Home ထိပ်တန်းသတင်း ရွာသူကြီး အပါအဝင် ရွာသား ၆ဦးကို နအဖ ဖမ်းဆီးထား

ရွာသူကြီး အပါအဝင် ရွာသား ၆ဦးကို နအဖ ဖမ်းဆီးထား

1934
‌ဖေ‌ဖော်ဝါရီလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ဒေသ ‌မောတုစခန်းတွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ် (၁၉) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ(၂၉၉)သည် ‌ဒေသခံ ရွာသူကြီးအပါအဝင် ရွာသား (၆)ဦးကို ‌ဖေ‌ဖော်ဝါရီလ ၂ဝ ရက်‌နေ့က ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်လွှတ်‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ မြဝတီမြို့နယ်ရှိ ကွီးတာအူရွာမှ သူကြီးနှင့် ရွာသား ၂ဦး၊ တ‌နော်ထာ့ရွာမှ သူကြီးနှင့် ‌ကော့ကရိတ်မြို့နယ် ကျိုက်ဒုံရွာမှ ရွာသားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ‌ဝေါ်‌လေ‌ဒေသမှ ချူကလီးရွာသူကြီးက လာ‌ရောက်‌ထောက်ခံပါက ပြန်လွှတ်‌ပေး မည်ဟု ‌မောတုစခန်း တပ်ရင်းမှူးကိုယ်တိုင်က အ‌ကြောင်းကြားထား‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသအတွင်း လှုပ်ရှား‌နေသည့် DKBA တပ်မှူးတဦးက “ဒီ‌ဝေါ်‌လေမှာ နအဖက သူတို့လူ‌တွေ ဒီလ ၂ဝရက်‌နေ့မှာ ၃‌ယောက်မိုင်းထိ‌တော့ ဒီရွာသား‌တွေကို ဖမ်းတယ်။ ၂၅ရက်‌နေ့မှာ သူတို့လူ ၃‌ယောက် မိုင်းထပ်နင်းမိ‌တော့ ‌ဒေသခံရွာသား ‌တွေကို ပိုမိုအကြပ်ကိုင်လာတဲ့အ‌နေနဲ့ ဒီလိုလုပ်‌တော့တာပဲ။ အစက သူတို့ဖမ်းတာ ရွာသား‌တွေပဲ။ ‌နောက်မှ တ‌နော့်ထာ့ရွာ သားနှစ်‌ယောက်ကို ရွာသူကြီး‌တွေကို ပြန်‌ခေါ်ခိုင်းပြီး ‌ရောက်လာတဲ့ သူကြီး ၂‌ယောက်ကိုပါ သူတို့ထပ်ပြီး ဖမ်းချုပ်လိုက်တာပဲ။ ကွီးတာအူ၊ တ‌နော်ထာ့နဲ့ ကျိုက်ဒုံက စုစု‌ပေါင်း ၆‌ယောက်‌ပေါ့‌နော်။”ဟု ‌ပြောသည်။

ယခုလို ဖမ်းဆီးခံထားရသူများနှင့် ၎င်းတို့ လာ‌ရောက်‌ရွေးခိုင်းသည့်သူ၏ ဆက်စပ်မှုအ‌ကြောင်းရင်းကို ရွာသားများ နားမလည် ကြ‌သော်လည်း အဖမ်းခံထားရသူများကို အချိန်မီ လာ‌ရောက်‌ထောက်ခံခြင်း မပြုပါက ပစ်သတ်မည်ဟု အဆိုပါနအဖတပ်က ‌ပြောဆိုထား‌ကြောင်း ‌ဒေသခံရွာသားတဦးကလည်း ယခုလို ‌ပြောသည်။

“ဖမ်းထားတဲ့သူ‌တွေကို ချူကလီးသူကြီး အချိန်မီလာပြီး မ‌ထောက်ခံရင် အကုန်ပစ်သတ်မယ်။ ‌ထောက်ခံရင် လွှတ်‌ပေးမယ်လို့ သူတို့(နအဖ)က ‌ပြောထားတယ်။ ဒါ‌ပေမဲ့ အဖမ်းခံရသူ‌တွေအတွက် ချူကလီးသူကြီးကိုမှ ဘာဖြစ်လို့ သွား‌ထောက်ခံခိုင်းလဲဆို တာ ဘယ်သူမှ နားမလည်ကြဘူး။ ချူကလီးရွာသူကြီးလည်း ‌ကြောက်လို့ အခုထိ မသွား‌သေးဘူး။”ဟု သူက ‌ပြောသည်။

သို့‌သော် ဖမ်းဆီးထားသူများအား သွား‌ရောက်‌ထောက်ခံရမည့် ‌နောက်ဆုံးရက်ကို သတ်မှတ်ထားခြင်း မရှိ‌သေး‌သော်လည်း ရွာ သားများက ထိုကိစ္စအ‌ပေါ် စိုးရိမ်လျှက်ရှိသည်။

ထို‌နေ့တစ်ရက်တည်းမှာပင် ၎င်း နအဖ ခမရ(၂၉၉)တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းသို့သွားမည့် တ‌နော်ထာ့ နှင့် ကွီးတာအူရွာသားများ၏ ‌ထော်လာဂျီကား ၃စီးကို ဖမ်းထားပြီး ကားနှင့် အတူပါလာသည့် ရွာသားများ၏ ထိုင်းဘတ်‌ငွေ ၄ ‌ထောင်ကို အဓမ္မသိမ်းယူခဲ့သည်ဟု သိရသည်။

၂၀၁၁ခုနှစ်အတွင်း ‌ဝေါ်‌လေ‌ဒေသ၌ လှုပ်ရှား‌နေသည့် နအဖတပ်များသည် သူကြီးနှင့် ရွာသားများကို ဖမ်းဆီးကာ အခြားရွာသူ ကြီးကို သွား‌ရောက်‌ထောက်ခံခိုင်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။