Home ထိပ်တန်းသတင်း မြဝတီမြို့တွင် စစ်တပ်နှင့် BGF လုံခြုံ‌ရေး ပိုချလာ

မြဝတီမြို့တွင် စစ်တပ်နှင့် BGF လုံခြုံ‌ရေး ပိုချလာ

1629
‌ဖေ‌ဖော်ဝါရီလ ၂၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

မြဝတီမြို့ကို တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) ဝင်‌ရောက် တိုက်ခိုက်မည် ဆိုသည့်သတင်း ‌ကြောင့် ယ‌နေ့ည‌နေပိုင်းတွင် မြဝတီမြို့တွင်း၌ စစ်တပ်မှ လုံခြုံ‌ရေး ပိုချထားလာသလို နယ်ခြား‌စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ လည်း ကားဖြင့် ပိုမိုလှုပ်ရှားလာ‌ကြောင်း မြို့ခံများက ‌ပြောသည်။

မြို့ခံအမျိုးသမီးတဦးက “ဒီည‌နေ နည်းနည်း ထူးခြားလာတယ်။ မြို့တွင်းမှာ စစ်တပ်‌တွေ လုံခြုံ‌ရေး ပိုချလာတာ ‌တွေ့ရတယ်။ နယ်ခြား‌စောင့်တပ်‌တွေကလည်း ကားနဲ့ သွားလိုက်လာလိုက်နဲ့ အရင်ရက်‌တွေနဲ့ မတူဘူး။ ‌တောထဲက DKBA ‌တွေ မြို့တွင်းမှာ လာ‌ရောက်ပစ်ခတ်မယ်လို့ BGF နဲ့ နီးစပ်တဲ့သူ‌တွေက တိုးတိုးတိတ်တိတ် ‌ပြော‌နေကြတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အခြားမြို့ခံ ကုန်သည်တစ်ဦးကလည်း “ဘာအတွက်‌ကြောင့်လည်း မ‌ပြောတတ်ဘူး။ ဒီည‌နေ နည်းနည်း‌တော့ ထူးခြားတယ်။ ကုက္ကိုနဲ့ မြဝတီလမ်းတ‌လျှောက်မှာ မနက်တုန်းက ဘာအ‌စောင့်မှ မရှိဘူး။ ဒီည‌နေ ပြန်လာတာ လမ်းမှာ စစ်သား‌တွေချည်းပဲ။” ဟု ‌ပြောသည်။

ဗိုလ်မှူးကြီး‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွေး) ဦးစီး‌သော DKBA တပ်မဟာ (၅)တပ်ဖွဲ့ဝင်တို့က ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့ မှ ၂၈ရက်‌နေ့အထိ မြဝတီမြို့တွင်းကို ဝင်‌ရောက်ပစ်ခတ်မည့်သတင်းကို ကြိုတင်ကြားသိထားသည့်အတွက် ယခုလို စစ်တပ် အာဏာပိုင်များဘက်မှ လုံခြုံ‌ရေး ပိုမိုချထားလာခြင်း ဖြစ်နိုင်‌ကြောင်း မြို့ခံများက ‌ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ DKBA တပ်မဟာ(၅)မှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က “ကျ‌နော်တို့အ‌နေနဲ့က မြို့ တွင်းမှာရှိတဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အ‌ဆောက်အဦး‌တွေကို ဝင်‌ရောက်ဖျက်ဆီးဖို့ အစီအစဉ်ရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ စစ်အာ ဏာရှင် ကျရှုံးဖို့အတွက် နည်းအမျိုးမျိုးသုံးရမှာပဲ။ ပြည်သူလူထု‌တွေကို မတိုက်ခိုက်ဘူး။ အခု စစ်တပ်က သူတို့လူ‌တွေ ပိုချလာ ‌ပေမဲ့လည်း ကျ‌နော်တို့က ကိုယ့်အစီအစဉ်ကို ဆက်လုပ်သွားမှာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဒီ‌ကေဘီ‌အေအ‌နေဖြင့် လက်ရှိ စစ်အစိုးရကို နည်းလမ်းမျိုးစုံသုံးကာ ‌နေရာတိုင်းတွင် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ မြဝတီ-‌ကော့ကရိတ်ကားလမ်း၌ သွားလာ‌နေသည့် ကုန်သည်များ၊ သာမန်လူထုများကို စစ်တပ်နှင့်အတူ သွားလာခြင်း မပြုရန် လည်း ဒီ‌ကေဘီ‌အေဘက်က ယခုလလယ်ပိုင်းမှစ၍ နှိုး‌ဆော်ထား‌ကြောင်း ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောဆိုသည်။

ယခုလို ဒီ‌ကေဘီ‌အေ၏ မြို့တွင်းမြို့ပြင် တိုက်ခိုက်မှုများကို နအဖ စစ်တပ်ဘက်မှလည်း လုံခြုံ‌ရေးအပြည့်ဖြင့် ပြန်လည် ပြင် ဆင်ထားသည့်အတွက် လက်ရှိအချိန်တွင် မြဝတီမြို့ခံများမှာ သတိဖြင့် သွားလာ‌နေထိုင်‌နေကြရသည်ဟု သိရသည်။