Home ထိပ်တန်းသတင်း ၂၇၅ဝခုနှစ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော် ဩစ‌တြေးလျား၌ ကျင်းပပြီးစီး

၂၇၅ဝခုနှစ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော် ဩစ‌တြေးလျား၌ ကျင်းပပြီးစီး

1833
ဇန်နဝါရီလ ၉ရက်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူမျိုးများသည် ၂၇၅ဝခုနှစ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ဩစ‌တြေးလျားနိုင်ငံ နယူး ‌ဆော့သ်‌ဝေးပြည်နယ် ဆစ်ဒနီမြို့ Granville Town Hall တွင် ယမန်‌နေ့ ‌နေ့လည်(၁၂)နာရီမှ ည‌နေ(၅)နာရီအထိ ကျင်းပပြီးစီးခဲ့ သည်။

ဆစ်ဒနီကရင်ကွန်မြူနတီမှ ကြီးမှူးကျင်းပ‌သော ထိုကရင်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားတွင် အနယ်နယ်အရပ်ရပ်မှ ကရင်လူမျိုး များ၊ နိုင်ငံခြားသားများ၊ ဘားမားကဲန်ပိန်းမှ ကိုယ်စားလှယ်များ၊ မြို့ခံဩစ‌တြေးလီယန်များ၊ ဩစ‌တြေးလျား လွှတ်‌တော်အမတ် များ၊ ‌ကျောင်းဆရာဆရာမများ၊ ဖိတ်ကြားထား‌သော ဧည့်သည်‌တော်များ စုစု‌ပေါင်း လူဦး‌ရေ(၄၀၀)‌ကျော် တက်‌ရောက်ခဲ့ကြသည် ဟု သိရသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပရခြင်းသည် ကရင်ပြည်သူများ စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာကြ‌စေရန် မိမိတို့၏ ယဉ်‌ကျေးမှု အစဉ်အလာ‌တွေကို ထိန်းသိမ်းမြှင့်တင်‌ရေး၊ လူကြီးမှတဆင့် လူငယ်မျိုးဆက်သစ်များသို့ သမိုင်း၊ ရိုးရာအ‌မွေများ သိနားလည်‌စေ ရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်‌ကြောင်း နှစ်သစ်ကူးဖြစ်‌မြောက်‌ရေး‌ကော်မတီ Coordinator ‌စောအယ်စိုးကျက်ဦးက ‌ပြောသည်။

အခမ်းအနားတွင် မိန့်ခွန်း‌ပြောကြားသည့် နယူး‌ဆော့သ်‌ဝေးပြည်နယ်၊ ‌ကော့ဆားဗား‌ဒေသမှ ပိုးကရင်အမျိုးသား ‌မောင်နဲ‌တော်ဘုံ (‌စောလှိုင်)က “ကရင်ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ်များဟာ ဘိုးဘွားအ‌မွေအနှစ်အစစ်ဖြစ်လို့ တန်ဖိုးထား ထိန်းသိမ်းရမယ်။ ကရင့် အလံ‌တော်၊ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးစံ၊ တူရိယာအသုံးအ‌ဆောင်များ၊ စာ‌ပေ၊ စကား၊ သမိုင်း စတာ‌တွေကို မ‌မေ့‌ပျောက်ရ‌အောင် ရှင်းရှင်းလင်းလင်းသိ‌အောင် ကြိုးစားလုပ်ကိုင်ရမယ်။”ဟု တိုက်တွန်း ‌ပြောကြားခဲ့သည်။

ကရင်နှစ်သစ်ကူးပွဲ‌တော် နာယက ‌စော‌ရော်စတန်ဖိုးကလည်း ကရင်အမျိုးသားများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်‌နေကြဖို့နှင့် လူ့ယဉ်‌ကျေးမှု၊ လူ့အခွင့်အ‌ရေး ချိုးနှိမ်ခံထားရသည့် ကရင်ပြည်သူလူထုကို ပြန်လည်ငဲ့ကွက်ပြီး ‌ထောက်ပံ့‌ပေးကမ်းခြင်းဖြင့် မျိုး နွယ်စုကို ‌စောင့်‌ရှောက်ကြရန် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ‌ပြောကြားသွားသည်။

အခမ်းအနားတွင် ယဉ်‌ကျေးမှု အစီအစဉ်အရ ကရင့်ရိုးရာ ဒုံးအကများ၊ ဝါးညှပ်အက၊ ဆု‌တောင်းသီချင်းများ၊ ကရင်နီတို့၏ “ဒီးကူ” အကများ၊ ‌ခေတ်လူငယ်များ၏ ‌မော်ဒန်ရှိုးများ၊ ကရင်တူရိယာ တန်ဆာပလာ‌ဖေါ်ထုတ် တင်ဆက်ဖြင်း အခမ်းအနားအပြင် ကရင့် ရိုးရာသက်ကြီး ပူ‌ဇော်ပွဲများလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းအပြင် နှစ်သစ်ကူးပွဲတွင် ‌ခေတ်‌ပေါ် ပိုးကရင်၊ စ‌ကောကရင်သီချင်းများကို ကရင်လူငယ်များက မြူးမြူးကြွကြွ တင်ဆက်‌ဖျော်‌ဖြေခဲ့ကြသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ တက်‌ရောက်ခဲ့သူ ‌စောချစ်သိန်းက “တတိယနိုင်ငံကို‌ရောက်လာတဲ့ ကရင်ပြည်သူ‌တွေဟာ မိမိတို့ရဲ့ ဗာဟီရ ရှုတ်‌ထွေးတဲ့ကိစ္စ‌တွေ မအားလပ်တဲ့ကြားက အခုလို ဥမကွဲသိုက်မပျက် တ‌ပေါင်းတစည်းထဲ ကရင်နှစ်သစ်ကူးကို တက်ညီ လက်ညီ ကျင်းပနိုင်ခဲ့တာ အင်မတန်မှ အားရလှပါတယ်။ ကျ‌နော်တို့ ရပ်ရွာ‌ဒေသမှာတုန်းက လုပ်ရိုးလုပ်စဉ်မို့ ဘာမှမသိသာလှ‌ပေ မယ့် သူများယဉ်‌ကျေးမှုကြားထဲ‌ရောက်လာ‌တော့ ကိုယ့်ယဉ်‌ကျေးမှုကို တန်ဖိုးထားတတ်လာတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ‌ကော့ဆားဘား‌ဒေသမှ ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ တကူးတကလာ‌သော ကရင်နီလူမျိုး ကိုစိုးရယ်ကလည်း “ကရင်နီ ကလည်း ကရင်မျိုးနွယ်ဖြစ်တယ်။ ကရင်နှစ်သစ်ကူးကလည်း ကရင်နီနှစ်သစ်ကူးပါဘဲ။ ဘယ်လိုဘဲအ‌ခေါ်အ‌ဝေါ်‌တွေ ‌ပြောင်းလဲ ‌နေပါ‌စေ။ အခုလို ကရင်နှစ်သစ်ကူးပွဲ‌တော်မှာ ကရင်မျိုးနွယ်စု‌တွေ ပြန်ဆုံရတာ အင်မတန် ဝမ်းသာမိပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌ရေး‌ကော်မတီ(ဆစ်ဒနီ)သည် မိမိကရင်လူမျိုးတို့၏ နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပလာခဲ့သည် မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ အလားတူ ဇန်နဝါရီလ ၈ရက်‌နေ့ တရက်တည်းတွင် မဲလ်ဘုမ်း၊ ဘရစ်ဇဘင်းမြို့ တို့တွင်လည်း ကရင်နှစ်သစ်ကူးပွဲ‌တော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။