Home ထိပ်တန်းသတင်း ကရင့်‌နေ့ထူး‌နေ့မြတ် ၃ခု စု‌ပေါင်း အခမ်းအနား ဆစ်ဒနီတွင် ကျင်းပ ပြီးစီး

ကရင့်‌နေ့ထူး‌နေ့မြတ် ၃ခု စု‌ပေါင်း အခမ်းအနား ဆစ်ဒနီတွင် ကျင်းပ ပြီးစီး

1579
‌ဖေ‌ဖော်ဝါရီ ၆ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျား‌ရောက် ကရင်တိုင်းရင်းသားများက ကရင့်အမျိုးသား ‌တော်လှန်‌ရေး‌နေ့၊ ‌ကေအဲန်ယူ‌နေ့နှင့် ကရင်အမျိုးသား‌နေ့ တို့အတွက် စု‌ပေါင်း‌နေ့ထူး‌နေ့မြတ် အခမ်းအနားကို ဩစ‌တြေးလျားနိုင်ငံ၊ နယူး‌ဆော့သ်‌ဝေးပြည်နယ် ဆစ်ဒနီမြို့တွင် ယမန်‌နေ့ ည ၇နာရီမှ ည ၁ဝနာရီအထိ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရပါသည်။

အဆိုပါအခမ်းအနားကို Australian Karen Organization (AKO) မှ ဆစ်ဒနီမြို့၊ Granville Town Hall တွင် ကျင်းပပြုလုပ်ခဲ့ ရာ ပြည်ပ‌ရောက် မြန်မာ့အ‌ရေးလှုပ်ရှားကြသူများ၊ ဘားမားကဲန်ပိန်းကိုယ်စားလှယ်၊ ရှစ်‌လေးလုံး‌ကျောင်းသားများ၊ ပြည်ပ ‌ရောက် ကရင်ပြည်သူများ စုစု‌ပေါင်း လူဦး‌ရေ ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။
AKO ကရင်လူငယ်‌ရေးရာ တာဝန်ခံတစ်ဦးဖြစ်သူ ‌နော်နိဘလူမူးက “ဒီ‌နေ့ထူး(၃)ရပ်ဖြစ်‌ပေါ်လာရတဲ့ အ‌ကြောင်းရင်း‌တွေကို မျိုး ဆက်သစ်‌တွေ နက်နက်နဲနဲ ပိုသိကြပြီး နိုးနိုးကြားကြားရှိ ‌နေကြဖို့၊ ကရင်‌တွေရဲ့ ‌တောင်းဆိုချက်နဲ့ ‌တော်လှန်‌ရေးမူ‌လေးရပ်ကို သိမြင်ကြပြီး တတိယနိုင်ငံ‌ရောက် ကရင်ပြည်သူ‌တွေ အတိတ်က ဆိုးကျိုး‌တွေကိုမ‌မေ့ကြဘဲ အမြဲတမ်း အမှတ်ရ‌နေ‌စေဖို့နဲ့ အခု ချိန်ထိ စစ်‌ဘေးစစ်ဒဏ် ဒုက္ခအမျိုးမျိုး ကြုံ‌တွေ့‌နေရဆဲဖြစ်တဲ့ ကိုယ့်လူမျိုး‌တွေကို ဝိုင်းဝန်းကူညီ‌ဖြေရှင်းနိုင်ကြ‌စေဖို့ ရည်ရွယ် ကျင်းပရတာပါ။”ဟု ‌ပြောသည်။

အခမ်းအနားတွင် ကရင့်‌တော်လှန်‌ရေးဖြစ်‌ပေါ်လာပုံနှင့် KCO, KYO, KNU, KNDO ဖွဲ့စည်းလာပုံများကို ‌နော်ဒီးနာကလည်း ‌ကောင်း၊ ‌ကေအဲန်ယူ‌နေ့ဖြစ်‌ပေါ်လာပုံကို ‌အေ‌ကေအို လူငယ်တဦးဖြစ်သူ ‌နော်ထူးရာ‌ဖောနှင့် AKO နယူး‌ဆော့သ်‌ဝေးပြည်နယ် ဥက္ကဌ မန်း‌အော်လန်းဒိုက ကရင်လူမျိုးတို့၏ နိုင်ငံ‌ရေး‌ကြွေး‌ကြော်သံ ၄ရပ်အ‌ကြောင်းကို အဖွင့်မိန့်ခွန်းတွင် အသီးသီး ‌ပြော ကြားသွားခဲ့သည်။

မန်း‌အော်လန်းဒိုက “၁၉၄၈ခုနှစ် ဇန်နဝါရီလမှာ ကုလသမဂ္ဂက‌နေ လူ့အခွင့်‌ရေး ‌ကြေညာစာတမ်း ထုတ်ပြန်‌ကြေညာခဲ့တယ်။ ကရင့်‌ကြွေး‌ကြော်သံကြီးကိုလည်း ၁၉၄၈၊ ‌ဖေ‌ဖော်ဝါရီ (၁၁)ရက်မှာ ထုတ်‌ဖော်ခဲ့တယ်။ ကရင့်နိုင်ငံ‌ရေးနဲ့ လမ်းစဉ်ဟာ လူ့အခွင့် အ‌ရေး ‌ကြေညာစာတမ်းနဲ့ ကိုက်ညီမှုရှိတဲ့အတွက် ကရင့်‌တော်လှန်‌ရေးဟာ တရား‌သော ‌တော်လှန်‌ရေး ဖြစ်ပါတယ်။ ‌စောဘဦး ကြီး မူ‌လေးချက်ဟာလည်း ယ‌နေ့ထိ ‌ခေတ်မှီသစ်လွင်‌နေဆဲဖြစ်ပါတယ်။”ဟု ‌ပြောကြားသွားခဲ့သည်။

အခမ်းအနားတွင် လူငယ်များက ‌တော်လှန်‌ရေးသီချင်းများ၊ စစ်‌ဘေးစစ်ဒဏ်ခံရသူများအတွက် ခံစားချက် သီချင်းများ၊၊ ညီ ညွှတ်‌ရေးသီချင်းများ သီဆို‌ဖျော်‌ဖြေခဲ့ကြသလို နယ်စပ်မှ ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များအတွက် ရန်ပုံ‌ငွေရှာသည့် ‌ဈေး ‌ရောင်းပွဲ‌တော်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ဩစ‌တြေးလျားနိုင်ငံ၊ ‌ကေအဲန်ယူ ကိုယ်စားလှယ် မန်းချစ်စိန်ကလည်း “ကရင်‌တွေဟာ နိုင်ငံ‌ရေးကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းဖို့ ကြိုးစားခဲ့တာပါပဲ။ ဖဆပလ အစိုးရက ‌ရွေးချယ်ခွင့်မ‌ပေးတဲ့ အ‌နေအထား၊ အ‌ခြေအ‌နေကို ကရင်‌တွေဟာ ရင်ဆိုင်ခဲ့ရတယ်။ ကရင်‌တွေဟာ ပြည်တွင်းစစ် တရားခံမဟုတ်ဘူး။ တတိယနိုင်ငံ‌ရောက်လာတဲ့ ကရင်ပြည်သူ‌တွေကလည်း ဆက်လက် ဝိုင်းဝန်း အားဖြည့်‌ပေးကြပါ။”ဟု တိုက်တွန်း‌ပြောဆိုခဲ့သည်။

အခမ်းအနား တက်‌ရောက်ခဲ့သူ ‌စော‌အောင်‌အောင်က “ကရင်‌တွေပြည်ပကို ပြန့်သွားကြ‌ပေမယ့် အခုလို ကရင့်‌နေ့ထူး‌နေ့မြတ် ‌တွေကို အရှိန်အဟုန်မပျက် ကျင်းပ‌ပေးခြင်းအားဖြင့် ကျ‌နော်တို့ကို ‌တော်လှန်‌ရေးသတိတရား‌တွေ ပြန်အမှတ်ရ‌နေ‌စေပြီး ‌နောင် လာမဲ့ မျိုးဆက်‌လေး‌တွေအတွက်လည်း ‌တော်လှန်ပန်း‌တွေ ပျိုးချလိုက်သလိုဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ၂၀၀၅ခုနှစ်ကတည်းက ဆစ်ဒနီမြို့‌ရောက် ကရင်များ၏ ‌ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် အ‌ပေါ် မူတည်၍ ကရင့်‌နေ့ထူး‌နေ့မြတ် (၃)ခု စု‌ပေါင်းအခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၆)ကြိမ်‌မြောက်ရှိပြီး ဖြစ်သည်။

၂၀၀၅ခုနှစ်က ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ ပြည်ပ‌ရောက် ကရင်လူ မျိုးများအ‌နေဖြင့် ဇန်နဝါရီလ ၃၁ရက်(ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့)၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်(‌ကေအဲန်ယူ‌နေ့)နှင့် ‌ဖေ‌ဖော်ဝါ ရီလ ၁၁ရက်(ကရင့်အမျိုးသား‌နေ့)များကို စု‌ပေါင်းကျင်းပလာရခြင်းဖြစ်သည်ဟု သိရသည်။