ဇန်နဝါရီလ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၁)၊ (၂၀၂)နှင့် (၂၀၄)မှ အကျဉ်းသားပေါ်တာ ၇ဦး ၁၉ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၇)သို့ ထပ်မံ ထွက်ပြေးရောက်ရှိလာခဲ့သည်။
ဇန်နဝါရီလ ၁၆ရက်နေ့မှ စတင် ထွက်ပြေးလာကြသည့် ၎င်းအကျဉ်းသားပေါ်တာများမှာ ပဲခူးတိုင်း သာယာဝတီထောင်မှ အနိုင် ၂၃နှစ်၊ စိန်ကျော်ထွေး ၂၄နှစ်၊ အေးဟန် ၂၇နှစ်၊ ကိုထွဋ် ၂၉နှစ်၊ သန့်နောင်ဌေးဦး ၃၂နှစ်၊ ကရင်ပြည်နယ် ဖားအံ ထောင်မှ ဇော်မင်းထွေး ၄ဝနှစ်နှင့် ရန်ကုန်တိုင်း အင်းစိန်ထောင်မှ သိန်းထွေး ၃ဝနှစ်တို့ ဖြစ်သည်။
ယခု ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသားပေါ်တာ ၇ဦးသည် ဓါးကိုင်ဆောင်မှု၊ နှစ်လုံးထီရောင်းမှုနှင့် မူးယစ်ဆေး သုံးစွဲမှုများ ဖြစ်ကြောင်း သိရသည်။


















