Home ထိပ်တန်းသတင်း မယ်လ‌ဆေးရုံအုပ်အား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို ‌ဆေးဝန်ထမ်း များ ဆန္ဒပြ

မယ်လ‌ဆေးရုံအုပ်အား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို ‌ဆေးဝန်ထမ်း များ ဆန္ဒပြ

1693
‌ဖေ‌ဖော်ဝါရီလ ၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မယ်လဒုက္ခသည်စခန်းရှိ Aide Medical International-AMI ‌ဆေးရုံအုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်းမှုအ‌ပေါ် လက်မခံနိုင် သည်ကို ဆန္ဒပြသည့်အ‌နေဖြင့် ယ‌နေ့မွန်းလွဲပိုင်းတွင် ‌ဆေးရုံဝန်ထမ်းများအားလုံး လုပ်ငန်းခွင်မှ ‌နေအိမ်သို့ ပြန်သွားကြ ‌ကြောင်း ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ဒုက္ခသည်များက ‌ပြောသည်။

ယ‌နေ့မွန်းလွဲ ၁နာရီခန့်တွင် ‌ဆေးရုံအတွင်း၌ AMI မှ တာဝန်ရှိသူများ၊ မယ်လ‌ဆေးရုံအုပ် ဆရာ‌စော‌နေစဲန်တို့ ‌ဆွေး‌နွေး‌ပြောဆို ခဲ့ကြသည့်‌နောက် ‌ဆေးဝန်ထမ်းများအားလုံး ‌ဆေးရုံတွင်းရှိ လူနာများကို ထားခဲ့ကာ ယခုလို မိမိတို့‌နေအိမ်သို့ ပြန်သွားကြခြင်း ဖြစ်‌ကြောင်း မယ်လဒုက္ခသည်တစ်ဦးက ယခုလို ‌ပြောသည်။

သူက “‌ဆေးဆရာ၊ ဆရာမ‌တွေက ‌နေ့လည်ကတည်းက ဆန္ဒပြတဲ့အ‌နေနဲ့ အကုန်ပြန်ကုန်ကြပြီ။ ‌ဆေးရုံမှာလည်း အချို့လူနာ ‌တွေ‌တောင် ကုသမဲ့ဆရာမရှိလို့ ပြန်သွားတာလည်းရှိတယ်။ ဒီည‌နေ‌ရောက်‌တော့ ‌ဆေးရုံထဲမှာ လူနာ‌တွေ တစ်‌ယောက်မှ မရှိ ‌တော့ဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ ဆရာ‌စော‌နေစဲန်အား လုပ်ငန်းတာဝန်မှ ထုတ်ပစ်ရခြင်းမှာ ယခင်က သတိ‌ပေးချက်ကို မလိုက်နာမှုနှင့် ‌ဆေးရုံတွင်း ကျန်းမာ‌ရေးကိစ္စများကို သတင်းဌာနထံ ‌ပြောဆိုမှု စသည့်အ‌ကြောင်းပြချက်များဖြင့် ထုတ်ပစ်လိုက်ခြင်းဖြစ်‌ကြောင်း အမည်မ ‌ဖော်လိုသူ ‌ဆေးဝန်ထမ်းတစ်ဦးက ‌ပြောသည်။

“စခန်းတွင်း ကျန်းမာ‌ရေးကိစ္စကို အရင်က သတင်းဌာန‌တွေနဲ့ ‌ပြောခဲ့တာ အထက်က ခွင့်ပြုချက်မရဘဲ လုပ်ပိုင်ခွင့်မရှိဘူးဆိုပြီး သတိ‌ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက ဘာမှမလုပ်ဘဲ ‌မေ့‌မေ့‌ပျောက်‌ပျောက်ဖြစ်သွားတာကို အခုမှ ‌နောက်ဆုံး သတိ‌ပေးချက်စာ ထုတ်ပြီး မ‌နေ့က ‌ကောက်ခါငင်ခါ လက်မှတ်လာထိုးခိုင်းတယ်‌လေ။ ဒါကို ဆရာ‌နေစဲန်က ‌ဒေါသထွက်သွားပြီး မထိုး‌ပေးလိုက် ဘူး။ ဒီ‌နေ့‌တော့ ဝန်ထမ်း‌တွေကို အသိ‌ပေးပြီးမှ သူ လက်မှတ်ထိုးလိုက်တယ်‌လေ။ ဝန်ထမ်း‌တွေက ဒါရိုက်တာကို‌မေး‌တော့ ပုဂ္ဂိုလ်‌ရေးမို့ ဝန်ထမ်း‌တွေ ဘာမှဝင်‌ပြောစရာမလိုဘူးတဲ့။ ဒီလိုအ‌ကြောင်းပြချက် မရှင်းပြဘဲ ဝန်ထမ်းတ‌ယောက်ကို ထုတ်လိုက် ရင် ‌နောက်လည်း အဲလိုထုတ်‌နေမှာပဲ‌လေ။ ဒါကို လက်မခံနိုင်လို့ ‌ဆေးရုံက‌နေ အကုန်လုံး ပြန်လာလိုက်တာပဲ။”ဟု ၎င်း‌ဆေး ဝန်ထမ်းက ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယ‌နေ့ည‌နေပိုင်းတွင် ကရင်ဒုက္ခသည်‌ကော်မတီ(KRC)၊ စခန်း‌ကော်မတီ၊ စခန်းဆိုင်ရာ ထိုင်းလုံခြုံ ‌ရေးအဖွဲ့နှင့် AMI တာဝန်ရှိသူများက မယ်လစခန်း ‌ဆေးရုံအတွင်း ‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအာရ်စီ အတွင်း‌ရေးမှူး ‌စော‌ဂျော့ဂျ်က “ဒီ‌နေ့ဖြစ်သွားတဲ့ကိစ္စက AMI ရဲ့ အုပ်ချုပ်‌ရေးပြဿနာ မ‌ပြေလည်တာပါ။ ကျ‌နော် တို့အ‌နေနဲ့‌တော့ ဝင်စွက်ဖက်လို့ မရဘူး‌လေ။ ဒါ‌ပေမဲ့ လူထု‌တွေကို မထိခိုက်‌အောင်‌တော့ သက်ဆိုင်ရာ အဖွဲ့က အမြန်ဆုံး ‌ဖြေ ရှင်းသွားဖို့ ‌ဆွေး‌နွေးဖြစ်ကြပါတယ်။ တကယ်လို့ လူထုပါ ထိခိုက်လာမယ်ဆိုရင် ဝင်‌ရောက်‌ဖြေရှင်းရ‌တော့မှာ‌ပေါ့။”ဟု ‌ကေအိုင် စီကို ‌ပြောသည်။

ဒုက္ခသည်စခန်းများတွင် သတင်းဌာနများ၏ ‌မေးမြန်းမှုကို ‌ပြောဆို‌ဖြေကြားခွင့် ပိတ်ပင်ထားခြင်းမရှိ‌သော်လည်း လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းနှင့် ပတ်သက်၍ တိုက်ရိုက် ကိုင်တွယ်‌ဖြေရှင်းခွင့်မရှိဟုလည်း ‌ကေအာရ်စီက ‌ပြောသည်။

အခြား‌ဆေးဝန်ထမ်းတဦးက “ဆရာ‌နေစဲန်ကို နိုင်ငံ‌ရေးလုပ်တယ်။ စီးပွား‌ရေးလုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ဖူးတယ်။ အခုဖြစ်တာက ‌တော့ မနှစ်က ကူးစက်‌ရောဂါဖြစ်ပွားတဲ့ကိစ္စ သတင်းဌာန‌တွေဆီ ပို့‌ပေးတယ်ဆိုပြီး အပြစ်ရှာတာ‌လေ။ စိတ်တိုင်းမကျတာ တခု ရှိလာရင် စည်းကမ်း‌တွေ တခုပြီးတခုထုတ်‌နေတာနဲ့ လိုက်နာလို့‌တောင် မကုန်‌တော့ဘူး။ ဒုက္ခသည်စခန်းမှာလည်း လွတ်လပ် စွာ ‌ပြောဆိုခွင့်ဆိုတာ မရှိ‌တော့ဘူး ဖြစ်‌နေပြီ။”ဟု ဆိုသည်။

ဆရာ‌စော‌နေစဲန်မှာ မယ်လစခန်း ကျန်းမာ‌ရေးလုပ်ငန်းတွင် ယခင်က Medicines Sans Frontieres-MSF တွင် တာဝန်ယူခဲ့ပြီး ‌နောက် ၂၀၀၅ခုနှစ်တွင် ‌ပြောင်းလဲဝင်‌ရောက်လာသည့် AMI ၌ ယခုအချိန်ထိ ဆက်လက် လုပ်ကိုင်‌နေသူဖြစ်သည်။ ပြီးခဲ့သည့် နှစ်က မယ်လစခန်းတွင် ဝမ်း‌လျှော၊ တုပ်‌ကွေး ကူးစက်‌ရောဂါဖြစ်ပွားမှုအ‌ပေါ် သတင်းမီဒီယာများ၏ ဆက်သွယ်‌မေးမြန်းချက် ကို ဆရာ‌နေစဲန်အ‌နေဖြင့် ‌ဖြေကြား‌ပြောဆိုမှုများ ရှိခဲ့သည်။

မယ်လဒုက္ခသည်စခန်းရှိ AMI ‌ဆေးရုံကြီး

ဝန်ထမ်း‌ပေါင်း ၂၁၈ဦးရှိသည့် AMI သည် မယ်လစခန်းတွင် ‌ဆေးရုံလုပ်ငန်းအပြင်၊ ပြင်ပလူနာဌာနနှင့် အဆုတ်‌ရောဂါ ကုသ ‌ရေး‌ဆေးရုံကိုလည်း တွဲဖက်လုပ်‌ဆောင်‌နေသည့် ကျန်းမာ‌ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ‌ဆေးရုံ တာဝန်ခံကို လုပ်ငန်းတစ်ပတ် ရပ်ဆိုင်းထားသည့်အတွက် စခန်းတစ်ခုလုံးရှိ အခြား‌ဆေးဝန်ထမ်းများကလည်း အလားတူ လုပ် ငန်းခွင်မှ ရပ်နားထား‌ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၄ခုနှစ်ခန့်ကလည်း ထိုင်းနိုင်ငံ၊ မဲ့‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ကျန်းမာ‌ရေး အဲန်ဂျီအို MHD အ‌ပေါ် စခန်းရှိ ‌ဆေးဝန်ထမ်းများက ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ပွားခဲ့‌သေးသည်။