Home ထိပ်တန်းသတင်း ၆၂နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် စစ်အစိုးရက ပထမဆုံးအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး ‌ခေါ်ယူမည်

၆၂နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့တွင် စစ်အစိုးရက ပထမဆုံးအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး ‌ခေါ်ယူမည်

2421
ဒီဇင်ဘာလ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာစစ်အစိုးရက ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ပထမဆုံးအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး ‌ခေါ်ယူခြင်းသည် ကရင့်‌တော် လှန်‌ရေး‌နေ့နှင့် တိုက်ဆိုင်‌နေသည့်အတွက် ၎င်းမှာ နိုင်ငံ‌ရေးအရ ဓာတ်ရိုက်ဓာတ်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ကရင်အမျိုး သားအစည်းအရုံး(KNU)မှ အရံဗဟို‌ကော်မတီဝင်တစ်ဦးက ‌ပြောသည်။

KNU စည်းရုံး‌ရေးဌာန ဒုတာဝန်ခံ ‌စောသမိန်ထွန်းက “ဒါဟာ ကရင်‌တွေကို နာမ်နိမ်တဲ့သ‌ဘော ဖြစ်ရင်လည်း ဖြစ်မှာ‌ပေါ့။ ‌နောက် ဒါဟာ ဓာတ်ရိုက်ဓာတ်ဆင်(ယတြာ‌ချေ)တယ်ဆိုတာ ‌သေချာတယ်။ ကရင့်‌တော်လှန်‌ရေး‌နေ့မှာမှ လွှတ်‌တော်‌ခေါ် လိုက်တယ်ဆို‌တော့ ကရင့်ရဲ့ လွတ်လပ်‌ရေး ‌တောင်းဆိုမှုကို သူတို့(နအဖ)က အရယူလိုက်တဲ့သ‌ဘော‌ပေါ့။ ကရင်ပြည်နယ် ‌နေ့တုန်းကလည်း ဒီအတိုင်းပဲ‌လေ။ ‌ရွေး‌ကောက်ပွဲ လုပ်လိုက်တယ်။ အခုလည်း လာပြန်ပြီ။ ဒါ ရိုးရိုးမဟုတ်ဘူး။ ဒါက နိုင်ငံ ‌ရေးသ‌ဘောအရ၊ လုပ်ငန်းသ‌ဘောအရ ဓာတ်ရိုက်ဓာတ်ဆင်တယ်ဆိုတာ ထင်ရှားတယ်။”ဟု ‌ပြောသည်။

‌ရွေး‌ကောက်ပွဲကျင်းပပြီး‌နောက် ၃လနီးပါးအကြာ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့ နံနက် ၈နာရီ ၅၅မိနစ်တွင် ပထမအ ကြိမ် ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော် အစည်းအ‌ဝေး ‌ခေါ်ယူ မည်ဟု နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၏ အမည်ဖြင့် ယမန်‌နေ့က မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြန်‌ကြေညာခဲ့ သည်။

လက်ရှိ စစ်အစိုးရသည် လွှတ်‌တော်သုံးရပ် အစည်းအ‌ဝေးကို တပြိုင်နက်တည်း ‌ခေါ်ယူသလို ၎င်းလွှတ်‌တော် ၃ရပ်စလုံးနှင့် ဆိုင်သည့် ဥပ‌ဒေ၊ နည်းဥပ‌ဒေ (၁၇)မျိုးကိုလည်း ထုတ်‌ဝေဖြန့်ချိလိုက်‌ကြောင်း ထုတ်ပြန်‌ကြေညာလိုက်သည်။

ယခုလို လွှတ်‌တော်အစည်းအ‌ဝေး ‌ခေါ်ယူမည့်‌နေ့သည့် ကရင်အမျိုးသားတို့၏ ၆၂နှစ်‌မြောက် ‌တော်လှန်‌ရေး‌နေ့ဖြစ်သလို ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၇ရက် ‌ရွေး‌ကောက်ပွဲမှာလည်း ကရင်ပြည်နယ်‌နေ့ ဖြစ်‌နေရာ မြန်မာနိုင်ငံ၏ သမိုင်းတစ် ‌လျှောက်တွင် အာဏာရှင်များ အဆက်ဆက်က ၎င်းတို့ လုပ်ငန်းစဉ် ဖြစ်‌မြောက်‌အောင်မြင်ဖို့အတွက် ဓါတ်ဆင်နည်းများကို သုံး‌လေ့ရှိသည်ဟု ‌စောသမိန်ထွန်းက ‌ပြောသည်။

သူက “မြန်မာပြည်သမိုင်းမှာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ရက်‌နေ့ လွတ်လပ်‌ရေးရယူတဲ့‌နေ့ကလည်း ဒီအတိုင်းပဲ သွားတာပဲ။ မနက် ၄နာရီ၊ မိနစ် ၂ဝနဲ့သွားတာ။ ဦးနု‌ခေတ်၊ ဗိုလ်‌နေဝင်း ‌ခေတ်တုန်းကလည်း ဒီဓာတ်ဆင်တဲ့နည်းနဲ့ လုပ်တာပဲ။ ဒီလို ‌လျှောက်လုပ်‌တော့ မြန်မာပြည်ကြီးဟာ ခုထိ မလွတ်လပ်နိုင်‌တော့ဘူး။ ဒါ‌ပေမဲ့ ‌ကေအဲန်ယူဟာ မဖြုတ်ပါဘူး။ သူတို့ပဲ ဖြုတ် သွားတာ ရှိတယ်။ အခု သူတို့ ဘယ်လိုပဲလုပ်လုပ် ကျ‌နော်တို့ ‌ကေအဲန်ယူကို ထိခိုက်စရာ အ‌ကြောင်းမရှိဘူး။”ဟု ‌ပြော သည်။
၂၀၁ဝခုနှစ် နိုဝင်ဘာလ ၇ရက်‌နေ့ ‌ရွေး‌ကောက်ပွဲတွင်း လက်ရှိ စစ်အစိုးရ တာဝန်ယူထားကြသူများနှင့် အစိုးရ ‌ကျော ‌ထောက်‌နောက်ခံ ‌ပေးထားကြသူများ ပါဝင်သည့် ကြံ့ဖွံ့ပါတီက အမတ်‌နေရာ အများစု အနိုင်ရရှိထားခြင်း‌ကြောင့် ‌ရွေး ‌ကောက်ပွဲမှ ဖြစ်‌ပေါ်လာမည့် အာဏာဖွဲ့စည်းပုံက ထူးထူးခြားခြား အ‌ပြောင်းအလဲရှိနိုင်မည်မဟုတ်‌ကြောင်း မြန်မာ့အ‌ရေး ‌လေ့လာသုံးသပ်သူများအကြား ‌ဝေဖန်‌ပြောဆိုမှုများရှိသည်။