒေသခံ ငလျင်ဒုက္ခသည် အချို့ လူမှုအကူအညီများ အ‌ရေး တကြီး လိုအပ်‌နေ

တာ‌လေ‌ဒေသခံ ငလျင်ဒုက္ခသည် အချို့ လူမှုအကူအညီများ အ‌ရေး တကြီး လိုအပ်‌နေ

2057
မတ်လ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြင်းအား ရစ်ချ်တာစ‌ကေး ၇အဆင့်ရှိ ‌မြေ ငလျင်လှုပ်ခတ်မှု ၅ရက်ကြာလာသည်နှင့်အမျှ နိုင်ငံတကာနှင့် မြန်မာပြည်တွင်းရှိ NGOs အဖွဲ့များက အကူအညီ‌ပေးမှုများ စတင် ‌နေပြီဖြစ်‌သော်လည်း ငလျင်ဗဟိုပြု‌ဒေသမှ ဒုက္ခသည်အချို့မှာ လူမှုအကူအညီများ အ‌ရေးတကြီး လိုအပ်လျှက်ရှိသည်။

တာ‌လေမြို့အ‌နောက် ၈မိုင်အကွာတွင် အိမ်‌ခြေ ၁၄၅လုံးပျက်စီးပြီး လူ ၂၂ဦး‌သေဆုံးသည့် ကျကူညီနှင့် ရွာလုံးကျွတ် အိမ်‌ခြေ ၂၀‌ကျော် ပျက်စီးသွားသည့် ‌ပေါ်ဟူးလဲရွာမှ ငလျင်ဒဏ်‌ကြောင့် ဒုက္ခ‌ရောက်သူများသည် ယခုဆိုလျှင် မိုးရွာသည့်အတွက် ရိက္ခာ၊ ‌သောက်သုံး‌ရေ၊ ‌ဆေးဝါးနှင့် အဝတ်အထည်များ၊ ဖ‌ယောင်းတိုင်စသည့် အကူအညီပစ္စည်းများ အပူတပြင်း လိုအပ်‌နေ ‌ကြောင်း ထို‌ဒေသရှိ ရန်ရှင်းရွာမှ အသင်းအုပ်ဆရာ‌တော် ဦး‌ယောဘက ‌ပြောသည်။

သူက “ကျကူညီရွာမှာဆိုရင် တရွာလုံးက ငလျင်ထပ်လှုပ်မှာစိုးလို့ ရွာ‌ဘေးမှာ တဲထိုးပြီး ယာယီ‌နေထိုင်ရတယ်။ အခု မိုးလည်း ရွာ‌တော့ ပျက်စီးယိုင်သွားတဲ့ စပါးကျီထဲက စပါး‌တွေလည်း မိုးစိုကုန်တယ်။ ထည့်ဖို့အိတ်လည်း မရှိဘူး။ အခု မိုးကာ‌တော့ အလိုအပ်ဆုံးပဲ။ ဆားလည်း မိုးယိုလို့ အရည်‌ပျော်ကုန်ပြီး။ ထွန်းဖို့ ဖ‌ယောင်းတိုင်လည်း မရှိဘူး။ ‌သောက်သုံး‌ရေလည်း ‌ကောင်း ‌ကောင်းမရှိ‌တော့လို့ က‌လေးတချို့ ဝမ်းသွားတာရှိတယ်။ ကျကူညီရွာနဲ့နီးတဲ့ ‌ပေါ်ဟူးလဲရွာလည်း ကျကူညီရွာလိုပဲ ‌တော်‌တော် ဒုက္ခ‌ရောက်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ငလျင်ဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာအဖွဲ့အစည်းကြီးများဖြစ်ကြသည့် ကုလသမဂ္ဂက‌လေးများ ရန်ပုံ‌ငွေအဖွဲ့ UNICEF၊ World Vision, နယ်စည်းမခြား ဆရာဝန်များအသင်း MSF နှင့် မြန်မာပြည်တွင်းရှိ NGOs များက လိုအပ်သည့် ‌ဆေးဝါးပစ္စည်း ရိက္ခာများကို ဝယ်ယူပြီး မတ်လ ၂၆ရက်‌နေ့က ငလျင်ဒဏ်ခံရသည့် တာ‌လေမြို့နှင့် မိုင်းလင်းဘက်သို့ သွား‌ရောက်ကာ ကယ် ဆယ်‌ရေးလုပ်ငန်းများ စတင်ခဲ့‌သော်လည်း ယခုချိန်ထိ အကူအညီများ ထပ်မံ လို‌နေခြင်း ဖြစ်သည်။

‌မြေငလျင်ဒဏ်‌ကြောင့် တာ‌လေမြို့တွင် လူ‌နေအိမ်အားလုံးနီးပါး ပျက်စီးကာ လူ ၅၀‌လောက် ‌သေဆုံးပြီး ရန်ရှင်းရွာတွင် အိမ် ‌ခြေ ၁ဝလုံး ပျက်စီးကာ ရွာသားတစ်ဦးဒဏ်ရာရခဲ့သည်။ ၎င်းအပြင် ကျကူညီရွာတွင် လူ‌နေအိမ် ၁၄၅လုံး၊ လူ ၂၂ဦး၊ ကျကူညီ ရွာတွင် ၂၂ဦး၊ အိမ် ၁၄၅လုံး၊ မိုင်းလင်းရွာတွင် လူ ၃ဝနီးပါး၊ အိမ်‌ခြေ‌ပေါင်း ၄ဝနီးပါးနှင့် ‌ပေ‌သေလရွာတွင် အိမ်‌ခြေအားလုံး ၁၂ဝလုံး ပျက်စီး ‌သေဆုံးခဲ့သည်ဟု အသင်းအုပ်ဆရာ‌တော် ဦး‌ယောဘ၏ ‌ပြောပြချက်အရ သိရသည်။

စစ်အစိုးရပိုင် မြန်မာ့အလင်းစာ၌ ငလျင်‌ကြောင့် တာချီလိတ်နှင့် တာ‌လေမြို့တွင် ‌သေဆုံးသူ ၇၄ဦး၊ ဒဏ်ရာ ရရှိသူ ၁၁၁ဦး၊ အိမ် ၂၄၄လုံး၊ ဘုန်းကြီး‌ကျောင်း ၁၄‌ကျောင်းနဲ့ အစိုးရရုံး အ‌ဆောက်အဦး ၉ခု ပျက်စီးခဲ့သည်ဟု ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းကို ဗဟိုပြု၍ မတ်လ ၂၄ရက်‌နေ့ ည‌နေ ၈နာအချိန်က မြန်မာ၊ တရုတ်၊ ထိုင်းနှင့် ‌လောနိုင်ငံနယ်စပ် ‌ရွှေတြိဂံ‌ဒေသတွင် ‌မြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ထို‌ဒေသအတွင်း ‌နေထိုင်သည့် ပြည်သူများအ‌နေဖြင့် အကူအညီလိုအပ်သလို ပျက်စီးသွားသည့် ၎င်းတို့၏ အိမ်ယာများလည်း ယခုအချိန်ထိ ပြန်လည်ထူ ‌ထောင်‌ရေးလုပ်ငန်းများ ထိ‌ရောက်စွာ မလုပ်‌ဆောင်နိုင်‌သေး‌ပေ။

အဆိုပါအခက်အခဲများ‌ကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ ‌ရောက်ရှိကာ အလုပ်လုပ်‌နေကြသည့် ငလျင်ဒဏ်ခံ ‌ကျေးရွာ များမှ ‌ဒေသခံများမှာ မိမိတို့ တတ်နိုင်သမျှ ကူညီ‌ပေးနိုင်ရန် လှုံ့‌ဆော်မှုများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။